ကိုယ်ဝန်ဆောင်မေမေ မူးယစ်ဆေးသုံးမိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 13, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ချိန်ကဆောင်ရရှောင်ရများတဲ့ကာလပေါ့။မေမေအတွက်ရောဘေဘီလေးအတွက်ရော အရာရာဆင်ခြင်နိုင်မှတော်ကာကျမှာလေ။ ဒီလိုအခြေအနေမှာ ကဖင်းပါတာတောင်သောက်ဖို့သတိထားနေရတာပါ။ ဒီလိုအချိန်မှာများမေမေက မဆင်မခြင်နဲ့ စိတ်အလိုလိုက်ပြီးဆေးလိပ်အပါအဝင် မူးယစ်ဆေးတစ်မျိုးမျိုးကို သုံးမိတယ်ဆိုရင်ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကတော်တော်များပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ မူးယစ်ဆေးသုံးမိတဲ့အခါဖြစ်လာနိုင်တဲ့ အကျိုးဆက်လေးတွေအကြောင်းပြောပြပေးပါရစေ။

မေမေတစ်ယောက်ဖြစ်လာပြီဆိုရင်

မေမေတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ်တိုင်ကျန်းမာဖို့အတွက်ရော ဗိုက်ထဲကဘေဘီလေး ကျန်းမာဖို့အတွက်ပါ အစားအသောက် အနေအထိုင်ကအစ အစစအရာရာသတိထားရပါတယ်။ ဒီလိုသတိထားနိုင်မှ မိခင်ရောကလေးပါ အန္တရာယ်ကင်းပြီး ကျန်းမာမှာလေ။ ဒီလိုအတိမ်းအစောင်းမခံတဲ့အချိန်မှာ မူးယစ်ဆေးသုံးမိမယ်ဆိုရင် အကျိုးဆက်က ဘယ်လောက်ထိဆိုးလိုက်မလဲ။

ကိုယ်ဝန်ဆောင်မေမေ မူးယစ်ဆေးသုံးမိတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်မှာ မူးယစ်ဆေးသုံးတာက သန္ဓေသားကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။မေမေကဆေးလိပ်သောက်မယ်၊ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုသောက်မယ်ဆိုရင် ဗိုက်ထဲက ကလေးလေးကို ထိခိုက်စေမှာ အသေအချာပါ။ ကိုယ်ဝန်ဆောင်ချိန်က မူးယစ်ဆေးမပြောနဲ့ ကဖင်းနဲ့ အချိုရည်တွေကိုတောင်ရှောင်သင့်တာပါ။မွေးလာမယ့်ကလေးမျာမွေးရာပါထိခိုက်မှုတွေဖြစ်နိုင်သလို လမစေ့ဘဲမွေးတာ၊ပေါင်မပြည့်ဘဲမွေးတာအပါအဝင် ကလေးပျက်ကျတာ၊ အသေလေးမွေးတာ၊ အချင်းကွာကျတာမျိုးဖြစ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ မိခင်ရော ကလေးပါ အသက်ဆုံးရှုံးရတာပါ။ အရက်သောက်တဲ့ မိခင်ကမွေးဖွားလာတဲ့ ကလေးငယ်တွေက အပြုအမူပိုင်းဆိုင်ရာပြဿနာတွေရှိနေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေဆေးခြောက်သုံးရင်…….

ကိုယ်ဝန်ဆောင်မေမေဆေးခြောက်သုံးတဲ့အခါ အချင်းကနေတဆင့်ဘေဘီလေးဆီရောက်သွားနိုင်ပါတယ်။ဆေးခြောက်ကိုရှုမယ်ဆိုရင်လည်း ကလေးဆီကိုထောက်ပံ့ပေးတဲ့အောက်ဆီဂျင်ကနေတဆင့် သန္ဓေသားဆီရောက်ရှိသွားနိုင်ပါတယ်။ဆေးခြောက်သုံးတာကြောင့်မေမေ့ရဲ့သွေးထဲမှာအောက်ဆီဂျင်ပါဝင်မှုနှုန်းနည်းသွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှုကများလာပါမယ်။ ဒီအချိန်မှာဖြစ်လာမယ့် အကျိုးဆက်က သန္ဓေသားဆီအောက်ဆီဂျင်ရောက်ရှိမှုနည်းသွားတာပါ။ သန္ဓေသားကြီးထွားဖို့အတွက် လိုအပ်သလောက်အောက်ဆီဂျင်မရရှိတဲ့အခါ ကိုယ်ဝန်ပျက်ကျတာ၊ပေါင်မပြည့်တဲ့ကလေးမွေးဖွားတာ၊ လမစေ့ဘဲကလေးမွေးဖွားတာ၊ ဖွံ့ဖြိုးမှုနောက်ကျတာ၊ အပြုအမူပိုင်းနဲ့ သင်ယူမှုပိုင်းမှာပြဿနာရှိတာတွေတွေ့ရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ကိုကင်းသုံးရင်…….

ကိုယ်ဝန်ဆောင်မေမေ ကိုက်ကင်းသုံးတဲ့အခါသွေးစီးဆင်မှုကနေတဆင့်ဘေဘီလေးဆီရောက်ရှိသွားမှာပါ။ ကိုကင်းရဲ့ အခြားမူးယစ်ဆေးတွေနဲ့မတူတာကမေမေဆီမှာ သက်ရောက်မှုနည်းပြီးဘေဘီလေးဆီမှာ သက်ရောက်မှုအားများနေတာပါ။ ကိုယ်ဝန်အစောပိုင်းကာလမှာ ကိုကင်းသုံးမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေများပါတယ်။ ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလမှာ ကိုကင်းသုံးမယ်ဆိုရင် အချင်းကွာကျတာ၊သွေးဆင်းတာ၊ လမစေ့ဘဲမွေးတာ၊ သန္ဓေသားသေဆုံးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ဘိန်းဖြူသုံးရင်……..

စွဲလမ်းစေတတ်တဲ့ ဘိန်းဖြူက အချင်းကနေဆင့် ကလေးဆီရောက်ရှိသွားမှာပါ။မေမေက ကိုယ်ဝန်ဆောင်ချိန်မှာ ဘိန်းဖြူသုံးမိမယ်ဆိုရင်ပေါင်မပြည့်တာ၊ လမစေ့တာ၊ အသက်ရှုရခက်တာ၊သွေးတွင်းသကြားဓာတ်ကျတာ၊ ဦးနှောက်ထဲမှာသွေးယိုစီးတာ၊ သန္ဓေသားသေဆုံးတာမျိုးတွေဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ မက်သာဖက်တမင်းသုံးရင်…….

ဒီဆေးကမေမေရောဘေဘီလေးကိုပါ နှလုံးခုန်နှုန်းမြန်စေနိုင်ပါတယ်။ မက်သာဖက်တမင်းကမေမေထက် ကလေးဆီမှာ သက်ရောက်မှုများပါတယ်။ ကလေးဆီအောက်ဆီဂျင်ရောက်ရှိမှုနည်းစေနိုင်ပြီး ကလေးကိုပေါင်မပြည့်ဘဲမွေးတာမျိုးဖြစ်စေနိုင်ပါတယ်။ လမစေ့ဘဲမွေးတာ၊ အချင်းကွာတာ၊ ကိုယ်ဝန်ပျက်ကျတာတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ကလေးကမွေးဖွားလာခဲ့ရင်လည်း မအိပ်တာ၊ ကြွက်သားတွေ အကြောဆွဲတာ၊ အစားအစာကျွေးတဲ့အခါ အခက်အခဲရှိတာမျိုးတွေဖြစ်နိုင်ပါတယ်။ ကလေးကအရွယ်ရောက်လာတဲ့အခါမှာလည်း သင်ယူမှုပိုင်းမှာ အခက်အခဲဖြစ်တာမျိုးတွေရှိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေကက မူးယစ်ဆေးမပြောနဲ့ ကဖင်းနဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့ကိုတောင် မခံမိအောင်နေရမယ့်အနေအထားမှာ မူးယစ်ဆေးသုံးတယ်ဆိုတာက ကိုယ်တိုင်အတွက်ရောဘေဘီလေးအတွက်ပါ အဆိပ်အတောက်ပါ။ ဒါကြောင့် ကိုယ်ကိုယ်တိုင် ကိုယ့်ရင်သွေးလေးကို အဆိပ်ခတ်မိတဲ့သူမဖြစ်စေဖို့ မူးယစ်ဆေးကိုဝေးဝေးရှောင်ပါလို့ပြောပါရစေ……

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား

ကိုယ်အလေးချိန်၊ အစားအသောက်၊ အစာလျှော့စား၊ သစ်သီးတွေ၊ ပရိုတိန်းဓာတ်၊ ဟင်းသီးဟင်းရွက် နေ့လယ်စာ၊ အေးခဲစာ၊ အသင့်စားဆီကြော်မုန့်၊ Junk Food၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်ကမ္ဘာလေးကို ဘယ်လိုအရောင်တွေနဲ့ လွှမ်းခြုံမလဲ

ပတ်ဝန်းကျင်၊ တောက်ပမှု၊ ကြည်လင်မှု၊ ဆွဲဆောင်မှု၊ စိတ်ခံစားချက်၊ ကျန်းမာရေး၊ စူးစမ်းလိုစိတ်၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ အန္တရာယ်၊ စိတ်ကူးဉာဏ်၊ ဗိုက်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အလုပ်ခွင်မှာ အိပ်ငိုက်တဲ့အခါ

အလုပ်ပိတ်ရက် အိပ်ငိုက်တာ တရေးအိပ် အလုပ်ခွင် ထမင်းစား အိပ်ငိုက်မှု ကင်းစေဖို့ ကော်ဖီ ခြေကုန်လက်ပမ်းကျ ခန္ဓာကိုယ် ဦးနှောက်နဲ့ အာရုံကြောစနစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။

အားဖြည့်အချိုရည်တွေ အချိုရည် အစားအသောက် ကော်ဖီ ကယ်လ်လိုရီ အစားအစာ ပေါင်မုန့်အဖြူ သံဓာတ် ဆီကြော်စာ အားအင်ကုန်ခမ်းစေ ခန္ဓာကိုယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးတွေကို ပေးကလိုက်ပါ

ဘေဘီလေးတွေကို ပေးကလိုက်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးမလဲ

သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 3 mins read
ကယ်လ်ဆီယမ်အကြောင်းသိသင့်သမျှ

ကယ်လ်ဆီယမ်အကြောင်းသိသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read
ပင်ပန်းတဲ့ မနက်ခင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ပင်ပန်းတဲ့ မနက်ခင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read