- ဗိုက်ထဲက ထွက်လာတဲ့ကလေး ပြာနေမယ်၊
- ငိုလည်း မငိုဘူး၊
- နှလုံးခုန်သံလည်း တိုးနေမယ်၊
- အသက်လည်း ကောင်းကောင်း မရှူနိုင်ဘူး
- ရေမွှာရေတွေကလည်း ညစ်ပတ်နေမယ်ဆိုရင် ကလေးကို ချက်ချင်း အသက်ကယ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါပြီ။ ။
၅ ။ မီးဖွားပြီးနောက်ပိုင်း သွေးတွေ တအားသွန်တာ။ ။
ကလေးတစ်ယောက်မွေးချိန်ဆို ရိုးရိုးမွေးရင် သွေး 500 ml နဲ့ အထက်၊ ဗိုက်ခွဲမွေးရင် သွေး 1000 ml နဲ့အထက် မိခင်က ဆုံးရှုံးမီးတွင်းမှာ သွေးသွန်တယ်လို့ ခေါ်ပါတယ်။ မွေးပြီး ၂၄နာရီ အတွင်းမှာ ဖြစ်နိုင်သလို မီးတွင်း ၆ပတ်မှာလည်း ဖြစ်နိုင်ပါသေးတယ်။ ဒီလို သွေးသွန်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့
- အချင်းကွာတဲ့အချိန်မှာ အကုန်မကွာဘဲ အပိုင်းအစတွေကျန်နေတာ
- ကိုယ်ဝန်ကြီးနဲ့တုန်းက ကိုယ်ဝန်ဆိပ်တက်ပြီး သွေးတိုးတာတွေဖြစ်ခဲ့တာ
- ကလေးကို ညှပ်ဆွဲမွေးရလို့မွေးလမ်းကြောင်းမှာ ထိခိုက်မိသွားတာ
- သားအိမ်ကွဲသွားတာ
- သွေးမတိတ်ရောဂါ အမေမှာ ရှိနေတာမျိုး တွေကြောင့် သွေးသွန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဒါတွေ အားလုံးက ကလေးမီးဖွားချိန်မှာ အများဆုံး ဖြစ်တတ်တဲ့ ပြဿနာတွေ ပဲဖြစ်ပါတယ်။ ဒီပြဿနာတွေ အားလုံးက အချိန်မီ ကုသမှု မခံယူရင် မိခင်ကိုရော၊ ကလေးကိုပါ ဒုက္ခပေးနိုင်တဲ့ အကြောင်းအရင်းတွေဖြစ်လို့ ကိုယ်မီးဖွားတော့မယ်ဆိုရင် ကျွမ်းကျင်ပြီး အတွေ့အကြုံ ပြည့်တဲ့ ဆရာဝန်၊ သားဖွားဆရာမတွေနဲ့ သေချာအပ်ပြီး မီးဖွားတာက အကောင်းဆုံးပါ။ ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။