နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 6, 2020 . 2 mins read
Share now

အအေးမိဖျားနာမှုကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် အရမ်းထိရောက်တဲ့နည်းလမ်းတစ်ခုရှိပါတယ်။ လူတွေနေ့တိုင်းထိတွေ့နေတဲ့ အလေ့အကျင့်လေးတစ်ခုပါပဲ။ လက်ဆေးဖို့ပါ။ ဖျားနာခြင်းကင်းဝေးပြီး ကျန်းမာနေဖို့အတွက် ဒီရိုးရှင်းတဲ့အလေ့အထလေးက မထင်မှတ်ထားလောက်အောင်ကို အသုံးဝင်ပါတယ်။ လက်ဆေးတာက အအေးမိဖျားနာတာနဲ့ ရောဂါပိုး အမျိုးမျိုးတွေရဲ့ အန္တရာယ်တွေကနေ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။

လက်ဆေးတာက ကျန်းမာဖို့အတွက် အထောက်အကူပြုတယ်ဆိုတော့ လက်မှန်မှန်ဆေးမယ်လို့ စဉ်းစားနေပြီမှတ်လား။ ဒီနေရာမှာ သတိထားဖို့တစ်ခုကျန်နေပါသေးတယ်။ လက်ဆေးပေမယ့် လက်ဆေးနည်းမမှန်ပြန်ရင်လည်း မထိရောက်ပါဘူး။ ဒီတော့ ဘယ်လိုမှန်မှန်ကန်ကန်နဲ့ လက်ဆေးမလဲဆိုတာကို သိဖို့အတွက် ဒီဆောင်းပါးလေးက ဖော်ပြပေးထားပါတယ်။

လက်ကို ဘယ်လိုဆေးကြောမလဲ

လက်ကိုဘယ်လိုများဆေးရမှာလဲရေနဲ့ ဆပ်ပြာနဲ့ဆေးတာပေါ့လို့များပြောချင်နေပြီလား။ မဟုတ်သေးဘူးနော်။သေချာဆေးမိရဲ့လားမေးချင်တာပါ။ ကဲ နည်းစနစ်မှန်မှန်လက်ဆေးရအောင်လား…

  • အရင်ဆုံးလက်ကိုရေနဲ့ဆေးချလိုက်ပါ။
  • ပြီးရင် ဆပ်ပြာယူပါမယ်။ ဆပ်ပြာတုံးဖြစ်ဖြစ် ။ လက်ဆေးဆပ်ပြာရည်ဖြစ်ဖြစ် ကြိုက်နှစ်သက်ရာနဲ့ဆေးလို့ရပါတယ်။
  • ပြီးရင်လက်တစ်ခုလုံးကို နှံ့အောင်ပွတ်တိုက်ပေးပါ။ လက်ဖဝါးရော လက်ဖမိုးကိုရောပေါ့။
  • လက်ချောင်းတစ်ချောင်းချင်းစီကိုသေချာလေးဆေးကြောပေးပါ။ လက်ချောင်းလေးတွေကြားထဲမှာရောဂါပိုးတွေ ကပ်ကျန်မနေစေဖို့ပါ။
  • ပြီးရင်တော့ လက်သည်းလေးတွေပေါ့။ လက်သည်းအပေါ်ဘက်ရော ရှည်နေတဲ့ လက်သည်းလေးတွေရဲ့အောက်ဘက်ကိုရောပေါ့။
  • လက်ကောက်ဝတ်တွေကိုလည်း ချန်မထားပါနဲ့ ဆပ်ပြာနဲ့သေချာတိုက်ပါ။
  • လက်ဆေးတဲ့အခါ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်ဆေးနော်။ စက္ကန့် ၂၀ မှတ်ရခက်နေရင် “ Happy Birthday” သီချင်းကို နှစ်ခါလောက် ဆိုလိုက်ပါ။ အဲဒါက ကွက်တိပဲ စက္ကန့် ၂၀။
  • ပြီးရင်တော့ရေသန့်သန့်လေးနဲ့ ဆပ်ပြာမြှုပ်တွေ စင်အောင်ဆေးချလိုက်တော့နော်။
  • ပြီးရင် တဘက်စ၊ လက်သုတ်ပဝါသန့်သန့်လေးနဲ့ လက်သည်းတွေ၊ လက်ချောင်းကြားတွေမကျန်သေချာခြောက်အောင်သုတ်ပေးပါ။ တစ်ရှူးနဲ့ သုတ်ပေးလို့လည်းရသလို လက်အခြောက်ခံစက်နဲ့ အခြောက်ခံပေးလို့လည်းရပါတယ်။

ဘယ်လိုအချိန်တွေမှာ လက်ဆေးမလဲ

လက်ကရောဂါပိုးအများဆုံးကပ်ငြိနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပေါ့။ ဒီတော့ ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေ အဓိကပို့ဆောင်သူက ဘာလုပ်လုပ် မပါမဖြစ်အရေးပါတဲ့ ဇာတ်လိုက်တွေဖြစ်တဲ့ ကိုယ်တွေရဲ့ လက်နှစ်ဖက်ပေါ့။ လက်တွေကို ရောဂါပိုးတွေ မကပ်ငြိအောင်ထားဖို့ကမလွယ်ဘူးလေ။ ဒီတော့ရောဂါတွေကင်းဝေးဖို့ဆိုရင် လက်ကို မကြာမကြာဆေးဖို့လိုမှာပါ။

  • အစားအစာတွေမစားခင်
  • အစားအသောက်တွေမပြင်ဆင်ခင်
  • အနာတစ်ခုခုကို မကိုင်တွယ်ခင်
  • ဖျားနေတဲ့လူနာကို မပြုစုခင်
  • ကလေးငယ်ငယ်လေးတွေကို မကိုင်တွယ်ခင်
  • မျက်ကပ်မှန်မတပ်ခင် နဲ့ မျက်ကပ်မှန်ဖြုတ်ခါနီး
  • အိမ်သာကဆင်းတဲ့အချိန်
  • တိရစ္ဆာန်လေးတွေကို ကိုယ်တွယ်ပြီးတဲ့အချိန်၊ အစားကျွေးပြီးချိန်၊ သန့်ရှင်းရေးလုပ်ပေးပြီးချိန်
  • ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အချိန်
  • နှာချေ၊ချောင်းဆိုး၊ နှပ်ညှစ်ပြီးတဲ့အခါမျိုး
  • အနာတွေကို ကိုင်တွယ်ပြီးချိန်
  • ဖျားနေတဲ့လူနာကိုပြုစုပေးပြီးချိန်
  • အမှိုက်သိမ်း၊ အိမ်သန့်ရှင်းရေးလုပ်ပြီးချိန်တွေမှာ လက်ဆေးဖို့ မမေ့ပါနဲ့။

ကဲရောဂါကင်းစင်လှပတဲ့ပျော်ရွှင်ဖွယ်ဘဝကို ပိုင်ဆိုင်နိုင်ဖို့ အခုကစပြီး လက်ဆေးမယ် မဟုတ်လား…….

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သာမန်အချိန်မှာ ကျန်းမာစေပေမယ့် နာမကျန်းဖြစ်ချိန်မှာ မစားသင့်တဲ့ အစားအစာများ

အစာအာဟာရဆိုတာ လူတိုင်းအတွက် ကျန်းမာစေမယ့် အကျိုးပြု ဓာတ်စာတွေဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ ...

ရေးသားသူ Ye Zon Aung

Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

Diet ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာကို ဆိုလိုတာပါ။ အစားရှောင်ခိုင်းတာမဟုတ်မဟုတ်ပါဘူး။ Diet လို့ ခေါင်းစဉ်တပ်ပြီး မိနေတဲ့ ချင်းတွေအများကြီးပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကလေးတွေ သံဓာတ် ပြည့်ဝနေစေဖို့ နေ့စဉ်အာဟာရထဲမှာ ဘာတွေကျွေးမွေးကြမလဲ

သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သန်းနဲ့ချီတဲ့ ကလေးတွေမှာ ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

နားပေါက်အနာမကျက်ခင်မှာ ညစ်ပေတဲ့လက်နဲ့ ကိုင်မိရင်ဖြစ်စေ၊ နားဖောက်စဉ် အသုံးပြုတဲ့ကိရိယာ ညစ်ညမ်းရင်ဖြစ်စေ ဘက်တီးရီးယားများ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းများ

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read
ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read