ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ၏ လက္ခဏာများ
လူအများစုက ကလေးမွေးခြင်းသည် ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေသည်ဟု ထင်ကြသည်။ သို့သော် အချို့ကိစ္စများတွင် အမျိုးသမီးများသည် စိတ်ခံစားမှုမကောင်းခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုအခြေအနေကို ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ဟုခေါ်ပါသည်။ အမျိုးသမီးများသည် ကလေးမွေးဖွားပြီးနောက် ရုတ်တရက် ဟော်မုန်း အပြောင်းအလဲများကြောင့် မိခင်တွင် စိတ်ခံစားလွယ်ခြင်း၊ အငိုလွယ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပူပန်သောကရောက်ခြင်းတို့ကို ခံစားရစေပါသည်။ ကံကောင်းသောအချက်မှာ ထိုအခြေအနေသည် အကြာကြီး မဖြစ်နေဘဲ မွေးဖွားပြီး ရက်အနည်းငယ်တွင် ပျောက်သွားတတ်သည်။ သို့သော် လက္ခဏာများမှာ မသက်သာဘဲ ပိုဆိုးလာလျှင် စိတ်ကျရောဂါလားဆိုတာ ဆန်းစစ်ဖို့ အောက်ပါအချက်တွေနဲ့ စစ်ဆေးကြည့်သင့်ပါသည်။ ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ၏ အဖြစ်များသော လက္ခဏာများ အဓိကလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ဝမ်းနည်းခြင်း၊ စိတ်ဓာတ် ကျဆင်းခြင်းကို တောက်လျှောက်ခံစားရသည်။ ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အရာများကို စိတ်ဝင်စားမှုမရှိပါ။ ယခင်က စိတ်ပျော်ရွှင်မှုပေးနိုင်သော […]