အဆုတ်ပွရောဂါ

အဆုတ်ပွရောဂါဆိုတာ အဆုတ်ပိုးဝင်တာဖြစ်ပြီး လေအိတ်လေးတွေကို ရောင်ရမ်းစေပါတယ်။ အသက်ရှူရခက်တာ၊ ချောင်းဆိုးတာ၊ ချမ်းတုန်ဖျားတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ဘယ်လိုကုသမလဲ။ နောက်ဆက်တွဲတွေကနေ ဘယ်လိုကာကွယ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အဆုတ်ပွရောဂါ

ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ခြင်းဟာ ရောဂါပိုးဝင်ခြင်းကြောင့် အဆုတ်ထဲက လေအိတ်ကလေးတွေ ရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။ လေအိတ်ထဲမှာ အရည်များ၊ ပြည်များ၊ ဆဲလ်အသေများနဲ့ ပြည့်လာတတ်ပါတယ်။ ဗိုင်းရပ်စ်၊ မှို၊ ဘက်တီးရီးယား စတဲ့ရောဂါပိုးမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်ခြင်း အကြောင်းဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်ခြင်းဟာ အဆုတ်ရဲ့အပိုင်းတစ်ပိုင်းလောက်မှာ ကွက်ပြီးဖြစ်တာ ရှိနိုင်သလို အဆုတ်တစ်ခုလုံးကို ပျံ့သွားခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဆုတ်ရောင်တဲ့အခါ ကိုယ်ခန္ဓာကနေ အောက်ဆီဂျင်ကို လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားစေပါတယ်။ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်ခြင်းဟာ သိပ်မဆိုးရွားတဲ့ အခြေအနေရှိသလို အသက်အန္တရာယ် ကြုံလောက်သည်အထိ ဆိုးရွားပြင်းထန်တာမျိုးလည်း ရှိပါတယ်။ အဆုတ်ရောင်ခြင်းရဲ့ ဆိုးရွားမှုအခြေအနေဟာ - ဘက်တီးရီးယားအင်အား - ဘယ်လောက်မြန်မြန်ဆန်ဆန်နဲ့ ရောဂါသိပြီး ကုသနိုင်သလဲ - အသက်အရွယ် - အခြားကျန်းမာရေးပြဿနာ ရှိမရှိ စတာတွေအပေါ်မှာ မူတည်ပါတယ်။ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်တဲ့လက္ခဏာတွေက ဘာတွေလဲ ဘက်တီးရီးယားကြောင့် […]

အဆုတ်ပွရောဂါ ကို ရှာဖွေမည်။

အဆုတ်ပွရောဂါ

အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့

အဆုတ်ရောင်ရောဂါက အခန့်မသင့်ရင် အသက်သေဆုံးသည် အထိဖြစ်နိုင်တဲ့ ပြင်းထန်တဲ့ရောဂါတစ်ရပ်ပါ။ အချိန်မီကုသမှုခံယူဖို့ လိုသလို အာဟာရ သင့်တင့်မျှတအောင် စားသုံးဖို့ကလည်း မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေလား....... အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့ အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့ နဲ့ ရောဂါထပ်တိုးမလာစေဖို့ဆိုရင် ဒီအစားအစာလေးတွေကို စားသုံးပေးသင့်ပါတယ်။ ရေ သင့်အနေနဲ့ အဆုတ်ရောင် ရောဂါ ခံစားနေရမယ်ဆိုရင် ရေများများသောက်တာက ရောဂါကို သက်သာစေဖို့ အကောင်ဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ အကြောင်းကတော့ အရည်များများသောက်တာက အဆုတ်ထဲကချွဲတွေကို ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်တာကြောင့်ပါ။ ရေက ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အသက်ရှုလမ်းကြောင်းမှာ ကပ်နေတဲ့ အမှုန်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဆန်၊ဂျုံ ဆန် နဲ့ ဂျုံတို့မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ကို အားပြည့်စေနိုင်ပြီး ခန္ဓာကိုယ်အပူချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ […]


အဆုတ်ပွရောဂါ

အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ….

ချောင်းဆိုးလွန်းလို့ အိပ်မရဘူး။ ချွဲတွေကျပ်လွန်းလို့ အသက်ရှူရခက်လိုက်တာဆိုပြီးတော့များဖြစ်နေပြီလား။ ဒါဆိုရင်တော့ အဆုတ်ထဲက ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေအတူတူကြည့်လိုက်ကြရအောင်။ အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ…. ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ…. အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ…. ဆိုတော့ အဆုတ်ထဲက ချွဲတွေကို ဒီလိုဖယ်ရှားပါ အဆုတ်ထဲမှာ ချွဲတွေများနေတာက အသက်ရှူရခက်စေနိုင်သလို အခြားကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီတော့ စားကောင်းခြင်းမစားရ အိပ်ကောင်းခြင်းမအိပ်ရအောင် ဒုက္ခပေးနေတဲ့ ချွဲသလိပ်တွေကို အဆုတ်ထဲကဖယ်ရှားဖို့ဆိုရင် ရေနွေးငွေ့ခံပါ ရေနွေးငွေ့ခံတာ၊ ရေနွေးငွေ့ရှူသွင်းတာတွေက အသက်ရှူလမ်းကြောင်းတလျှောက်နဲ့ အဆုတ်ထဲက ချွဲသလိပ်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ အေးမြခြောက်သွေ့တဲ့ လေထုက အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး သွေးစီးဆင်းရောက်ရှိမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေနွေးငွေ့ခံပေးတာက အဆုတ် ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။ ရေနွေးနဲ့ရေချိုးပေးလို့လည်းရပါတယ်။ ချောင်းဆိုးတဲ့အခါ ချွဲထွက်အောင်လုပ်ပါ ချောင်းဆိုးတယ်ဆိုတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ချောင်းဆိုးတဲ့အခါ ချွဲထွက်လာအောင်လုပ်တာက […]


အဆုတ်ပွရောဂါ

Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ကဘာလဲ။ ဓါတုသင့်အဆုတ်ရောင်ရောဂါဆိုတာထူးခြားတဲ့အဆုတ်ရောင်ရမ်းမှုအမျိုးအစားတခုဖြစ်ပါတယ် Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများChemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဓါတုသင့်အဆေုတ်ရောင်ရောဂါရဲ့ရောဂါလက္ခဏာတွေကတော့အမျိုးမျိုးပြောင်းလဲနိုငိပြီးအချက်အလက်များစွာကရောဂါပြင်းထန်မှုကိုအဆုံးအဖြတ်ပေးနိုင်ပါတယ် ဥပမာအားဖြင့်အများသုံးရေကူးကန်အကြီးစားတခုထဲမှာကလိုရင်းဓါတ်ကိုထိတွေ့မိတဲ့သူတယောက်ဟာချောင်းဆိုးခြင်းနဲ့မျက်စိစပ်ခြင်းတွေကိုပဲခံစားရမှာဖြစ်ပါတယ် အခန်းငယ်လေးတခုအတွင်းမှာကလိုရင်းဓါတ်အများအပြားနဲ့ထိတွေ့မိသူကတော့အဆုတ်ပျက်စီးပြီးသေဆုံးနိုင်ပါတယ် ရောဂါလက္ခဏာတွေရဲ့ပြင်းထန်မှုကိုဆုံးဖြတ်ပေးနိုင်တဲ့အချက်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ် -ဓါတုပစ္စည်းအမျိုးအစားနှင့်ပြင်းအား -ပတ်ဝန်းကျင်နှင့်ထိတွေ့မှု-အိမ်တွင်းအိမ်ပြင်အပူအအေး -ထိတွေ့သည့်အချိန်အတိုင်းအတာ-စက္ကန့်.၊မိနစ်၊နာရီ -ဓါတုပစ္စည်းပုံစံ-ဓါတ်ငွေ့၊ရေနွေးငွေ့၊အရည်၊အခဲ၊ ဓါတုပစ္စည်းထိတွေ့မှုကိုရှောင်ရှားနိုင်ရန်အသုံးပြုသည့်အကာအကွယ်နည်းလမ်းများ -လူနာရဲ့လက်ရှိကျန်းမာရေးအခြေအနေ -လူနာ၏အသက်   ဓါတုသင့်အဆုတ်ရောင်မှာအောက်ပါရောဂါလက္ခဏာများရှိုနိုင်ပါတယ် နှာခေါင်းမျက်လုံးနှုတ်ခမ်းပါးစပ်နှင့်လည်ချောင်းများပူစပ်ခြင်း ချောင်းခြောက်ဆိုးခြင်း အကြည်ရောင်အဝါရောင်သို့မဟုတ်အစိမ်းရောင်သလိပ်များထွက်သောချောင်း သားရည်ထဲတွင်သွေးသို့မဟုတ်ပန်းရောင်သန်းသောအရာများထွက်သည့်ချောင်း ပျို့အန်ချင်စိတ်ဖြစ်ခြင်းသို့မဟုတ်ဗိုက်အောင့်ခြင်း ရင်ဘတ်အောင့်ခြင်း အသက်ရှူရခက်ခြင်း အသက်ရှူရာတွင်အောင့်ခြင်းသို့မဟုတ်အဆုတ်အမြှေးပါးရောင်ရမ်းခြင်း ခေါင်းကိုက်ခြင်း တုပ်ကွေးလက္ခဏာများ အားနည်းခြင်းသို့မဟုတ်ကိုယ်လက်မအိမသာဖြစ်ခြင်း သတိမကောင်းခြင်းကယောင်ချောက်ခြားဖြစ်ခြင်း နှုတ်ခမ်းနှုင့်အသားအရေဖြူဖျော့ခြင်းသို့မဟုတ်ပြာလာခြင်း ချွေးအလွန်အကျွံထွက်ခြင်း အတွေးအခေါ်နှင့်ကျိုးကြောင်းဆင်ခြင်နိုင်မှုပြောင်းလဲသွားခြင်း သတိလစ်ခြင်း မျက်လုံးနှင့်လျှာဖောင်းလာခြင်း အသံဝင်သွာ့းခြင်း ကိုယ်ပေါ်ရှိအခြားနေရာများတွင်ဓါတုပစ္ခည်းအနံ့ရခြင်း ချောင်းဆိုးရာမှတတွေးအမြုပ်ထခြင်း အဖျားရှိခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့် ဆီမှာအထက်ဖော်ပြပါ ရောဂါက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများChemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ အဆုတ်ရောင်ရောဂါဟာများသောအားဖြင့်ဘက်တီးရီးယားပိုးနဲ့ဗိုင်းရပ်ပိုးကြောင့်ဖြစ်လေ့ရှိပါတယ်ဓါတုအဆုတ်ရောင်ရောဂါမှာအဆုတ်တစ်ရှူးတွေကအဆိပ်နဲံ့အဆိပ်သင့်နိုင်တဲ့သင့်နိုင်တဲ့ပစ္စည်းတွေကြောင့်ရောင်ရမ်းမှုဖြစ်ပေါ်ခြင်းပါ အရည်ဓါတ်ငွေ့နဲ့ဖုံနဲ့အခိုးအငွေ့လို့ခေါ်တဲ့အသေးအမွှားပစ္စည်းလေးတွေအပါအဝင်ပစ္စည်းအများအပြားကဓါတုအဆုတ်ရောင်ရောဂါကိုဖြစ်ပေါ်စေပါတယ်အချို့ဓါတုပစ္စည်းတွေကအဆုတ်တခုတည်းကိုထိခိုက်စေပေမဲ့အချို့ကတော့အဆုတ်အပြင်အခြားအင်္ဂါများကိုပါထိခိုက်စေပြီးပြင်းထန်တဲ့အင်္ဂါပျက်စ်ီးမှုသို့မဟုတ်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ် ရှူသွင်းခြင်းအဆုတ်ရောင်ရောဂါဆိုတာဓါတုအဆုတ်ရောင်ရောဂါရဲ့နောက်ထပ်ပုံစံတမျိုးဖြစ်ပါတယ်ခံတွင်းကထွက်လာတဲ့အရည်တွေနဲ့အစာအိမ်အတွင်းကအစာတွေကိုအဆုတ်ထဲကိုရှူသွင်းမိခြင်းဖြစ်ပါတယ် အစာအိမ်အက်ဆစ်နဲ့အန်ဇိုင်းတွေရဲ့အဆိပ်ဓါတ်တွေကအဆုတ်တစ်ရှူတွေကိုရောင်ရမ်းစေတာပါအစာအိမ်နဲ့ပါးစပ်အတွင်းကဘက်တီးရီးယားတွေကလဲဘက်တီးရီးယားအဆုတ်ရောင်ရောဂါကိုဖြစ်စေနိင်ပါတယ် ဖြစ်နိုင်ခြေများငါ့ဆီမှာ Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ရောဂါအဖြေရှာခြင်းနှင့် ကုသမှုယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ. Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ ရောဂါအဖြေရှာခြင်းနဲ့ကုသမှုတွေကရောဂါလက္ခဏာတွေပေါ်မူတည်ပါတယ်ရောဂါလက္ခဏာတွေကများသောအားဖြင့်မပြင်းထန်ပဲဓါတုပစ္စည်းကိုကောင်းစွာသိရှိရင်ဆေးကုသမှုအပိုင်းကမြန်ဆန်ပြီးထိရောက်မှုရှီပါတယ် တခါတရံမှာတော့အသက်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေဖြစ်တဲ့အသက်၇ှူကိရိယာအဆင့်မြင့်အရေးပေါ်နှလုံးအသက်ကယ်ဆယ်မှုသို့မဟုတ်အဆင့်မြင့်တဲ့ဆေးကုသမှုတွေလိုအပ်တဲ့ပြင်းထန်တဲ့ရာဂါလက္ခဏာတွေလဲဖြစ်တတ်ပါတယ်အများအားဖြင့်ဆရာဝန်ကဒေသတွင်းအဆိပ်ကျွမ်းကျင်သူပညာရှင်ဆီကအကြံဉာဏ်ယူရတတ်ပါတယ် ဆေးရုံဝန်ထမ်းတွေကိုယ်တိုင်အဆိပ်နဲ့ထိတွေ့မှုမရှိစေရန်ဆရာဝန်ကသေချာအောင်လုပ်ဆောင်၇ပါတယ် နောက်ထပ်အရေးကြီးတာတခုကဓါတုပစ္စည်းကိုသိရှိနိုင်ရန်နဲ့အဆိုပါပစ္စည်းရဲ့အဆုတ်နဲ့အခြားနေရာတွေကိုသက်ရောက်နိင်မှုကိုစဉ်းစားရပါတယ် အဆိပ်သင့်မှုအချိန်ကာလ၊ထိတွေ့မှုရှီတဲ့နေရာနဲ့ဓါတုပစ္စည်းပမာဏ၊အခြားရောဂါများနဲ့လက္ခဏာများပါသိအောင်စေ့စပ်သေချာအောင်မေးမြန်း၇ပါတယ်အရေးကြီးတဲ့လက္ခဏာတွေဖြစ်တဲ့နှလုံးခုန်နှုန်းသွေးပေါင်ချိန်အသက်ရှူနှုန်းကိုယ်အပူချိန်နဲ့သွေးထဲမှာရှိတဲ့အောက်ဆီဂျင်ပမာဏကိုသေချာစွာစစ်ဆေးရတဲ့အပြင်မျက်လုံးနှာခေါင်းလည်ချောင်းအရေပြားနှလုံးအဆုတ်နဲ့ဝမ်းဗိုက်ကိုပါသေချာအောင်စစ်ဆေး၇ပါတယ်ကိုသေချာစွာစစ်ဆေးရတဲ့အပြင်မျက်လုံးနှာခေါင်းလည်ချောင်းအရေပြားနှလုံးအဆုတ်နဲ့ဝမ်းဗိုက်ကိုပါသေချာအောင်စစ်ဆေး၇ပါတယ် ဒီအချက်တွေကိုလုပ်ဆောင်ပြီးတာနဲ့နောက်ထပ်အတည်ပြုစစ်ဆေးမှုတွေကဒဏ်ရာ၇သူရဲ့အခြေအနေထိတွေ့မှုရှိတဲ့ဓါတုပစ္စည်းအမျိုးအစားနဲ့အခြားအချက်တွေပေါ်မူတည်ပြှီးပြောင်းလဲနိုင်ပါတယ် Chemical […]


အဆုတ်ပွရောဂါ

Pneumocystis Pneumonia (နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pneumocystis Pneumonia (နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ) ကဘာလဲ။ အဆုတ်ရောင်ရမ်းခြင်းနဲ့ အရည်ပုံြခ်ငးကိုဖြစ်စေတဲ့ ပြင်းထန်ကူးစက်ပိုးဝြင်ခင်းဖြစ်ပါတယ်။ မှိုပိုးနျူမိုဆစ်တစ် ဂျီရိုဗက်ဆီကြောင့် ဖြစ်ပါတယ်။ ဒီမှိုပိုးက ခုခံအားကျနေသူတွေ အထူးသဖြင့်အေအိုင်ဒိအက်ရောဂါသည်တွေမှာ ပြင်းထန်ကူးစက်ပိုးဝင်ခြင်းကြုိဖစ်စေတဲ့ အဖြစ်အများဆုံးအုပ်စုတစ်ခုဝင်ဖြစ်ပါတယ်။ အေအိုင်ဒိအက်လူနာတွေမှာ ယနေ့ခေတ်မှာ ရှေးနှစ်များထက်ကူးစက်နိုင်ချေနည်းပေမယ့် အရေးပါတဲ့လူထုကျန်းမာရေးပြဿနာတစ်ုခုဖြစ်ပါတယ်။ ဒိမှိုပိုးက အလွန်အဖြစ်များပါတယ်။ လူအများစုမှာ ၃နှစ်သား၄နှစ်သားရောက်တဲ့အချိန်မှာ အောင်မြင်စွာပြန်တိုက်နုငိပါတယ်။ အဖြစ်နည်းပေမယ့်လည်း ဒိမှိုပိုးက ပြန်ရည်ကျိတ်များ၊ အသည်း၊ နဲ့ရိုးတွင်းချဉ်ဆီတွေအပါအဝင် အခြားသောခန္ဓါကိုယ်အစိတ်အပိုင်းတွေကို သက်ရောက်နုငိပါတယ်။ Pneumocystis Pneumonia (နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်တော်တော်လေးနည်းပါတယ်။ အေအိုင်ဒီအက်လိုမျိုါ် ခုခံအားကျဆင်းနေသူတွေမှာသာ ဖြစ်နိုင်ချေများပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPneumocystis Pneumonia (နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဖျားခြင်း ချောင်းခြောက်ဆိုးခြင်း အသက်ရှူမဝခြင်း မောပန်းနွမ်းနယ်ခြင်း ခုခံအားကျနေသူတွေမှာ ဒီမှိုပိုးကပြင်းထန်နိုင်ပါတယ်။ လက္ခဏာတွေပြနေပြီဆိုရင် ဆရာဝန်နဲ့ပြသဖို့အရေးကြီးပါတယ်။ အိတ်ခ်ျအိုင်ဗွီပုးကူးစက်ခံနေရသူတွေမှာ လက္ခဏာမသိမသာပြတတ်ပြီး […]


အဆုတ်ပွရောဂါ

Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ကဘာလဲ။ အဆုတ်ရောင်ခြင်းဆိုတာ အဆုတ်မှာ ပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ ပုံစံကွဲအဆုတ်ရောင်ခြင်းဟာ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်း မဟုတ်ပါဘူး။ ပုံမှန်အဆုတ်ရောင်ခြင်းဟာ ပုံစံကွဲအဆုတ်ရောင်ခြင်းထက် ပိုပြင်းထန်ပါတယ်။   ဒီအမျိုးအစားကို တခါတရံမှာ လမ်းလျှောက်အဆုတ်ရောင်ခြင်းလို့ ခေါ်ပါတယ်။ အဲဒီရောဂါဖြစ်ချိန်မှာ အနားယူဖို့ ဆေးရုံတက်ဖို့ မလိုသလောက်ဖြစ်လို့ ဖြစ်ပါတယ်။ Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အတွေ့နည်းပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAtypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ချမ်းတုန်ခြင်း ချောင်းဆိုးခြင်း (တခါတရံမှာ သွေးပါတဲ့ အချွဲတွေ ပါလာတတ်ပါတယ်) ဖျားခြင်း အသက်ရှူရခက်ခြင်း တခြားလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်း၊ အသက်ပြင်းပြင်းရှူတဲ့အခါ ချောင်းဆိုးတဲ့အခါ ပိုအောင့်လာခြင်း စိတ်ရှုပ်ထွေးခြင်း ခေါင်းကိုက်ခြင်း အစားပျက်ခြင်း၊ အားကုန်ခြင်း၊ ပင်ပန်းခြင်း ကြွက်သားများကိုက်ခဲပြီး အဆစ်များ တောင့်တင်းခြင်း ချွေးထွက်ပြီး အသားများစေးကပ်ခြင်း တွေ့ရနည်းတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဝမ်းလျှောခြင်း နားကိုက်ခြင်း မျက်လုံးအောင့်ခြင်း၊ နာခြင်း လည်ပင်းရောင်လာခြင်း အစက်အပြောက်ထွက်ခြင်း လည်ချောင်းနြာခ်ငး Mycoplasma […]


အဆုတ်ပွရောဂါ

Fungal Pneumonia (မှိုနမိုနီးယား )

အဓိပ္ပါယ်ဖွင့်ဆိုချက်Fungal Pneumonia (မှိုနမိုနီးယား ) ကဘာလဲ။ Fungal pneumonia ဆိုတာဟာ တစ်ခု(သို့) တစ်ခုထက်ပိုတဲ့ ရောဂါဖြစ်စေနိုင်တဲ့ မှိုတွေကြောင့် ဖြစ်တဲ့ ရောဂါပိုးဝင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ Fungal pneumonia ဟာ spores လို့ခေါ်တဲ့ ပိုးမွှားရဲ့ မျိုးမှုန်တွေ၊ conidia လို့ခေါ်တဲ့ ရောဂါဖြစ်စေတဲ့ မှိုရဲ့ အစိတ်အပိုင်းတစ်မျိုးကို ရှုရှိုက်မိရင် (သို့)နဂို ရှိပြီးသား မြုံနေတဲ့ ရောဂါပိုးဝင်ခြင်းတွေ ပြန်လည်ထကြွလာ တဲ့ အခါမျိုးတွေမှာ ဖြစ်နိုင်ပါတယ်။ Fungal pneumonia ကိုရောဂါ အမည်သတ်မှတ်နိုင်ဖို့က ခက်ခဲနိုင်ပါတယ်။ ရောဂါအမည်သတ်မှတ်ရာမှာ မှန်ကန်တယ်လို့ထင်ရတဲ့ အခြေခံ အချက်အလက်တွေနဲ့ လုပ်ဆောင်ရပါတယ်။ ရောဂါ အမည်တပ်ခြင်းဟာ ရောဂါ အခြေအနေ၊ ဓါတ်မှန်၊ နဲ့ သေးငယ်တဲ့ပိုးမွှားတွေကို လေ့လာခြင်း စတဲ့ အချက်အလက်တွေ အပေါ်မူတည်နေပါတယ်။ လူနာ တစ်ဦးချင်းစီအတွက် […]


အဆုတ်ပွရောဂါ

Pneumonia ( နမိုးနီးယား )

Pneumonia ( နမိုးနီးယား )ဆိုတာ အဆုတ် ဘယ်ခြမ်း သို့ ညာခြမ်း သို့ တစ်ခုလုံးကို ပိုးဝင်တဲ့ ရောဂါဖြစ်ပါတယ်။ နမိုးနီးယားဖြစ်စေသော ရောဂါပိုးများစွာရှိပါတယ်။ ကူးစက်ခံရသော အဆုတ်မှ အရည်များစိမ့်ထွက်ပြီး ဆဲလ်သေများကို ခွာချတဲ့အခါ လေအိတ်ငယ်များကို ပိတ်စေပါတယ်။ ဒါကြောင့် အဆုတ်မှ အောက်စီဂျင်ယူပြီး သွေးဆီသွင်းပေးရန် ခက်ခဲသွားပါတယ်။ အောက်စီဂျင်မလုံလောက်လျှင် သင့်ခန္ဓာကိုယ်လည်း ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ Pneumonia (နမိုးနီးယား) ရဲ့ လက္ခဏာတွေက ဘာတွေလဲ နမိုးနီးယားရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ချောင်းအလွန်ဆိုးတာ ဖျားတာ ချမ်းတုန်တာ အသက်ရှူမဝတာ ရင်ဘတ်စူးအောင့်တာ (အသက်ပြင်းပြင်းရှူတဲ့အချိန်၊ ချောင်းဆိုးတဲ့အချိန်ဆို ပိုဆိုးတာ) ခေါင်းကိုက်တာ အစားအသောက်ပျက်တာ အလွန်အမင်းမောပန်းတာ ပျို့တာ၊ အန်တာ စတာတွေပဲ ဖြစ်ပါတယ်။ အထက်က ဖော်ပြထားသည့်အထဲမှာ မပါဝင်သေးတဲ့ အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ […]


အဆုတ်ပွရောဂါ

Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ) ကဘာလဲ။ Mycoplasma ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ သည် အဆုတ်အားရောဂါပိုးကူးစက်မှုတစ်မျိုးဖြစ်သည်။ ဤ ရောဂါသည် Mycoplasma pneumoniae ကြောင့် ဖြစ်ပွား ပါသည်။ ဤရောဂါသည် ထုံးစံမဟုတ်သော အဆုတ်ရောင် ခြင်းတစ်မျိုးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် အခြား ဗိုင်းရပ်စ် ကူးစက်မှုကြောင့်ဖြစ်သော အဆုတ် ရောင်ခြင်း၏ ရောဂါလက္ခဏာများ ရှိသောကြောင့် ဖြစ်ပါ သည်။ Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် အသက်၄၀ အောက်လူများတွင် အဖြစ် များပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါ ဖြစ်ပွားခြင်းကို လျော့ချနိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း