ကိုယ်ဝန်ဆောင်မေမေ နွားနို့သောက်ပါလို့ ပြောရတဲ့ အကြောင်းအရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 20, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့နေ့တိုင်းဆုတောင်းမိနေနိုင်တာက ဘေဘီလေး ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ကောင်းစေဖို့ဟုတ်။ ဒီတစ်ခေါက်တော့ ကျန်းမာဖွံ့ထွားပြီး ဉာဏ်ကောင်းတဲ့ ဘေဘီလေး မွေးဖွားလာစေနိုင်ယ့် အစားအသောက်လေးတစ်ခုအကြောင်း ပြောပြပေးပါရစေ။

ကိုယ်ဝန်ဆောင်မေမေ နွားနို့သောက်လို့ရလား………

ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့အာဟာရတွေပြည့်စုံဖို့ စားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာ နွားနို့ကလည်း တစ်ခုအပါအဝင်ပါ။ နွားနို့က ပရိုတင်း၊ ကယ်လ်ဆီယမ် အပါအဝင် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေရော ဗိုက်ထဲက ဘေဘီလေးပါကျန်းမာစေဖို့အတွက် နွားနို့သောက်ပေးလို့ရပါတယ်။

ကိုယ်ဝန်ဆောင်မေမေ နွားနို့သောက်ပေးသင့်တဲ့ အကြောင်းအရင်း

ကိုယ်ဝန်ဆောင်ချိန်မှာ နွားနို့သောက်ပေးတာက

အရိုးနဲ့သွားတွေကို သန်မာစေနိုင်တယ်

နွားနို့က ကယ်လ်ဆီယမ်ကြွယ်ဝတာကြောင့် အရိုးနဲ့သွားတွေကို သန်မာစေနိုင်တယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ ကယ်လ်ဆီယမ်လိုအပ်ချက်က ကိုယ်ဝန်ဆောင်မေမေတွေမှာ ပိုများပါတယ်။ အကြောင်းကတော့ ကိုယ်တိုင် အရိုးနဲ့သွားတွေ သန်မာစေဖို့အတွက်ရော ဗိုက်ထဲက ဘေဘီလေး အရိုးနဲ့သွားတွေ အကောင်းဆုံးဖွံ့ဖြိုးစေဖို့အတွက်ပါ အရေးပါပါတယ်။

ဗီတာမင် ကြွယ်ဝစေနိုင်တယ်

နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင် Bဗီတာမင် Dတို့လိုမျိုး ဗီတာမင်တွေ ကြွယ်ဝစွာပါဝင်နေပြီး အရိုးသန်မာစေဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်လည်း ပြည့်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် D ကခန္ဓာကိုယ်က ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရောကလေးပါ ကျန်းမာစေဖို့ နဲ့ ကိုယ်ဝန်ပျက်ကျနိုင်ခြေကို နည်းစေဖို့ဆိုရင် ဗီတာမင် D ကြွယ်ဝစွာပါဝင်နေဖို့လိုပါမယ်။

ရင်ပူတာကို သက်သာစေနိုင်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာက ကိုယ်ဝန်ဆောင်မိခင်တော်တော်များများ ခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဒါပေမယ့် ဒီပြဿနာက ဖြေရှင်းလို့မရတာတော့မဟုတ်ပါဘူး။ သဘာဝနည်းလမ်းလေးတွေသုံးပြီး သက်သာအောင်လုပ်လို့ရပါတယ်။ ဒီနည်းလမ်းတွေထဲက တစ်ခုက နွားနို့သောက်တာပါ။ နွားနို့က အစာအိမ်တွင်းကအက်ဆစ်ပမာဏကို ညီညွတ်မျှတစေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ရင်ပူတာကို သိသိသာသာ သက်သာစေနိုင် ပါတယ်။

ဘေဘီလေးကို ကျန်းမာစေနိုင်တယ်

လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက နွားနို့ပုံမှန်သောက်ပေးမယ်ဆိုရင် မွေးလာမယ့် ကလေးက ကျန်းမာစေနိုင်ပြီး အသက်အရွယ်ရလာတဲ့အထိလည်း ရောဂါကင်းပြီးကျန်းမာတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ကလေးကို အရပ်ပိုရှည်၊ ဉာဏ်ပိုကောင်းပြီး အမျိုးအစား (၂) ဆီးချိုအပါအဝင် ရောဂါတော်တော်များများကို ကင်းစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက နွားနို့သောက်ပေးဖို့လိုပါမယ်။ နွားနို့က ကလေးကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံးအားဖြည့်ပေးနိုင်သလို ရောဂါကင်းပြီး ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပါ။

ဦးနှောက် ဖွံ့ဖြိုးစေနိုင်တယ်

ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အိုင်အိုဒင်းက အရေးပါပါတယ်။ ဗိုက်ထဲမှာ ကတည်းက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော စနစ်ဖွံ့ဖြိုးစေဖို့ဆိုရင် မေမေက အိုင်အိုဒင်းဓာတ် ပြည့်ဝအောင်စားသုံးဖို့လိုပါမယ်။ အိုင်အိုဒင်းပါဝင်တဲ့ အစားအစာကလည်း တော်တော်လေးတော့နည်းပါးပါတယ်။ ဒီတော့ မေမေတို့အနေနဲ့ ဘေဘီလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝစေဖို့ဆိုရင် အလွယ်ကူဆုံးနည်းလမ်းက နွားနို့သောက်တာပါ။

အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်တယ်

ပရိုတင်းက ဘေဘီလေးကို အကောင်းဆုံးဖွံ့ဖြိုးစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရပါ။ ကိုယ်ဝန်ဆောင်ကာလမှာ မေမေက ပရိုတင်းလုံလောက်ပြည့်ဝစွာစားသုံးမှ မေမေလည်း ကျန်းမာတဲ့ ကိုယ်အလေးချိန်ရရှိပြီး ဗိုက်ထဲက ဘေဘီလေးလည်း အကောင်းဆုံးဖွံ့ဖြိုးလို့ ပေါင်မပြည့်ဘဲ မွေးဖွားမှုကနေကင်းဝေးမှာပါ။ ဒါ့အပြင် နွားနို့မှာ ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ amino acid ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါ​ကြောင့် မေမေရော ဘေဘီလေးပါ ကျန်းမာဖွံ့ထွားစေဖို့ နွားနို့သောက်ပေးသင့်ပါတယ်။

ဗိုက်ထဲက ဘေဘီလေးရော မေမေပါကျန်းမာစေဖို့အတွက် တစ်နေ့ကို ပိုးသတ်သန့်စင်ပြီး သေချာကျိုချက်ထားတဲ့ နွားနို့ကို တစ်ခွက်ကနေ ၃ ခွက်လောက်အထိသောက်သုံးပေးလို့ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
how-to-prevent-cancer-recurrence ကင်ဆာပြန်မဖြစ် အောင်

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read