ကိုယ်ဝန်ဆောင်လေဒီတိုင်း ပြည့်ဝဖို့လိုမယ့် အာဟာရဓာတ်တွေက ဘာတွေများလဲ……….

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကိုယ်ဝန်ဆောင်ချိန်မှာ  မေမေကိုယ်တိုင်ရော ဘေဘီလေးပါကျန်းမာစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်လေဒီတိုင်း လုပ်ရမယ့် ကိစ္စကတော့ တစ်ခုပဲရှိပါတယ်။ ဒါကတော့ မေမေရော ဘေဘီလေးပါကျန်းမာစေဖို့ မေမေကလိုအပ်တဲ့အာဟာရဓာတ်တွေကိုပြည့်ဝအောင်စားသုံးတာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ပြည့်ဝဖို့လိုအပ်မယ့် အာဟာရဓာတ်တွေက ဘာတွေများလဲ…….

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝမှုက ဘေဘီလေးကျန်းမာပြီး အကောင်းဆုံးဖွံ့ဖြိုးနိုင်စေဖို့ တော်တော်လေးအရေးပါပါတယ်။ ဒါကြောင့် ကျန်းမာဖွံ့ထွားတဲ့ ဘေဘီလေးမွေးဖွားချင်တယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မျာ အာဟာရတွေပြည့်ဝအောင်စားသုံးဖို့လိုပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မဖြစ်မနေပြည့်ဝသင့်တဲ့အာဟာရဓာတ်တွေက အများကြီးတော့မရှိပါဘူး။ ဒီတော့ ဘာတွေဖြစ်မလဲတူတူကြည့်ရအောင်လား……..

ဖောလိတ် ဒါမှမဟုတ် ဖောလစ်အက်ဆစ်

ဘေဘီလေးမှာ မွေးရာပါချို့ယွင်းချက်မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖောလိတ်က ဗီတာမင် B အမျိုးအစားဖြစ်ပြီး အာရုံကြောတွေကို အကောင်းဆုံးဖွံ့ဖြိုးစေသလို ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဘေဘီလေးကို လမစေ့ဘဲ မွေးဖွားတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

  • ကိုယ်ဝန်မဆောင်ခင်မှာရော ကိုယ်ဝန်ဆောင်ကာလတလျှောက်လုံးမှာပါ တစ်နေ့ကို ဖောလစ်အက်ဆစ်ပမာဏက ၄၀၀ ကနေ ၁၀၀၀ မိုက်ခရိုဂရမ်လိုအပ်မှာပါ။
  • ဖောလစ်အက်ဆစ်ပြည့်ဝစွာရရှိစေဖို့ဆိုရင် ဖောလစ်အက်ဆစ်ဖြည့်ထားတဲ့ cereals၊ အစိမ်းရင့်ရောင်အရွက်တွေ၊ အချဉ်သီးတွေ၊ ပဲအမျိုးမျိုးတို့ စားပေးလို့ရပါတယ်။

ကယ်လ်ဆီယမ်

မေမေရော ဘေဘီလေးပါ အရိုးတွေကြံခိုင်ဖွံ့ဖြိုးစေဖို့ပါ။ အရိုးနဲ့သွားတွေ ကြံ့ခိုင်စေဖို့ ကယ်လ်ဆီယမ်က မဖြစ်မနေလိုအပ်တဲ့ အာဟာရဓာတ်ပါ။ ကယ်လ်ဆီယမ်က သွေးလည်ပတ်မှုကောင်းစေနိုင်သလို ကြွက်သားနဲ့ အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်လေဒီတို့အနေနဲ့ တစ်နေ့တာကို ကယ်လ်ဆီယမ် ၁၃၀၀ မီလီဂရမ် ရရှိဖို့လိုအပ်ပါမယ်။
  • နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ကယ်လ်စီယမ်ဖြည့်စွက်ထားတဲ့ cereals တို့ကို စားပေးလို့ရပါတယ်။

ဗီတာမင် D

အရိုးတွေ သန်မာမှုကို မြှင့်တင်ပေးပါတယ်။ ဘေဘီလေးရဲ့ အရိုးနဲ့သွားတွေအကောင်းဆုံး ဖွံ့ဖြိုးစေဖို့ အထောက်အကူပြုပေးပါတယ်။

  • ကိုယ်ဝန်ဆောင်မေမေအနေနဲ့ တစ်နေ့တာကို ဗီတာမင် D ၆၀၀ international units (IU) ရရှိဖို့ လိုအပ်ပါမယ်။
  • ဆယ်လ်မွန်လိုမျိုး အဆီများတဲ့ငါးတွေ၊ ဗီတာမင် D ဖြည့်စွက်ထားတဲ့ နို့၊ လိမ္မော်ရည်တွေကို သောက်သုံးပေးလို့ရပါတယ်။

ပရိုတင်း

အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ အထောက်အပံ့ပေးပါတယ်။ ဘေဘီလေးကောင်းမွန်စွာကြီးထွားဖွံ့ဖြိုးလာစေဖို့ အရေးပါ ပါတယ်။
  • ကိုယ်ဝန်ဆောင်မေမေအနေနဲ့ တစ်နေ့တာကို ပရိုတင်း ၇၁ ဂရမ် ရရှိဖို့လိုအပ်ပါမယ်။
  • အဆီမပါတဲ့အသား၊ ကြက်သား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး။ အစေ့အဆန်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကနေရရှိနိုင်ပါတယ်။

သံဓာတ်

သံဓာတ်က သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ hemoglobin တွေဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ ဘေဘီလေးဆီ သွေးနဲ့ အောက်ဆီဂျင် အလုံအလောက်ရောက်စေဖို့ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ သံဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်မပြည့်ဝဘူးဆိုရင် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါဖြစ်စေနိုင်သလို မအီမသာဖြစ်တာ၊ ပင်ပန်းနွမ်းနယ်တာမျိုး ခံစားရနိုင်ပါတယ်။
သံဓာတ်ချို့တဲ့မှု ပြင်းထန်မယ်ဆိုရင် လမစေ့ဘဲ ကလေးမွေးဖွားတာ၊ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတာ၊ ကလေးမွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်မေမေအနေနဲ့ တစ်နေ့တာကို သံဓာတ် ၂၇ မီလီဂရမ် ရရှိဖို့လိုအပ်ပါတယ်။
  • သံဓာတ်ပြည့်ဝစေဖို့ အဆီမပါတဲ့ အနီရောင် အသား၊ ကြက်သား၊ ငါး၊ သံဓာတ်ဖြည့်စွက်ထားတဲ့ cereals၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်တို့ကနေ သံဓာတ်ကို ရရှိနိုင်ပါတယ်။

အိုင်အိုဒင်း

ဘေဘီလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ဖွံ့ဖြိုးဖို့ အရေးပါပါတယ်။ ဘေဘီလေး ဉာဏ်ကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်မေမေအနေနဲ့ တစ်နေ့တာကို အိုင်အိုဒင်းပမာဏ ၂၂၀ ကနေ ၂၅၀ mcg လိုအပ်ပါမယ်။
  • အိုင်အိုဒင်းပြည့်ဝစေဖို့ဆိုရင် အိုင်အိုဒင်းဆား၊ နို့ထွက်ပစ္စည်း၊ ပင်လယ်စာနဲ့ အချို့သော ပေါင်မုန့်တွေကနေ ရရှိနိုင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 13, 2020 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 13, 2020

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။