ဘေဘီလေးတွေက မိခင်ဝမ်းထဲမှာ ကြို့ထိုးတတ်တယ် ဆိုတာကို တော်တော်များများက ယုံတမ်းစကားလို့ ထင်နေကြပါတယ်နော်။ တကယ်တော့ ကလေးလေးတွေက မိခင်ဝမ်းထဲမှာ ရှိနေစဉ်ကာလကတည်းကိုက ကြို့ထိုးတတ်ကြပါတယ်နော်။ ဒါက ဖြစ်လေ့ဖြစ်ထကိစ္စ တစ်ခုဖြစ်ပြီး စိုးရိမ်စရာတော့ မလိုပါဘူး။ ကိုယ်ဝန်ဆောင်ကာလ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေထဲကတစ်ရပ်ပေါ့။
ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက ကြို့ထိုးတတ်ကြပါတယ်နော်
ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက ကြို့ထိုးတတ်ကြပါတယ်နော် ဘာကြောင့်လည်း ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။
ဘေဘီလေးက မေမေ့ဗိုက်ထဲမှာ ကြို့ထိုးတာက ပုံမှန်ပဲလား
သန္ဓေသားအရွယ်မှာကတည်းက ကလေးငယ်လေးတွေက ကြို့ထိုးတတ်ကြတာပါ။ ရင်သွေးလေးကို စိုးရိမ်တဲ့မေမေတို့အနေနဲ့ကတော့ အရမ်းစိတ်ပူတာမျိုးဖြစ်နိုင်ပါတယ်။ စိတ်မပူဖို့ပြောပါရစေ။ ဒါက သန္ဓေသားလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တစ်ရပ်ပါ။ဘေဘီလေး အဆုတ်ဖွံ့ဖြိုးမှု စတင်နေပြီဆိုတဲ့ သဘောလို့ ယူဆလက်ခံထားကြပါတယ်။ ဝမ်းသာရမယ့် အခြေအနေပါနော်။
ဘယ်အချိန်မှာဖြစ်နိုင်လဲ
အစောဆုံးအနေနဲ့ ကိုယ်ဝန်ဆောင်ကာလရဲ့ ၁၆ ပတ် နဲ့ အပတ် ၂၀ လောက်မှာစခံစားရနိုင်ပါတယ်။နောက်ကျတယ်ဆိုရင်တောင် ကိုယ်ဝန်ဆောင်ကာလရဲ့ ၂၅ ပတ်မြောက်လောက်မှာ ခံစားရနိုင်ပါတယ်နော်။ အချိန်ကာလအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ကာလ ၂၇ ပတ်အထိခံစားရနိုင်ပါတယ်နော်။ ဗိုက်ထဲမှာပြောင်းဖူးပေါက်ပေါက်ဖောက်နေသလိုမျိုးခံစားရနိုင်သလို လိပ်ပြာလေးတောင်ပံခတ်နေသလို ခံစားရနိုင်ပါတယ်။ စည်းချက်ညီညီနဲ့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတစ်ခုပါ။ တစ်နေ့တာမှာ အခေါက်ရေများစွာ ခံစားရနိုင်သလို တစ်နေ့လုံးနေမှ တစ်ခေါက်ပဲခံစားရတာမျိုးလည်းရှိပါတယ်။
ကန်တာလား၊ ကြို့ထိုးတာလား
လှုပ်ရှားမှုကို ဗိုက်ရဲ့နေရာအနှံ့မှာခံစားရပြီး ပုံစံပြောင်းနေလိုက်တဲ့အခါ သက်သာသွားမယ်ဆိုရင်တော့ ကလေးက အထဲကနေ ကန်နေတာပါ။
ပုံစံမှန်မှန်ထိုင်နေချိန်မှာ ဗိုက်ရဲ့ တစ်နေရာတည်းကနေ စည်းချက်ညီညီလေးခုန်နေမယ်ဆိုရင်တော့ဘေဘီလေး ဗိုက်ထဲမှာ ကြို့ထိုးနေတာပါနော်။ စဖြစ်ခါစမှာ ထူးဆန်းနေနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှနေသားကျသွားမှာပါ။
ဘေဘီလေးတွေက ဗိုက်ထဲမှာ ဒါတွေလည်းလုပ်တတ်ပါသေးတယ်
ဘေဘီလေးက ဗိုက်ထဲမှာ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးပဲနေနေတာ၊ အိပ်ပဲအိပ်နေတာလို့ မထင်လိုက်ပါနဲ့နော်။ ဘေဘီလေးတွေက မေမေ့ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကြို့ထိုးတတ်တယ်၊ ကန်တတ်တယ်၊ ခန္ဓာကိုယ်ကို ဘယ်၊ ညာစောင်းတတ်တယ်၊ လှိမ့်တတ်တယ်၊ လက်နဲ့ တွန်းတတ်တယ်။ ဒါတင်မဟုတ်ပါဘူး။ဘေဘီလေးက ဗိုက်ထဲမှာကတည်းက ပြင်ပက အသံတွေကို ကြားနေသလို အနံ့လည်း ခံတတ်ပါတယ်။ မြင်လည်းမြင်နေရပြီ ဖြစ်သလို အချို့ကလေးလေးတွေဆို ဗိုက်ထဲမှာကတည်းက လက်မလေးစုပ်တတ်နေပါပြီနော်။
ဗိုက်ထဲက ဘေဘီလေး ကြို့ထိုးသက်သာအောင် ဘာလုပ်ပေးမလဲ
- ဘယ်ဘက်စောင်းအိပ်ပေးပါ။
- ဗိုက်ကိုခေါင်းအုံးလေးနဲ့ ထိထားပေးပြီး သက်သောင့်သက်သာနေပေးပါ။
- ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာအာဟာရတွေကို စားပေးပါ။
- လေ့ကျင့်ခန်းလုပ်လို့ရတဲ့ အချိန်အထိ သင့်တင့်တဲ့လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။
- ရေများများသောက်ပေးပါ။
- ညအိပ်ရာဝင်ချိန် ပုံမှန်သတ်မှတ်ထားပေးပါ။
- နေ့ခင်းတစ်ရေးလောက် အိပ်ပေးပါ။
ဗိုက်ရဲ့ တစ်နေရာတည်းက စည်းချက်မှန်မှန်လေးခုန်နေပြီဆိုရင်တော့ ဗိုက်ထဲက ဘေဘီလေး ကြို့ထိုးနေလို့ ဖြစ်နိုင်ပါတယ်။ ဘေဘီလေးတွေက မမွေးခင်ကတည်း ကြို့ထိုးတာက ယုံတမ်းစကားမဟုတ်ဘူးနော်။ တကယ့်အမှန်ပါနော်………….
ဗိုက်ထဲက ဘေဘီလေး ကြို့ထိုးသက်သာအောင် ဘာလုပ်ပေးမလဲ
- ဘယ်ဘက်စောင်းအိပ်ပေးပါ။
- ဗိုက်ကိုခေါင်းအုံးလေးနဲ့ ထိထားပေးပြီး သက်တောင့်သက်သာနေပေးပါ။
- ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာအာဟာရတွေကို စားပေးပါ။
- လေ့ကျင့်ခန်းလုပ်လို့ရတဲ့ အချိန်အထိ သင့်တင့်တဲ့လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။
- ရေများများသောက်ပေးပါ။
- ညအိပ်ရာဝင်ချိန် ပုံမှန်သတ်မှတ်ထားပေးပါ။
- နေ့ခင်းတစ်ရေးလောက် အိပ်ပေးပါ။
[embed-health-tool-due-date]