backup og meta

အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 18/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ

    အအေးမိတုပ်ကွေးကြောင့် ဖျားပြီဆိုရင် လည်ချောင်းမနာရင်တောင် နှာစေးချောင်းဆိုးဝေဒနာက ပြေးမလွတ်ပါဘူး။ နေမကောင်းဖြစ်နေတဲ့အချိန်အတွင်း ခံစားရတဲ့ လက္ခဏာတွေက ကုသမှုကြောင့် ပျောက်ကင်းသွားမှာဖြစ်ပေမယ့် ချောင်းလေး တဟွတ်ဟွတ်တော့ ဖြစ်ကျန်ခဲ့နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

    အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ

    အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ ဆိုတော့

    • ပူရှိန်းငုံဆေး နဲ့ သကြားလုံးတွေစားပါ။

    Menthol နဲ့ တချို့ငုံဆေးတွေက လည်ချောင်းနာဝေဒနာကို သက်သာစေပြီး လည်ချောင်းရှင်းစေပါတယ်။

    ပျားရည်က ချောင်းဆိုးရော လည်ချောင်းနာပါ သက်သာစေနိုင်တဲ့ ဆေးနည်းတစ်ခု ဖြစ်ပါတယ်။ ရေနွေးကြမ်းထဲ တစ်ဇွန်းလောက်ထည့်သောက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ တစ်နှစ်အောက် ကလေးတွေကိုတော့ ပျားရည်မကျွေးပါနဲ့။

  • အရည်များများ သောက်ပါ။
  • လည်ချောင်းယား၊ အာခေါင်ခြောက်လာရင်၊ ချောင်းခြောက်ဆိုးလာရင် တစ်ခုခုသောက်နေရမှ၊ အာဆွတ်လိုက်ရမှ နေသာတယ် ထင်ကြပါတယ်။ လည်ချောင်းကို ပိုခြောက်သွေ့စေနိုင်တဲ့ အရက်နဲ့ ကဖင်းပါတဲ့  အရည်တွေကလွဲပြီး ကျန်တာအဆင်ပြေပါတယ်။ ဆေးသကြားပါတဲ့၊ အချိုများတဲ့ အချိုရည်တွေကိုလည်း ရှောင်သင့်ပါတယ်။

    • ပူနွေးတာလေး သောက်ပါ။

    ကြက်စွပ်ပြုတ်အရည် သို့မဟုတ် ရေနွေးကြမ်းသောက်တာ အသက်ရှူလမ်းကြောင်းကို အနွေးဓာတ်ပေးနိုင်ပါတယ်။ ရေဓာတ်ပြန်ဖြည့်နိုင်တဲ့အပြင် ပူနွေးမှုကြောင့် ချွဲသလိပ်တွေကို ကြေစေပြီး ချောင်းဆိုးတဲ့အခါ သလိပ်ထုတ်ရလွယ်စေပါတယ်။

    • ချောင်းဆိုးပျောက်ဆေး၊ ချွဲပျော််ဆေး သောက်ပါ။

    တစ်ခါတရံ သလိပ်တွေထွက်ဖို့ ချောင်းပဲဆိုးနေရတာ ပင်ပန်းပါတယ်။ ချွဲထရင် ချွဲပျော်ဆေး သောက်ပါ။ ချောင်းခြောက်ဆိုးရင် ချောင်းဆိုးပျောက်ဆေး သောက်ပါ။

  • ရေနွေးငွေ့ရှူပါ။
  • အာခေါင်ခြောက်ပြီး လည်ချောင်းယားတာက ချောင်းအမြဲဆိုးချင်လာအောင် ဆွနေတယ်ဆိုရင် ရေနွေးပူပူရဲ့ အငွေ့ကို ရှူပါ။ ဒါမှမဟုတ် အခန်းထဲမှာ အစိုဓာတ်ထိန်းစက် (humidifier) လေး သုံးပါ။ ချွဲသလိပ်တွေပါ ပျော်စေပြီး ရင်ချောင်စေပါလိမ့်မယ်။

  • လေကောင်းလေသန့် ပဲ ရှူပါ။
  • မီးခိုးငွေ့တွေ၊ ညှော်နံ့တွေ၊ ဖုန်မှုန့်တွေနဲ့ အနံ့အသက်မကောင်းတဲ့ လေတွေကို ရှောင်ပါ။ နေမကောင်းချိန်မှာ လေကောင်းလေသန့်ရတဲ့နေရာမှာ နေပါ။ဆေးလိပ်ငွေ့ကို လည်းရှောင်ပါ။ ဆေးလိပ်လည်း မသောက်ပါနဲ့။

    • အနားယူပါ။

    အအေးမိချောင်းဆိုးခြင်းကို မြန်မြန်သက်သာချင်တယ်ဆိုရင် အလွယ်ဆုံးက ကိုယ်ခံအားကောင်းအောင်၊ အားရှိအောင်နေပါ။ ဒါမှ ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က ခုခံတိုက်ထုတ်နိုင်မှာပါ။ အာဟာရပြည့်အောင် စားရမယ့်အပြင် အနားယူဖို့လည်း လိုပါတယ်။ အိပ်ရေးမဝရင်၊ အနားမယူရင် ခန္ဓာကိုယ်မှာ ဖိစီးမှုပိုများလာပြီး ရောဂါလက္ခဏာ တာရှည်စေနိုင်ပါတယ်။

    လည်ချောင်းနာ၊ ချောင်းဆိုးတဲ့အခါ  လည်ချောင်းထဲမှာ ခံရခက်စေတဲ့ဝေဒနာမျိုးကို အာလုပ်ကျင်းတဲ့နည်းနဲ့ သက်သာလျော့ပါးစေနိုင်ပါတယ်။ လည်ချောင်းနာ၊ လည်ချောင်းယားလို့ အဆင်မပြေတဲ့အခါတိုင်း အာလုပ်ကျင်းပေးပါ။ ဆားရည်က ပိုးသေတဲ့ အာနိသင်လည်း ရှိပါတယ်။

    အဖျားမရှိတော့ဘဲ နေကောင်းလာတောင် ချောင်းဆိုးကျန်နေတာက ဖြစ်လေ့ရှိတဲ့အရာဆိုပေမယ့် အရမ်းကြာလာရင်တော့ မကောင်းပါဘူး။ တကယ်လို့ နောက်ဆက်တွဲချောင်းဆိုးက

    • ချွဲသလိပ်တွေ အများကြီးထွက်လောက်အောင် တော်တော်ဆိုးနေတာ၊
    • အသက်ရှူသံ တရွှီရွှီနဲ့ အသက်ရှူရခက်နေတာ (ပန်းနာရင်ကျပ်ထတာ သို့မဟုတ် တခြားရောဂါတွေ ဖြစ်နိုင်ပါတယ်)၊
    • ရင်ဘတ်ထဲ မောကျပ်လာရင်၊
    • နေပြန်ကောင်းပြီး တစ်လလောက်ကြာတဲ့အထိ ချောင်းဆိုးမသက်သာရင်၊
    • ချောင်းဆိုးတဲ့အထဲ သွေးစတွေပါလာရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 18/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement