ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေသူတွေက ဖျားနာခဲကြပါတယ်။ အကြောင်းကတော့ သူတို့က အခြားသူတွေထက် ကိုယ်ခံအား ပိုကောင်းနေတတ်ကြတာကြောင့်ပါ။ ဒါကြောင့် တစ်နေ့ကို မအားဘူးဆိုရင်တောင်မှ ၁၅ မိနစ် ကနေ နာရီဝက်လောက်အထိ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။
ပျားသံပရာ သောက်ပါ
ရေနွေး ခပ်နွေးနွေးလေးထဲကို ပျားရည် လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ သံပရာသီး တစ်စိတ်စာလောက် ညှစ်ထည့်ပြီး သောက်ပေးပါ။ တစ်နေ့ကို တစ်ခွက်လောက်သောက်ပေးတာက ကိုယ်ခံအား ကောင်းစေနိုင်သလို လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်မှာပါ။
ချင်း (ဂျင်း) ပြုတ်ရည်သောက်ပါ
ချင်း (ဂျင်း) က ကိုယ်ခံအား ကောင်းစေပြီး ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက် ချင်း (ဂျင်း) ပြုတ်ရည် သောက်ပေးပါ။
ရေများများသောက်ပါ
ရေ၊ စွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်လိုမျိုး ခန္ဓာကိုယ်အတွက် ရေဓာတ်ရရှိစေမယ့် သောက်စရာတွေကိုသောက်သုံးပေးလို့ရပါတယ်။ လည်ချောင်းမှာ အစိုဓါတ်ရှိနေတာက လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပါ။ အရည်ဆိုလို့ ကော်ဖီတွေ၊ လက်ဖက်ရည်တွေတော့သောက်ပါနဲ့။ ကဖင်းပါတဲ့ အချိုရည်တွေနဲ့ အရက်၊ဘီယာတို့ကိုလည်းရှောင်ပေးပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။