ကိုယ်ဝန်ဆောင် ယုံတမ်းစကား - အာထရာဆောင်းမရိုက်ဘဲ ဗိုက်ထဲက ကလေး သားလေးလား, သမီးလေးလား ပြောနိုင်သလား

    ကိုယ်ဝန်ဆောင် ယုံတမ်းစကား - အာထရာဆောင်းမရိုက်ဘဲ ဗိုက်ထဲက ကလေး သားလေးလား, သမီးလေးလား ပြောနိုင်သလား

    ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်းလိုလိုဟာ ကလေးရဲ့ လိင်ကို ဘယ်လိုခန့်မှန်းရမယ်ဆိုတဲ့ ယုံတမ်းစကားတွေကို တစ်ခါ နှစ်ခါတော့ ကြားဖူးကြမှာပါ။ လိင်ခန့်မှန်းတဲ့ ယုံတမ်းစကားတွေဟာ ဟိုးရှေးအခါတည်းက ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် Ultrasound တွေ တတ်နိုင်တဲ့ ဈေးနဲ့ အလွယ်တကူ ရိုက်လို့ရလာတဲ့ ယနေ့အထိကို မိဘတွေဟာ ဒီယုံတမ်းစကားတွေကို စိတ်လှုပ်ရှားနေကြတုံးပါပဲ။ ဒါတွေကို လေ့လာကြည့်ပြီး သိပ္ပံပညာနဲ့ ကိုက်ညီရဲ့လားဆိုတာကို ဆန်းစစ်ကြည့်ကြရအောင်။

    ၁။ ဗိုက်ပုံစံက ကလေးရဲ့ လိင်ကို ပြောပြပါတယ်။

    ဒါဟာ တစ်ချိန်လုံး ကြားနေရတဲ့ ယုံတမ်းစကား တစ်ခုဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ဗိုက်ဟာ အောက်အရှေ့ပိုင်းကို ကျနေတယ်ဆိုရင် ယောက်ျားလေး ရနိုင်ပါတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာအရတော့ ကလေးရဲ့ လိင်ဟာ ဗိုက်ပုံသဏ္ဍာန်နဲ့ ဘာမှ သက်ဆိုင်မှု မရှိပါဘူး။ တကယ်တော့ ဗိုက်ရဲ့ ပုံသဏ္ဍာန်ဟာ ကိုယ်ခန္ဓါအချိုးအစား၊ ကိုယ်အလေးချိန်၊ ကြွက်သားတွေနဲ့ ကလေးရဲ့ တည်ရှိနေပုံတွေပေါ်ကို မူတည်ပါတယ်။

    ၂။ ကလေးရဲ့ နှလုံးခုန်သံဟာ လိင်ကို ဆုံးဖြတ်ပေးနိုင်ပါတယ်။

    ဒီယုံတမ်းစကားဟာ သိပ္ပံပညာကို အခြေခံထားတယ်လို့ ထင်စရာရှိပေမယ့် တကယ်က ဘာမှ မဆိုင်ပါဘူး။ လေ့လာမှုတွေက ကလေးနှလုံးခုန်သံနဲ့ လိင်ဟာ ဘာမှ ဆက်စပ်မှု မရှိပါဘူးလို့ ဆိုပါတယ်။ အပတ် ၃၀ မြောက်ကစလို့ ကလေးနှလုံးခုန်သံဟာ ကျဆင်းလာပါတယ်။ နှလုံးခုန်သံဟာ ကလေးရဲ့ ကျန်းမာရေးအခြေအနေက လွဲပြီး ဘာကိုမှ ပြောနိုင်ခြင်း မရှိပါဘူး။

    ၃။ တကယ်လို့ အမေဟာ အချို (သကြားလုံး) ကြိုက်ရင် ယောက်ျားလေး ရနိုင်ခြေ များပါတယ်။

    ဒီအချက်ကတော့ ယုံတမ်းစကား သပ်သပ်ပဲဖြစ်ပါတယ်။ ကလေးတွေဟာ အချိုတွေရော၊ အချဉ်တွေရောကို ကြိုက်နှစ်သက်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ မိခင်ဝမ်းတွင်းကနေ ထွက်လာမှ ဖြစ်မယ့်အရာတွေပါ။ ဒါကြောင့် သင့်ကလေးဟာ သူ့အတွက် ဘယ်လိုအရာမျိုးကိုမှ မိခင်ဝမ်းတွင်းရှိရင် အမေကို စားစေမှာ မဟုတ်ပါဘူး။ တကယ်လို့ အစားတစ်ခုကို ချဉ်ခြင်းတပ်ရင် ဒါဟာ ဗိုက်ထဲက ကလေးကြောင့်ထက် ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဖြစ်တာ ပိုမိုဖြစ်နိုင်ပါတယ်။

    ၄။ မိန်းကလေးမွေးမယ်ဆိုရင် သူမ မိခင်ကို တစ်နေကုန် နေမကောင်းအောင် ပြုလုပ်နိုင်ပါတယ်။

    ဒီယုံတမ်းစကား အရသာဆိုရင် ကိုယ်ဝန်ဆောင်လို့ အန်ခြင်းရှိရင် မိန်းကလေး ရမယ်လို့ ဆိုလိုနေပါတယ်။ ဒီလို ကိုယ်ဝန်ဆောင်မှုကြောင့် ဖြစ်လာတဲ့ ပျို့အန်ခြင်းတွေဟာ မိန်းကလေး ကိုယ်ဝန်လွယ်ထားတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပေမယ့် ယောက်ျားလေး ကိုယ်ဝန်လွယ်ထားတဲ့ မိခင်တွေ မှာလည်း ဖြစ်တတ်ပါတယ်။

    သင့်ကလေးဟာ ယောက်ျားလေး ဖြစ်မလား၊ မိန်းကလေး ဖြစ်မလားဆိုတာကို ဒီယုံတမ်းစကားတွေ ကြည့်ပြီး ဆုံးဖြတ်ဖို့ဟာ ၅၀/၅၀ ပဲဖြစ်နိုင်ပါတယ်။ အကြွေစေ့ လှည့်တာနဲ့ ဘာမှ မထူးပါဘူး။ တကယ်ပဲ ကလေးအခန်းနံရံကို ဘာအရောင် ဆေးသုတ်ရင် ကောင်းမလဲ စဉ်းစားနေရင်တော့ Ultrasound ကို သာ ရိုက်ကြည့်သင့်ပါတယ်။ ဒီယုံတမ်းစကားတွေဟာ ပျော်စရာကောင်းသော်လည်း Ultrasound နဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကသာ ကလေးရဲ့ လိင်အမှန်ကို ပြောနိုင်မှာ ဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Can You Guess Your Baby’s Sex? http://www.webmd.com/baby/features/predicting-baby- gender#1. Assessed
    August 22, 2016.

    Bumpology: Can old wives’ tales tell me my baby’s sex?

    https://www.newscientist.com/article/dn18827-bumpology-can- old-wives- tales-tell- me-my- babys-sex. Assessed August 22, 2016.

    စာရေးသူ ဓာတ်ပုံbadge
    Dr . Phyu Mon Latt မှ ရေးသားသည်။ 21/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။