ဒီလောက်ဆိုရင် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးမှာ ဘက်တီးရီးယားတွေကို သေစေတဲ့ ပိုးသတ်ဆေးက အလုပ်မဖြစ်ဘူးဆိုတာ နည်းနည်းတော့ သဘောပေါက်လောက်ပါပြီ။
-
ဘယ်အခါမျိုးမှာ တုပ်ကွေးဖြစ်တဲ့သူတွေ ပိုးသတ်ဆေးသောက်ရမလဲ။
တုပ်ကွေးရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ နားပြည်ယိုတာ၊ ထိပ်ကပ်နာ၊ နမိုးနီးယားတွေဖြစ်လာရင်တော့ ပိုးသတ်ဆေးသောက်ဖို့ မဖြစ်မနေလိုလာပါပြီ။ လိုအပ်ရင် ဆေးရုံတက်ပြီး ကုသရပါမယ်။
-
အိမ်တွင်းကုထုံးများ
-အနားယူပါ။ တုပ်ကွေးဖြစ်နေတဲ့အချိန်အတွင်းမှာ ညစောစောအိပ်ပါ။ အိပ်ရေးဝနေပါစေ။
-ရေများများသောက်ပါ။ ရေအပြင် စွပ်ပြုတ်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ သောက်ပေးပါ။
-အဖျားသက်သာပြီး အကိုက်အခဲပျောက်ဖို့ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတာတွေ သောက်နိုင်ပါတယ်။
–ဗိုင်းရပ်စ်သတ်ဆေး(Antivirals)တွေ ရှိပေမယ့် ဆရာဝန်ညွှန်ကြားချက်နဲ့သောက်တာ အကောင်းဆုံးပါပဲ။
တုပ်ကွေးမဖြစ်တဲ့နှစ်ဆိုတာ မရှိသေးပါဘူး။ အချုပ်ပြောရရင် တုပ်ကွေးဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အတွက် ပိုးသတ်ဆေးက အလုပ်မဖြစ်ပါဘူး။ Antivirals တွေကလည်း ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့်ပါတယ်။ နောက်ဆက်တွဲ ရောဂါတွေဖြစ်လာရင်တော့ ဆရာဝန်က ပိုးသတ်ဆေးညွှန်ပါလိမ့်မယ်။ အများစုကတော့ အိမ်တွင်းကုထုံးတွေနဲ့ သက်သာသွားကြပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။