backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pneumocystis Pneumonia (နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pneumocystis Pneumonia (နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ) ကဘာလဲ။

အဆုတ်ရောင်ရမ်းခြင်းနဲ့ အရည်ပုံြခ်ငးကိုဖြစ်စေတဲ့ ပြင်းထန်ကူးစက်ပိုးဝြင်ခင်းဖြစ်ပါတယ်။ မှိုပိုးနျူမိုဆစ်တစ် ဂျီရိုဗက်ဆီကြောင့် ဖြစ်ပါတယ်။ ဒီမှိုပိုးက ခုခံအားကျနေသူတွေ အထူးသဖြင့်အေအိုင်ဒိအက်ရောဂါသည်တွေမှာ ပြင်းထန်ကူးစက်ပိုးဝင်ခြင်းကြုိဖစ်စေတဲ့ အဖြစ်အများဆုံးအုပ်စုတစ်ခုဝင်ဖြစ်ပါတယ်။ အေအိုင်ဒိအက်လူနာတွေမှာ ယနေ့ခေတ်မှာ ရှေးနှစ်များထက်ကူးစက်နိုင်ချေနည်းပေမယ့် အရေးပါတဲ့လူထုကျန်းမာရေးပြဿနာတစ်ုခုဖြစ်ပါတယ်။

ဒိမှိုပိုးက အလွန်အဖြစ်များပါတယ်။ လူအများစုမှာ ၃နှစ်သား၄နှစ်သားရောက်တဲ့အချိန်မှာ အောင်မြင်စွာပြန်တိုက်နုငိပါတယ်။ အဖြစ်နည်းပေမယ့်လည်း ဒိမှိုပိုးက ပြန်ရည်ကျိတ်များ၊ အသည်း၊ နဲ့ရိုးတွင်းချဉ်ဆီတွေအပါအဝင် အခြားသောခန္ဓါကိုယ်အစိတ်အပိုင်းတွေကို သက်ရောက်နုငိပါတယ်။

Pneumocystis Pneumonia (နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်တော်တော်လေးနည်းပါတယ်။ အေအိုင်ဒီအက်လိုမျိုါ် ခုခံအားကျဆင်းနေသူတွေမှာသာ ဖြစ်နိုင်ချေများပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Pneumocystis Pneumonia (နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ဖျားခြင်း

ချောင်းခြောက်ဆိုးခြင်း

အသက်ရှူမဝခြင်း

မောပန်းနွမ်းနယ်ခြင်း

ခုခံအားကျနေသူတွေမှာ ဒီမှိုပိုးကပြင်းထန်နိုင်ပါတယ်။ လက္ခဏာတွေပြနေပြီဆိုရင် ဆရာဝန်နဲ့ပြသဖို့အရေးကြီးပါတယ်။

အိတ်ခ်ျအိုင်ဗွီပုးကူးစက်ခံနေရသူတွေမှာ လက္ခဏာမသိမသာပြတတ်ပြီး တငွေ့ငွေ့ဖျားနေခြင်းဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီမကူးစက်ခံထားရသူတွေမှာ လက္ခဏာတွေကမြန်မြန်ပြပြိး အပြင်းဖျာခြင်းဖြစ်လေ့ရှိပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောသိစောစောကုသမှုပေးခြင်းက အခြေအနေကိုပိုမဆိုးအောင်နဲ့ အရေးပေါ်အခြေအနေတွေကနေ ကာကွယ်နိုင်တာောကာင့် ဆရာဝန်နဲ့မြန်မြန်တတ်န်ုငသမျှပြဖို့ အရေးကြီးပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Pneumocystis Pneumonia (နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

မှိုပိုးနျူမိုဆစ်တစ် ဂျီရိုပက်ကီကြောင့်ဖြစ်တဲ့အဆုတ်ရောင်အမျိုအးစားဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီနောက်ဆုံးအဆင့်လူနာတွေမှာ သာမန်လူတွေမှာရောဂါမဖြစ်စေတတ်တဲ့အသက်အန္တရာယ်ပေးနိုင်တဲ့ကူးစက်ောဂါပေးနိင်တဲံ

မြောက်များလှစွာသောအကောင်တွေထဲမှာ တစ်ကောင်ဖြစ်ပါတယ်။

ဒီမှိုပိုးဘယ်လိုကူးစက်ရောက်ရှိလာတယ်ဆိုာတာကို လေ့လာနေဆဲဖြစ်ပါတယ်။ လေ့လာမှုတွေက

လူအများစုနဲ့ ကလေးငယ်တွေမှာ ကူးစက်ဝင်ရောက်တဲ့အခါမှာ ခုခံအားစနစ်ကောင်းတာကြောင့် ရောဂါမဖြစ်စေနိုင်ပါဘူး။ အချို့သောကျန်းမာတဲ့အရွေယ်ရောက်ပြီးသူတွေမျာတော့ မှိုပုးကိုအဆုတ်ထဲမှာသယ်ဆောင်ထားပြီး လက္ခဏာမပြတတ်ပါဘးူ။ ခုခံအားပုံမှန်အတိုင်းမလုပ်ဆောင်ဘဲရပ်သွားတဲ့အခါမှာတော့ မှိုပုးကရောဂါလက္ခဏာတွေကို ဖြစ်စေပါတယ်။

ဖြစ်နိုင်ခြေများ

Pneumocystis Pneumonia (နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဒိမှိုပိုးက ကျန်းမာနေတဲ့လူတွေမှာ အဖြစ်ရှားပါတယ်။ ရောဂါပိုးရနေတဲ့လူအများစုက အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ၊ ကင်ဆာကုထုံး၊ နဲ့အင်္ဂါအစားထိုးခြင်းကြောင့် ခုခံပအားကျဆင်းနေသူတွေဖြစ်ပါတယ်။ ဖြစ်နိုင်ချေမြင့်မားတဲ့နောက်ထပ်အုပ်စုတွေကတော့

အိတ်ခ်ျအိုင်ဗွီလူနာ ၊ အိတ်ခ်ျအိုင်ဗွီပိုးမရှိပေမယ့် ကလေးအရွေယ်များ

အင်္ဂါအစားထိုးခြင်းကြောင့် ခုခံအားဖိနှိပ်ဆေးသုံးစွဲနေရသုူများ

တွယ်ဆက်တစ်ရှူးရောဂါသည်များ နာတာရျည်အဆုတ်ရောဂါသည်များ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pneumocystis Pneumonia (နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က သံသယရှိတဲံအခါမှာကိုယ်ခန္ဓါပိုင်းဆိုင်ရ ာစမ်းသပ်စစ်ဆေးမှုတွေနဲ့ အချို့သောစစ်ဆေမးှုတွေကို ပြုလုပ်ပါလိမ့်ယ်။ ဓါတ်ခွဲခန်းပညာရှင်တွေက အဆုတ်ကနေတစ်ရှူးသို့အရည်တွေကို အနုကြည့်မှန်ပြောင်းသုံးပြီး မှိုပုးကိုရှာပါလိမ့်မယ်။ ချောင်းဆိုးခြင်း၊သို့ ပါးစပ်ကနေတစ်ဆင့်လေပြွန်တွေဆီကို ပြောင်းသွားစေခြင်းဖြင့် တစ်ရှူးနမူနာကိုရနိုင်ပါတယ်။ ဒါမှမဟုတ် အဆုတ်ကနေဆဲလ်သေးသေးကို ဖယ်ထုတ်ဖို့အပ်သို့ဓါးကိုသုံးပြီး တစ်ရှူးစယူခြင်းမျိုးလည်းလိုပ်ုန်ငပါတယ်။

ပီစီအာပြုလုပ်ခြင်းက ဒီအန်အေအပိုင်းအစများကို ကော်ပီပွားခြင်းဖြစ်ပါတယ်။ တစ်ရှူးနမူနာထဲက မှိုပုးပမာဏနည်းနည်းကိုတွေ့န်ုငိပါတယ်။

ရင်ဘတ်အိက်စ်ရေးရိုက်ခြငး၊ အောက်ဆီဂျင်ပမာဏနည်းနေငြခင်းအတွက် သွေးစစ်ကြည့်ခြင်း။

Pneumocystis Pneumonia (နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ထရိုင်မီသိုပရင်မ်နဲ့ ဆာလဖာမီသိုဇာဇိုပိုးသတ်ဆေးအတွဲ ဘတ်ဆီထရင်၊ ကိုထရင်၊ ဆပ်ထရာကို ညွှန်းပါလိမ့်ယ်။ သင့်အခြေအနေပေါ်မူတည်ပြီး ဆေးလုံးပုံစံသို့ ဆေးရုံမှာအကြောဆေးသွင်းဖို့ လိုပါလိမ့်မယ်။

ကူးစက်ပိုးကိုတုန့်ပြန်တိုက်ခိုက်နိုင်ဖို့အတွက် အခြားသောဆေးများ

ဒတ်စုန် တခါတရံ ထရိုင်မိသိုပရင်ဆေး၊ ပိုင်ရီမီသာမင်းဆေးများနဲ့တွဲလျက်

ပန်တာမီဒင်း ရှူဆေး ဆေးရုံဆေးခန်းတွေမှာပေးနိုင်ပါတယ်။ ( ကူးစက်ပိုးကပြင်းထန်နေရင် shotလည်းပြုလုပ်ရနိုင်ပါတယ်။

အေတိုဗာကွင်းအရည်ကို အစာနဲ့တွဲသောက်ရနိုင်ပါတယ်။

ကူးစက်ပိုး မဆိုသလောက်ကနေပြင်းထန်ကူးစက်ပိုးဝင်ခြင်းနဲ့ အောက်ဆိဂျင်ပမာဏကျနေခြင်းအတွက် ကော်တီကိုစီးရိုက်က

အကူအညိပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နျူမိုဆစ်တစ် အဆုတ်ရောင်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ကံမကောင်းစွာနဲပဲ ဒိကူးစက်ပိုးအတွက် ကာကွယ်ဆေးမရှိပါဘူး။ ဖြစ်နိုင်ချေကူးစက်ခံရနိုင်ချေများနေသူတွေအတွက် ဖျားနာခြင်းကနေကာကွယ်နိုင်အောင်

TMP-SMXအတွဲကိုပေးဖိုလိုအပ်နိုင်ပါတယ်။ သင့်မှာဖြစ်နိုင်ချေများနေတယ်လို့ သင့်ဆရာဝန်ကထင်တဲ့အခါမှာ ဒီဆေးအတွဲကုပေးပါလိမ့်မယ်။

TMP-SMXကာကွယ်ဆေးက

ဆီဒီ၄ဆဲလ် ၃၅၀အောက် အိတ်ခ်ျအိုင်ဗွီလူနာအားလုံး

အိတ်ခ်ျအိုင်ဗွီကူးစက်မိခင်ကနေမွေးတဲ့မွေးကင်းစကလေးများ

နျူမိုဆစ်တစ် ဂျာရိုဗက်ဆီပိုးကူးစက်ခံရဖူးခြင်း

စတမ်းဆဲလ်အစားထိုးလူနာများ

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement