ကိုယ်ဝန်ဆောင်သွေးတိုးကို ဒီလိုသက်သာအောင်လုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 10, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ချိန်က အခြားကာလတွေလို မဟုတ်ပါဘူး။ လုံးဝကို အတိမ်းအစောင်းမခံတဲ့အချိန်ပါ။ ဖျားနာလို့ ဆေးသောက်ဖို့လည်းတော်တော်လေး စဉ်းစားရတဲ့အချိန်မှာသွေးတိုးများဖြစ်နေရင်တော်တော်လေးခံစားရခက်မှာနော်။သွေးကျဆေး သောက်လို့ရောဖြစ်ပါ့မလားလို့တွေးနေမိမှာပေါ့နော်။ ကိုယ်ဝန်ဆောင်သွေးတိုးကြောင့် စိတ်မညစ်ရစေဖို့ ဒီနည်းလေးတွေကို အဆင်ပြေစေမှာပါနော်။

ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာ

ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့ သွေးပေါင်ချိန်ထက်တွေထက်များနေတဲ့ အခြေအနေတစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာဖြစ်လာတဲ့ လက္ခဏာတစ်ခုပါ။ ဒီကာလကနေ ကိုယ်ဝန်မွေးဖွားတဲ့အချိန်ထိတောက်လျှောက်ခံစားရမယ့် အခြေအနေတစ်ရပ်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရှိနေပြီဆိုရင်သွေးပေါင်ချိန်ကြည့်တဲ့အခါ အပေါ်သွေးက ၁၄၀ mmHg ရှိနေပြီး အောက်သွေးက ၉၀ mmHg ရှိနေနိုင်ပါတယ်။ ဒီအခြေအနေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်သွေးတိုးရှိနေပြီဆိုတာသေချာနေပါပြီ။

ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ

ကိုယ်ဝန်ဆောင်သွေးတိုးက ကိုယ်ဝန်ဆောင်တိုင်းမှာဖြစ်တယ်တော့မဟုတ်ပါဘူး။ အခုပြောပြမယ့်သူတွေကတော့ ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေမြင့်နေသူတွေပါနော်။

  • ပထမဆုံး ကိုယ်ဝန်ဆောင်တဲ့မေမေတွေ
  • မိခင် နဲ့ အစ်မတော်စပ်သူတွေက ကိုယ်ဝန်ဆောင်သွေးတိုးခံစားဖူးတဲ့မေမေတွေ
  • အမြွှာကိုယ်ဝန်ေဆာင်ထားရတဲ့မေမေတွေ
  • အသက် ၂၀အောက် မေမေတွေ
  • အသက် ၄၀ အထက်မေမေတွေ
  • သွေးတိုးရောဂါအခံရှိတဲ့မေမေတွေ
  • ကျောက်ကပ်ရောဂါရှိတဲ့မေမေတွေက အခြားကိုယ်ဝန်ဆောင်မေမေတွေထက် ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေကို ပိုများစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်သွေးတိုးအတွက်သွေးကျဆေးသောက်လို့ရလား

ကိုယ်ဝန်ဆောင်သွေးတိုးအတွက်သွေးကျဆေးသောက်ဖို့ ဆရာဝန်အများစုက မညွှန်းကြပါဘူး။ အကြောင်းကတော့ ဖွံ့ဖြိုးကြီးထွားနေတဲ့ ရင်သွေးလေးကို ထိခိုက်မှာစိုးတာကြောင့်ပါ။ဘေဘီလေးကို ထိခိုက်မှုမဖြစ်စေဖို့သွေးတိုးတာကို ဒီအတိုင်ဒနေရမျာလားဆိုတော့ မဟုတ်ပါဘူး။ အခုလိုမျိုးနည်းလေးတွေကို အသုံးပြုပေးလို့ရပါတယ်။

  • သက်တောင့်သက်သာလေးလှဲနေပါ။
  • ပြည့်ပြည့်ဝဝအနားယူပါ။
  • ဆားလျှော့စားပါ
  • ခန္ဓါကိုယ်ကို ဘယ်ဘက်စောင်းအိပ်လို့ ပင်မသွေးကြောတွေပေါ်မျာ ဖိမိနေတဲ့ ဝန်တွေကိုလျှော့ပါ။
  • အာလူးကြော်တို့လိုမျိုး အငန်ကဲတဲ့သရေစာတွေကိုလျှော့စားပါ။
  • အယ်လ်ကိုဟောပါတာတွေကိုရှောင်ပါ။
  • ကဖင်းကိုရှောင်ပါ။
  • တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက်သောက်ပါ။

ကိုယ်ဝန်ဆောင်သွေးတိုးအတွက် အကောင်းဆုံးသောနည်းလမ်းများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့သွေးတိုးရောဂါကြောင့်ဘေဘီလေးေရာ၊မေမေမှာပါထိခိုက်တာမျိုးမဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေက သက်သာစေဖို့ရော ကာကွယ်တဲ့အနေနဲ့ပါ အသုံးဝင်မှာပါ။

ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ဖို့ မဆိုလိုပါဘူး။ ကိုယ်ဝန်ဆောင်မေမေတို့ သက်တောင့်သက်သာဖြစ်စေပြီး ကိုယ်ခံအားကောင်းစေမယ့်လေ့ကျင့်ခန်းမျိုးကို တစ်နေ့ကို မိနစ် ၃၀လောက်လုပ်ပေးပါ။ လမ်းလျှောက်တာမျိုးဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်ယောဂလိုမျိုးလေ့ကျင့်ခန်းတွေလုပ်ပေးပါ။

ဆားလျှော့စားပါ

ကိုယ်ဝန်ဆောင်သွေးတိုးကိုကာကွယ်နိုင်မယ့် သဘာဝ နည်းလမ်းတစ်ခုက ဆားလျှော့စားတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်းမမျှတတာကြောင့် ကိုယ်ခံအားထိခိုက်တာမျိုးဖြစ်စေနိုင်သလိုသွေးတိုးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဆားလျှော့စားတာကမေမေတို့အတွက် အကောင်းဆုံးဖြစ်မှာပါ။

ငှက်ပျောသီးစားပေးပါ

တစ်နေ့ကို ငှက်ပျောသီးတစ်လုံး ပုံမှန်စားပေးပါ။ ဒီလိုစားပေးတာက အမျှင်ဓါတ်ရရှိစေတာကြောင့် ဝမ်းမှန်စေနိုင်သလို ပိုတက်ဆီယမ်ပါဝင်မှုကြောင့်သွေးတိုးကာကွယ်ပေးမှာ အသေအချာပါ။သွေးတိုးတတ်သူတွေအတွက် ဓါတ်စာဆိုလည်း မမှားပါဘူး။

စိတ်ဖိစီးမှုလျှော့ပါ

စိတ်ဖိစီးမှုကလည်းသွေးတိုးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀လောက် သီချင်းနားထောင်ပေးတာ၊ တရားထိုင်တာမျိုးတွေလုပ်ပြီးသွေးတိုးတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါ။

ကဖင်းရှောင်ပါ

ကဖင်းသောက်သုံးမှုကလည်းသွေးတိုးစေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့်မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့သွေးပေါင်ချိန်ရရှိစေဖို့ ကဖင်းကို တတ်နိုင်သမျှလျှော့ပါ။

သရေစာတွေရှောင်ပါ

အာလူးကြော်တွေ၊ကွတ်ကီးတွေလိုမျိုး တာရှည်ခံအောင်လုပ်ထားပြီး အငန်ကဲတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ပါ။ ဒါမှ ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးဖြစ်တာကိုလျော့ကျစေနိုင်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးတွေကို ပေးကလိုက်ပါ

ဘေဘီလေးတွေ အက ကခြင်း လမ်းလျှောက်တတ်စ သားသားမီးမီးလေး ရုပ်ပိုင်းဆိုင်ရာ သီချင်းသံ ယုံကြည်မှု လွတ်လွတ်လပ်လပ် ပေါင်းသင်းဆက်ဆံရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon

သွေးဆုံးချိန်မှာ ဘာတွေကြုံရတတ်သလဲ

သွေးဆုံးခြင်း မျိုးဥကြွေခြင်း ဟော်မုန်းများ ကျန်းမာရေးပြဿနာ အရိုးပွခြင်း လိင်မှုကိစ္စ စိတ်ပိုင်းဆိုင်ရာ ကိုလက်စထရော သိပ်သည်းဆ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ

အသားဝါရောဂါ မျက်လုံး အဖြူသား အစားအစာ အသည်း ခန္ဓာကိုယ် သွေးဆဲလ်တွေ bilirubin အဆိပ်အတောက်တွေ မသန့်ရှင်းတဲ့ရေ အုန်းစိမ်းရည် ဟင်းသီးဟင်းရွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ပုန်းရည်ကြီး အာဟာရ ကြက်သွန်နီ ကြက်သွန်ဖြူ ဆီ ငရုတ်သီးစိမ်း ကျန်းမာရေး ခံတွင်းတွေ့ အာဟာရ ပရိုတင်း အမျှင်ဓာတ် ပဲပိစပ် အချဉ်ဖောက် ဆေးဖက်ဝင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ယုန်မွေးတာ ကျန်းမာရေးကို ထိခိုက်စေသလား။

ယုန်မွေးတာ ကျန်းမာရေးကို ထိခိုက်စေသလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ် စားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read

ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read