home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ

ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ
သားသမီးတွေကို အကောင်းဆုံးတွေပဲဖြစ်စေချင်တာက မိဘတွေရဲ့ဆန္ဒပါ။ ကိုယ့်ကြောင့်တစ်ခုခုထိခိုက်သွားမှာကိုအရမ်းစိုးရိမ်တတ်တာကလည်း မိဘမေတ္တာပေါ့။ ဒီတစ်ခေါက်တော့ မေမေတွေသိချင်နေတဲ့ ကိုယ့်မှာ အသည်းရောင် အသားဝါရောဂါပိုးရှိရင် သားသမီးလေးကို ကူးစက်စေနိုင်မလားဆိုတဲ့ ကိစ္စလေးကိုဆွေးနွေးချင်တာပါနော်။

အသည်းရောင်အသားဝါ

အသည်းရောင် အသားဝါဆိုတာက အသည်းကိုပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တဲ့ရောဂါတစ်မျိုးပါ။ ကိုယ်ဝန်ရှိနေမယ်ဆိုရင် မိခင်ကနေတဆင့်မွေးလာမယ့် ကလေးငယ်ကို ကူးစက်နိုင်ခြေတော့ရှိပါတယ်။

အသည်းရာင်အသားဝါပိုးက တစ်ခါတလေမှာ ကူးစက်ခံထားရရင်တောင် ကူးစက်ခံထားရမှန်းမသိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါဆို အသည်းရောင်အသားဝါပိုးတွေက မွေးလာမယ့် ကလေးငယ်ကို ထိခိုက်စေနိုင်လား။ ကိုယ်ဝန်ကိုရော ထိခိုက်စေနိုင်လားဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါနော်။

အသည်းရောင် အသားဝါ စီပိုး

သွေးကနေတဆင့် ကူးစက်နိုင်တာပါ။ဆေးထိုးအပ်မျှသုံးတာကြောင့် ကူးစက်နိုင်ပါတယ်နော်။သွေးကနေတဆင့် ကူးစက်နိုင်ပါတယ်။ မိခင်ဝမ်းထဲမှာနေနေစဉ်၊မွေးဖွားတဲ့အချိန်နဲ့မွေးဖွားပြီးချိန်တွေမှာ ကူးစက်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ မမွေးခင်မှာ ကူးစက်ခံရနိုင်ခြေက တော်ေ်တာ်လေးနည်းပါတယ်။ မိခင်အနေနဲ့ အသည်းရောင်အသားဝါ စီပိုးရှိနေမယ်ဆိုရင် ကလေးကို ခွဲမွေးတာက အကောင်းဆုံးဖြစ်ပါမယ်နော်။ နို့တိုက်ကျွေးလို့တော့ရပါတယ်နော်။ အသည်းရောင်အသားဝါ စီပိုးက မိခင်နို့ကနေတဆင့် မကူးနိုင်ပါဘူး။ နို့သီးခေါင်းမှာ ထိခိုက်မိတာတစ်စုံတရာမရှိဖို့တော့လိုပါမယ်နော်။ ကိုယ်ဝန်ဆောင်ကာလမှာ အသည်းရောင်အသားဝါ စီပိုးကုသမှုကို ရပ်ထားဖို့လိုပါမယ်။ အသည်းရောင် အသားဝါ စီပိုးက သန္ဓေသားမှာ မွေးရာပါထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။

အသည်းရောင် အသားဝါ ဘီပိုး

ဒီရောဂါပိုးက အသည်းကိုထိခိုက်စေနိုင်ပါတယ်။ ကလေးမမွေးခင်၊မွေးဖွားနေစဉ်နဲ့မွေးဖွားပြီးချိန်တွေမှာ မိခင်ကနေတဆင့် ကလေးကို ကူးစက်နိုင်ပါတယ်။ ရိုးရိုးမွေးတာပဲဖြစ်ဖြစ် ခွဲမွေးတာပဲဖြစ်ဖြစ် ကလေးကို ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးကသွေးကနေတဆင့်တင်မကဘဲ သုက်ရည်၊ မိန်းမကိုယ်ကထွက်တဲ့အရည်တွေ၊ တံထွေးအပါအဝင်ခန္ဓါကိုယ်ကနေထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးက အသည်ရောင်အသားဝါ ဘီပိုးကို ကာကွယ်ပေးနိုင်ပေမယ့် ကလေးအများစုကမွေးဖွားချိန်မှာ အသည်းရောင် အသားဝါ ဘီ ပိုးကူးစက်ခံရတာပါ။

မိခင်မှာ ရောဂါပိုးရှိနေတာက လွန်ခဲ့တဲ့ ၆ လလောက်ကမှဖြစ်နေမယ်ဆိုရင် ကလေးမှာ အသည်းရောင်အသားဝါ ဘီ ကူးစက်ခံရနိုင်ခြေက ၉၀ ရာခိုင်နှုန်းအထိရှိနေနိုင်ပါတယ်။ ကူးစက်ခံထားရတာက ကြာနေပြီဆိုရင်တော့ရောဂါကူးစက်ခံရနိုင်ခြေက ၁၀ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်းလောက်ပဲရှိမှာပါ။ အသည်းရောင်အသားဝါ ဘီပိုးရှိနေတဲ့မိခင်ကနေ ကလေးကိုမွေးဖွားလိုက်ပြီဆိုရင် ကလေးကိုမွေးပြီးပြီးချင်းမှာ ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးပါလိမ့်မယ်။ဆေးထိုးပြး ၁၂ နာရီအတွင်းမှာနောက်ထပ်ဆေးတစ်လုံးထပ်ထိုးပေးပါလိမ့်မယ်။ ဒီလိုလုပ်ပေးခြင်းက ကလေးကိုရောဂါကူးစက်နိုင်ခြေနည်းသွားစေမှာပါ။ အကောင်းဆုံးသော ကာကွယ်မှုရစေဖို့အတွက် ကလေးကိုနောက် ၆ လကြာတဲ့အခါနောက်ထပ် ကာကွယ်ဆေးနှစ်ကြိမ် ထပ်ထိုးပေးဖို့ လိုအပ်ပါမယ်။

အသည်းရောင် အသားဝါအေပိုး

အပေါ်က နှစ်ခုလောက်တော့ မပြင်းထန်ပါဘူး။ ဒါပေမယ့် အသည်းရောင်အသားဝါအေ ပိုးက အခြားရောဂါပိုး နှစ်မျိုးထက် ကိုယ်ဝန်ဆောင်ကာလမှာပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါတယ်။

ရောဂါပိုးရှိသူရဲ့ မစင်နဲ့ထိတွေ့မိတာ၊ မသန့်ရှင်းတဲ့အစားအစာတွေ၊သောက်စရာတွေကို စားသုံးမိတာ၊ ညစ်ပေနေတဲ့ လက်တွေနဲ့ အစားစားတာတွေကနေတဆင့်ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။ ဒီရောဂါပိုးက ကုသစရာမလိုဘဲ သူ့အလိုလိုပြန်ကောင်းသွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေဆီကနေဘေဘီလေးဆီကို ကူးစက်တာကတော့ဖြစ်ခဲပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဒီရောဂါပိုး ကူးစက်ခံရမယ်ဆိုရင် လမစေ့ဘဲ ကလေးမွေးဖွားတာ၊မွေးမယ့်ရက်မတိုင်ခင် အချင်းကွာတာမျိုးတွေဖြစ်နိုင်ပါတယ်။

အကောင်းဆုံးအကြံပေးချင်တာကတော့ ကာကွယ်ဆေးတွေကို ထိုးနှံထားဖို့ပါ ။ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားမယ်လို့ ဆုံးဖြတ်ထားတဲ့မေမေတို့အနေနဲ့ ကိုယ်တိုင်အတွက်ရော ရင်းသွေးလေးအတွက်ပါ ထိခိုကမှုမ၇ျိအောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်နော်။ဖြစ်ပြီးမှ ရင်တမမနဲ့ စိတ်ပူနေရမှာထက်စာရင် မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကာကွယ်ဆေးတွေကို ထိုးနှ့ထားဖို့ တိုက်တွန်းပါရစေနော်……….

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

[Management and treatment of pregnant women with hepatitis B]https://www.ncbi.nlm.nih.gov/pubmed/20051170 Accessed Date 15 March 2019

Hepatitis B in pregnancyhttps://www.ncbi.nlm.nih.gov/pmc/articles/PMC3442205/ Accessed Date 15 March 2019

Hepatitis and Pregnancy: What to Knowhttps://www.webmd.com/hepatitis/hepatitis-pregnancy-what-to-know#3 Accessed Date 15 March 2019

If I have hepatitis B, does my newborn need treatment?https://www.webmd.com/hepatitis/qa/if-i-have-hepatitis-b-does-my-newborn-need-treatment Accessed Date 15 March 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 26/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။