နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ခြင်းဟာ ရောဂါပိုးဝင်ခြင်းကြောင့် အဆုတ်ထဲက လေအိတ်ကလေးတွေ ရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။ လေအိတ်ထဲမှာ အရည်များ၊ ပြည်များ၊ ဆဲလ်အသေများနဲ့ ပြည့်လာတတ်ပါတယ်။ ဗိုင်းရပ်စ်၊ မှို၊ ဘက်တီးရီးယား စတဲ့ရောဂါပိုးမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်ခြင်း အကြောင်းဖြစ်ပါတယ်။