ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက ကြို့ထိုးတတ်ကြပါတယ်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 20, 2020 . 2 mins read
Share now

ဘေဘီလေးတွေက မိခင်ဝမ်းထဲမှာကြို့ထိုးတတ်တယ်ဆိုတာကိုတော်တော်များများက ယုံတမ်းစကားလို့ထင်နေကြပါတယ်နော်။ တကယ်တော့ ကလေးလေးတွေက မိခင်ဝမ်းထဲမှာရှိနေစဉ်ကာလကတည်းကိုက ကြို့ထိုးတတ်ကြပါတယ်နော်။ ဒါကဖြစ်လေ့ဖြစ်ထကိစ္စတစ်ခုဖြစ်ပြီး စိုးရိမ်စရာတော့မလိုပါဘူး။ ကိုယ်ဝန်ဆောင်ကာလ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေထဲကတစ်ရပ်ပေါ့။

ဘေဘီလေးက မေမေ့ဗိုက်ထဲမှာ ကြို့ထိုးတာက ပုံမှန်ပဲလား

သန္ဓေသားအရွယ်မှာကတည်းက ကလေးငယ်လေးတွေက ကြို့ထိုးတတ်ကြတာပါ။ ရင်သွေးလေးကို စိုးရိမ်တဲ့မေမေတို့အနေနဲ့ကတော့ အရမ်းစိတ်ပူတာမျိုးဖြစ်နိုင်ပါတယ်။ စိတ်မပူဖို့ပြောပါရစေ။ ဒါက သန္ဓေသားလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တစ်ရပ်ပါ။ဘေဘီလေး အဆုတ်ဖွံ့ဖြိုးမှု စတင်နေပြီဆိုတဲ့ သဘောလို့ ယူဆလက်ခံထားကြပါတယ်။ ဝမ်းသာရမယ့် အခြေအနေပါနော်။

ဘယ်အချိန်မှာဖြစ်နိုင်လဲ

အစောဆုံးအနေနဲ့ ကိုယ်ဝန်ဆောင်ကာလရဲ့ ၁၆ ပတ် နဲ့ အပတ် ၂၀ လောက်မှာစခံစားရနိုင်ပါတယ်။နောက်ကျတယ်ဆိုရင်တောင် ကိုယ်ဝန်ဆောင်ကာလရဲ့ ၂၅ ပတ်မြောက်လောက်မှာ ခံစားရနိုင်ပါတယ်နော်။ အချိန်ကာလအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ကာလ ၂၇ ပတ်အထိခံစားရနိုင်ပါတယ်နော်။ ဗိုက်ထဲမှာပြောင်းဖူးပေါက်ပေါက်ဖောက်နေသလိုမျိုးခံစားရနိုင်သလို လိပ်ပြာလေးတောင်ပံခတ်နေသလို ခံစားရနိုင်ပါတယ်။ စည်းချက်ညီညီနဲ့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတစ်ခုပါ။ တစ်နေ့တာမှာ အခေါက်ရေများစွာ ခံစားရနိုင်သလို တစ်နေ့လုံးနေမှ တစ်ခေါက်ပဲခံစားရတာမျိုးလည်းရှိပါတယ်။

ကန်တာလား၊ ကြို့ထိုးတာလား

ဗိုက်ထဲက လှုပ်ရှားမှုတိုင်းက ကလေးကြို့ထိုးနေတာကြောင့် မဟုတ်ပါဘူးနော်။ ကလေးက အရွယ်လေးရောက်လာတာနဲ့ အမျှမေမေ့ဗိုက်ထဲမှာ ကန်တာမျိုးကိုလည်း လုပ်တတ်ကြပါတယ်။ ကလေးက တစ်ခါတလေနေရတာ သက်သောင့်သက်သာမဖြစ်တာကြောင့် ပုံစံပြောင်းတဲ့အခါမျိုးမှာလည်း ဗိုက်ထဲမှာ လှုပ်ရှားမှုကို ခံစားရနိုင်ပါတယ်နော်။ ပူလွန်းတဲ့အစားအစာ၊ အေးလွန်းတဲ့အစားအစာ နဲ့ ချိုတဲ့ အစားအစားစားသုံးလိုက်တဲ့ အခါမှာဖြစ်တဲ့ လှုပ်ရှားမှုက ကြို့ထိုးတာမဟုတ်ပါဘူး။ ကလေးကနေရထိုင်ရ သက်သောင့်သက်သာဖြစ်စေဖို့ ပုံစံပြောင်းတာပါ။

လှုပ်ရှားမှုကို ဗိုက်ရဲ့နေရာအနှံ့မှာခံစားရပြီး ပုံစံပြောင်းနေလိုက်တဲ့အခါ သက်သာသွားမယ်ဆိုရင်တော့ ကလေးက အထဲကနေ ကန်နေတာပါ။

ပုံစံမှန်မှန်ထိုင်နေချိန်မှာ ဗိုက်ရဲ့ တစ်နေရာတည်းကနေ စည်းချက်ညီညီလေးခုန်နေမယ်ဆိုရင်တော့ဘေဘီလေး ဗိုက်ထဲမှာ ကြို့ထိုးနေတာပါနော်။ စဖြစ်ခါစမှာ ထူးဆန်းနေနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှနေသားကျသွားမှာပါ။

ဘေဘီလေးက ဗိုက်ထဲမှာ ဒါတွေလည်းလုပ်တတ်ပါသေးတယ်

ဘေဘီလေးက ဗိုက်ထဲမှာ ဘာမှမလုပ်ဘဲငြိမ်ငြိမ်လေးပဲနေနေတာ၊ အိပ်ပဲအိပ်နေတာလို့ မထင်လိုက်ပါနဲ့နော်။ဘေဘီလေးကမေမေ့ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကြို့ထိုးတတ်တယ်၊ ကန်တတ်တယ်၊ ခန္ဓာကိုယ်ကို ဘယ်၊ညာစောင်းတတ်တယ်၊ လှိမ့်တတ်တယ်၊ လက်နဲ့ တွန်းတတ်တယ်။ ဒါတင်မဟုတ်ပါဘူး။ဘေဘီလေးက ဗိုက်ထဲမှာကတည်းကပြင်ပကအသံတွေကိုကြားနေသလို အနံ့လည်းခံတတ်ပါတယ်။ မြင်လည်းမြင်နေရပြီဖြစ်သလို အချို့ကလေးလေးတွေဆို ဗိုက်ထဲမှာကတည်းက လက်မလေးစုပ်တတ်နေပါပြီနော်။

ဗိုက်ထဲကဘေဘီလေး ကြို့ထိုးသက်သာအောင် ဘာလုပ်ပေးမလဲ

ဘေဘီလေးတွေ ဗိုက်ထဲကနေ ကြို့ထိုးတာက နာကျင်မှုမရှိပေမယ့် မေမေတို့ကို အာရုံစိုက်ရခက်စေပြီး စိတ်ပူစေတာတော့အမှန်ပဲနော်။ ပြီးတော့ ကြို့ထိုးတာက အများဆုံးကြာမှ ၁၅ မိနစ်ပါ။ ညအိပ်ချိန်မှာဆိုရင်တော့ မေမေတို့ အိပ်ရေးပျက်ပြီပေါ့။ ဒီပြဿနာတွေကိုဖြေရှင်းဖို့ အခုပြောမယ့်နည်းလမ်းလေးတွေက အသုံးတည့်မှာပါနော်။

ဗိုက်ရဲ့ တစ်နေရာတည်းက စည်းချက်မှန်မှန်လေးခုန်နေပြီဆိုရင်တော့ ဗိုက်ထဲကဘေဘီလေးကြို့ထိုးနေပြီလို့သာမှတ်လိုက်ပါတော့။ဘေဘီလေးတွေက မမွေးခင်ကတည်း ကြို့ထိုးတာက ယုံတမ်းစကားမဟုတ်ဘူးနော်။ တကယ့်အမှန်ပါနော်………….

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဖိုးဖိုးဖွားဖွားတို့ ဝမ်းချုပ်တာ သက်သာစေဖို့ အိမ်တွင်းကုထုံး

ဝမ်းချုပ်တာက အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် အသက်အရွယ်ကြီးရင့်သူတွေမှာ ပိုအဖြစ်များပါတယ်။ ဝမ်းချုပ်တဲ့အခါ သက်သာစေဖို့ ဘယ်လိုများ လုပ်ပေးရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိသားစုဝင်အချင်းချင်း အဖျားမကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ

ကိုဗစ်ရောဂါ၊ တုပ်ကွေးမိ၊ အအေးပတ်၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကာကွယ်ဆေး၊ ဆပ်ပြာ၊ ရေ၊ လက်သန့်ဆေးရည်၊ ကူးစက်ပြန့်နှံ့မှု၊ အစားအသောက်၊ Social Distancing

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မိခင်နို့ရဲ့ အသုံးဝင်မှု အဖုံဖုံ

မိခင်နို့ ဘေဘီလေးတွေ အာဟာရ ရောဂါတွေ ကျန်းမာရေး မျက်စိနာ မျက်စဉ်း မျက်လုံး ပိုးဝင်တာ ထိခိုက်ရှနာ ကိုယ်ခံအား ဖျားနာ ကြွက်နို့ အရေပြား ယားယံ နာကျင်တာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလမှာ ဘေဘီလေးတို့ရဲ့ ခံစားချက်ကို အလေးဂရုပြုပါ

ကိုဗစ်ကာလမှာ ဘေဘီလေးတို့ရဲ့ ခံစားချက်ကို အလေးဂရုပြုပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 1 min read
ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ အစပ်စားလို့ရသလား

ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ အစပ်စားလို့ရသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read