လေထုညစ်ညမ်းမှုကို ကလရှည်ကြာထိတွေ့မယ်ဆိုရင်တော့ –
- အဆုတ်တွေကောင်းကောင်းအလုပ်မလုပ်နိုင်တာမျိုးဖြစ်နိုင်တယ်
- အဆုတ်ရောင်ရောဂါခံစားရနိုင်တယ်
- ပန်းနာရင်ကြပ်ရောဂါခံစားရနိုင်တယ်
- လေပြွန်ရောင်ခြင်းဝေဒနာခံစားရနိုင်တယ်
- အဆုတ်ကင်ဆာခံစားရနိုင်တယ်
- အရွယ်မတိုင်ခင်သေဆုံးတာမျိုးဖြစ်နိုင်တယ်
- နှလုံးထိခိုက်နိုင်တယ်
- နှလုံးသွေးကြောဆိုင်ရာရောဂါခံစားရနိုင်တယ်
- အသည်းထိခိုက်တာခံစားရနိုင်တယ်
- ပန်ကရိယထိခိုက်နိုင်တယ်
- သွေးတွင်းမှာ ညစ်ညမ်းတဲ့အရာတွေဝင်ရောက်နိုင်တယ်
- အာရုံကြောစနစ်ထိခိုက်နိုင်တယ်
- ကိုယ်ခံအားနည်းတာကြောင့်ရောဂါဝင်လွယ်လာမယ်။
အိမ်တွင်းလေထုသန့်စင်စေဖို့
အိမ်တွင်းသန့်ရှင်းရေး ဦးစားပေး
အိမ်တွင်းလေထုသန့်စင်ဖို့ဆိုရင် အရင်ဆုံးအပေါ်မှာပြောခဲ့သလိုပဲ အိမ်ကိုအရင်ရှင်းရပါမယ်။ အသုံးမလိုတာတွေကို ဝဲပစ်လိုက်ပါ။ပြီးရင် ပုံမှန် ဖုန်စုပ်ပေးပါ။ စိုထိုင်းထိုင်းဖြစ်မနေဖို့လည်း သတိထားရပါမယ်။ အခန်းတွင်းမှာ ဆေးလိပ်သောက်တာမျိုးလည်း မလုပ်မိဖို့လိုပါမယ်နော်။
လေသန့်စက်တပ်ဆင်ပါ
အိမ်တွင်းလေသန့်စက်လေးတွေတပ်ဆင်တာကလည်း ကိုယ်တိုင်ကိုရော မိသားစုကိုပါ သန့်စင်တဲ့လေထု ရှုရှိုက်မိစေမှာပါ။ အိမ်ခန်းတိုင်းမှာ မတပ်ဖြစ်ရင်တောင် တစ်အိမ်လုံးမှာ ၂ ခုလောက်တော့ တပ်ထားပေးပါ။
ခြံထဲမှာ သစ်ပင်တွေစိုက်ထားပါ
ကိုယ်ပိုင်ခြံနဲ့နေတာဆိုရင်တော့ခြံထဲမှာ အရိပ်ရတဲ့ အပင်လေးတွေစိုက်ထားပေးပါ။လေထုကိုသန့်စင်စေရုံတင်မကပါဘူး။နွေရာသီမှာအေးမြမှုကိုပါပေးစွမ်းနိုင်ပါသေးတယ်နော်။
ဗီနီကာသုံးပေးပါ
ဇလုံသေးသေးလေးတစ်လုံးယူပြီး ဗီနီကာကို ပန်းကန်တစ်ဝက်စာထည့်လိုက်ပါ။ပြီးရင် တစ်သျှူးစလေးတွေထည့်စိမ်ပေးပြီး အခန်းထောင့်လေးတွေမှာ ထားပေးပါ။ အနံ့ပြင်းနိုင်ပေမယ့် အခန်းတွင်းလေထုကိုတော့ သိသိသာသာသန့်စင်သွားစေမှာပါ။ရေမြှုပ်လေးတွေကို စိမ်ပေးလို့လည်းရပါတယ်။
ပျားဖယောင်းတိုင် သုံးမယ်
ဓါတုပစ္စည်းတွေမပါဘဲ ပျားဖယောင်းစစ်စစ်ကို သုံးပြီး လုပ်ထားတဲ့ ဖယောင်းတိုင်ကို ထွန်ပေးတာကလည်း အခန်းတွင်း ကအဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အခန်းတွင်းလေထုသန့်စင်ချင်တယ်ဆိုရ်ငတော့ ပျားဖယောင်းစစ်စစ် ဖယောင်းတိုင်လေးကို သုံးပေးလို့ရပါတယ်။
ဆားမီးခွက်ထွန်းမယ်
ပန်းရောင်ရှိတဲ့ ဟိမဝန္တာဆားက သဘာဝအဆိပ်အတောက်ဖြေဆေးတစ်ခုပါ။ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်နော်။ အိမ်ခန်းတွင်းမှာ ဟိမဝန္တာဆားမီးခွက်လေးထွန်းပေးတာကလည်း အခန်းတွင်းလေထုကို သန့်စင်ဖို့ အထိရောက်ဆုံးအားပေးနိုင်ပါတယ်။
မီးသွေးသုံးမယ်
မီးသွေးကရေထုကို သန့်စင်ပေးနိုင်သလိုလေထုကိုလည်း သန့်စင်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ စုပ်ယူမငအားကောင်းတဲ့ မီးသွေးခဲလေးတွေကို ခွက်လေးတစ်ခုနဲ့ထည့်လို့ အခန်းထဲမှာ ထားလိုက်ပါ။
အခန်းတွင်းစိုက်လို့ရတဲ့ အပင်လေးတွေစိုက်ပေးပါ
အခန်းတွင်းမျာစိုက်လို့ရတဲ့ အပင်သေးသေးလေးတွေကို စိုက်ပေးပါ။ ဒါကမျက်စိအမြင်ကိုတင်အေးစေရုံမကဘဲလေထုကိုပါသန့်စင်စေလို့တော်တော်လေးအဆင်ပြေစေမှာပါနော်။
အခန်းတွင်းလေထု သန့်သန့်လေးကိုရှုရှိုက်လို့ပျော်ရွှင်ကျန်းမာတဲ့ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ Helloဆရာဝန်ပရိသတ်ကြီးရေ……….
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။