backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

မီးဖွားရလွယ်ခြင်းခက်ခြင်းရဲ့ အရေးအပါဆုံး ကလေးအနေအထား တွေ အကြောင်း ။ ။

ကိုယ်ဝန်စရှိလာတဲ့အချိန်တည်းက တစ်နေ့ပြီးတစ်နေ့ ဗိုက်ထဲမှာ ကိုယ့်အသွေးအသားလေးက တစတစ ကြီးထွားလာနေတာကို အားလုံးသိကြမှာပါ။ စပြီး သန္ဓေတည်တုန်းကတော့ သေးသေးလေးဆိုတော့ သားအိမ်ထဲမှာ ဟိုလှည့်ဒီလှည့် ကြိုက်သလိုနေရာကနေ မီးဖွားခါနီးအချိန်လည်း ရောက်ရော ကြီးလာတဲ့ ရင်သွေးလေးနဲ့ သားအိမ်နဲ့က အပြည့်ဖြစ်နေတတ်ပါတယ်။ ဒီနေရာမှာ မီးဖွားရခက်မှာလား၊ ဖွားရလွယ်မှာလားဆိုတာကို စကားအပြောဆုံးကတော့ သားအိမ်ထဲက ကလေး အနေအထား ပဲ ဖြစ်ပါတယ်။ ဒီတော့ ရင်သွေးလေးတွေက သားအိမ်တွေထဲ ဘယ်လို ပုံစံမျိုးတွေနဲ့ နေနေကြလဲဆိုတာ သိထားဖို့လိုပါတယ်။

မီးဖွားရလွယ်ခြင်းခက်ခြင်းရဲ့ အရေးအပါဆုံး ကလေးအနေအထား တွေ အကြောင်း ။  ။

ကိုယ့်ရင်သွေးလေးတွေ ဗိုက်ထဲမှာ ဘယ်လို အနေအထား မျိုးတွေနဲ့ နေနေကြတာလဲ ။ ။

( ၁ ) Anterior positionမီးဖွားရလွယ်ခြင်းခက်ခြင်းရဲ့ အရေးအပါဆုံး ကလေးအနေအထား တွေ အကြောင်း ။ ။

ဒီလို အနေအထား မျိုးမှာ ကလေးရဲ့ နောက်စေ့က မိခင်ရဲ့ ဗိုက်ဘက်မှာရှိပြီး ကလေးရဲ့မျက်နှာကတော့ မိခင်ရဲ့ ကျောဘက်ကို မျက်နှာမူထားတာပါ။ ကလေးရဲ့ မေးစေ့လေးကလည်း သူ့ရင်ဘတ်ရှိရာဆီ ကွေးနေတတ်ပြီး မိခင်ရဲ့ တင်ပဆုံ အရိုးကွင်းထဲကိုဝင်ဖို့ ငယ်ထိပ်က အဆင်သင့်ဖြစ်နေတတ်ပါတယ်။ ဆေးပညာအရဆို ဒါကို occipito-anterior ( နောက်စေ့အရှေ့ရောက် အနေအထား) ဒါမှမဟုတ် cephalic presentation (ခေါင်းနဲ့ဖွားမယ် ) လို့ခေါ်တတ်ကြပါတယ်။

ဒါ ရိုးရိုးမိန်းမကိုယ်ကနေ မီးဖွားဖို့အတွက် အသင့်တော်ဆုံးနဲ့ အလွယ်ကူဆုံး ပုံစံဖြစ်ပြီး မီးဖွားချိန်ဆို ကလေးဦးခေါင်းလေးက သားအိမ်ခေါင်းကို တဖြည်းဖြည်းတိုးဝင်လာပြီး သားအိမ်ခေါင်းကို ချဲ့စေပါတယ်။ ကိုယ်ဝန်သက် ၃၃ပတ်ကနေ ၃၆ ပတ် အတွင်းမှာ ဒီလိုမျိုး မိခင်ရဲ့ တင်ပဆုံအရိုးကွင်းထဲ ကလေးခေါင်းဆင်းလာတတ်ပါတယ်။

( ၂ ) Posterior Position

ဒီ အနေအထား ကတော့ အပေါ်ကနဲ့ဆန့်ကျင်ဘက်ပါ။ ကလေးရဲ့ မျက်နှာက မိခင်ဗိုက်ဘက်ကို မျက်နှာမူထားပြီး နောက်စေ့ကတော့ မိခင်ကျောဘက်ကို မျက်နှာမူထားတာပါ။ ဆေးပညာမှာဆို ဒါကို နောက်စေ့ အနောက်ဘက်ရောက်အနေအထား ( occipito posterior) လို့ခေါ်ကြပါတယ်။

မီးဖွားခြင်းမှာ ဒီပုံစံနဲ့ ကလေးဆင်းလာတတ်ပေမယ့် ကလေး ၁၀ ယောက်မှာ ၁ယောက်လောက်က ပုံစံအမှန်ဖြစ်တဲ့ occipito-anterior အနေအထားကို မီးဖွားနေရင်းနဲ့ပဲ ပြန်လည်သွားတတ်ပါတယ်။ ဒါပေမယ့် ပုံစံအမှန်ကို ပြန်မလည်သွားတဲ့ ကလေးတွေလည်း အများကြီးရှိပါတယ်။ ဒီလို အနေအထားနဲ့ ကလေးဆင်းလာပြီဆိုရင် မီးဖွားချိန် ကြာတတ်ပြီး ဗိုက်နာ ခါးကိုက်တာတွေကိုလည်း ပိုဖြစ်စေပါတယ်။

( ၃ ) Breech Delivery ( တင်ပဆုံဖွား )

တင်ပဆုံဖွားဆိုတာကတော့ နာမည်အတိုင်း ကလေးက ခေါင်းနဲ့ ဆင်းမလာဘဲ တင်ပဆုံပိုင်းနဲ့ ဆင်းလာတဲ့ အနေအထားကိုပြောတာပါ။ မြင်လွယ်အောင် ပြောရမယ်ဆိုရင် ကလေးက ဗိုက်ထဲမှာ ထိုင်နေသလိုမျိုးပေါ့။ တင်ပဆုံဖွားကို ၃ မျိုး ခွဲလို့ရပါတယ်။

  • Complete breech – ကလေးရဲ့ တင်ပဆုံ အပိုင်းဟာ မွေးလမ်းကြောင်းတည့်တည့်မှာ ရှိနေပြီး တင်ပလ္လင်ခွေထိုင်နေတဲ့ ပုံစံမျိုးရှိနေတာကို ဆိုလိုတာပါ။
  • Frank breech – ကလေးရဲ့ တင်ပဆုံက မွေးလမ်းကြောင်းတည့်တည့်မှာ ရှိနေတယ်ဆိုပေမယ့် ခြေထောက်တွေကတော့ ကလေးရင်ဘတ် ( ဒါမှမဟုတ် ) ခေါင်းနားလောက်ကို ရောက်နေတတ်ပါတယ်။
  • Footling breech – ကလေးရဲ့ တင်ပဆုံက မွေးလမ်းကြောင်းရှိနေပြီး ခြေထောက်တစ်ဘက်ကတော့ မွေးလမ်းကြောင်းတည့်တည့်မှာရှိတာကို ပြောတာပါ။ မြင်လွယ်အောင် ပြောရရင် ခြေထောက်တစ်ဘက်ချပြီး ထိုင်ခုံမှာ ထိုင်နေတဲ့ ပုံစံမျိုးပေါ့။

ဆုံပိုင်းနဲ့ မီးဖွားတာက သင့်တော်တဲ့ ပုံစံတော့မဟုတ်ပါဘူး။ သေးငယ်တဲ့ မွေးလမ်းကြောင်းထဲကို ကလေးရဲ့ အကြီးဆုံး အပိုင်းဖြစ်တဲ့ တင်ပဆုံကြီးက ဝင်ရမယ်ဆိုတော့ တစ် နေတတ်ပါတယ်။

တချို့ ကံကောင်းပြီး ဆုံပိုင်းနဲ့ အောင်အောင်မြင်မြင် မီးဖွားနိုင်ခဲ့တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီလို ဆုံပိုင်းနဲ့ မီးဖွားခြင်းက မီးဖွားချိန်ကြာတာ၊ မီးဖွားရခက်တာတွေအပြင် ကလေးလည်ပင်းချက်ကြိုးပတ်တာ စတဲ့ စိုးရိမ်ရတဲ့ အနေအထားတွေကိုဖြစ်စေနိုင်ပါတယ်။

ဒ့ါကြောင့် ဆရာဝန်တော်တော်များများက ကလေးကဆုံပိုင်းနဲ့ ဖွားမယ်ဆိုတာကို စမ်းသပ်သိရှိထားရင် ကလေးခေါင်းနဲ့ပြန်ဖွားအောင် မီးဖွားမယ့်ရက်မတိုင်ခင် external cephalic version (ECV) ဆိုတဲ့ အပြင်ကနေ ကလေးကို ပြန်လှည့်တဲ့ ကုသမှုကို လုပ်ပေးတတ်ကြပါတယ်။ တကယ်လို့ ECV လုပ်ပြီးတာတောင် ကလေးက ပြန်လည်မလာဘူး၊ မွေးချိန်ကြာပြီး မွေးရလည်း ခက်နေတတ်တယ်ဆိုရင် ဗိုက်ခွဲမွေးရတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကလေးအနေအထားကို ကြိုသိဖို့ ကိုယ်ဝန်သည် တွေ အာထရာဆောင်း ရိုက်ဖို့လိုတာပါ။

( ၄ ) ကန့်လန့်အနေအထား ။ ။

ဒီလို အနေအထားမှာ ကလေးက မွေးလမ်းကြောင်းတည့်တည့်ကို ကျောကြီးနဲ့ ပိတ်ထားပြီး အိပ်နေတဲ့ ပုံစံမျိုးပါ။ မီးမဖွားခင်အချိန်ထိတော့ ဒီလိုပုံစံမျိုးနဲ့ နေနေတတ်ပေမယ့် မီးဖွားချိန်မှာဆို ကလေးကိုယ်ခန္ဓာပြန်လည်သွားပြီး ခေါင်းနဲ့ပြန်ဖွားတတ်ပါတယ်။ ပြန်မလည်ခဲ့ဘူးဆိုရင်တော့ ဘယ်လိုမှ ရိုးရိုးမွေးလို့မရဘဲ ခွဲမွေးကို မွေးရမယ့် အနေအထားတစ်ခုပါ။ မဟုတ်ရင် ကလေးချက်ကြိုးပတ်တာ၊ ချက်ကြိုးထွက်ကျလာတာတွေ ဖြစ်တတ်တာကြောင့်ပါ။

ကလေးက ပြန်လည်တတ်လား။ 

ကလေးတွေဆိုတာ အပြင်ရောက်မှ မဟုတ်ပါဘူး။ ဗိုက်ထဲမှာတည်းက အငြိမ်ကို မနေတတ်တာကြောင့် ၃၆ ပတ် မပြည့်မချင်း အနေအထား အမျိုးမျိုး ပြောင်းပါတယ်။ ဒါ့ကြောင့် ၃၆ပတ် မတိုင်ခင် အာထရာဆောင်းရိုက်လို့ ကလေးက မွေးရခက်တဲ့ အနေအထားမျိုး ဖြစ်နေရင် အရမ်းကြီး မစိုးရိမ်ပါနဲ့။ ၃၆ပတ်မတိုင်ခင်ဆို ကလေးက ပြန်လည်သွားတတ်လို့ မွေးရလွယ်တဲ့အနေအထားပြန်ရောက်သွားတတ်ပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/pregnancy/baby-positions

Accessed date 10.5.2019

https://www.medicalnewstoday.com/articles/323099.php

Accessed date 10.5.2019

ယခုပုံစံ

21/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မီးဖွားပြီး နောက်ပိုင်း ဘယ်အချိန်မှာ သန္ဓေတားဖို့ စလုပ်သင့်သလဲ ။ ။

မီးဖွားစဉ် အထောက်အကူပြုမည့် လေ့ကျင့်ခန်း (3) ခု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/09/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ