အနာမခံရဘဲ မီးဖွားနိုင်တဲ့ Epidural Analgesia (EA) နည်းကို ရွေးတော့မယ်ဆိုရင် ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဗိုက်မနာစေဘဲ မီးဖွားလို့ရစေမယ့် ခေတ်သစ်နည်းပညာ Epidural Analgesia (EA) နဲ့ ပက်သက်ပြီး သိထားသင့်တဲ့အချက်တွေ ။ ။

ဗိုက်ခွြဲပီး ကလေး မမွေးချင်ဘူး။ ရိုးရိုးပဲ မီးဖွားချင်တယ်၊ နာမှာလည်း ကြောက်တဲ့ မေမေတို့အတွက် ခုနောက်ပိုင်း ခေတ်စားလာတဲ့ အနာမခံရဘဲ ရိုးရိုးမီးဖွားတဲ့ နည်းက အားကိုးစရာဖြစ်လို့လာပါတယ်။ ဒီတော့ ဗိုက်မနာဘဲ မီးဖွားလို့ရတယ်ဆိုတာ ဘယ်လိုနည်းမျိုးလဲ။ သူက တကယ်ပဲ စိတ်ချရလို့လား ရွေးချယ်သင့်ရဲ့လားဆိုတာတွေနဲ့ ပက်သက်ပြီး ခုပြောပြမယ့်အချက်တွေကို သိဖို့လိုလိမ့်မယ်နော် ။ ။

အနာမခံရဘဲ မီးဖွားလို့ရတဲ့နည်းဆိုတာ ဘာလဲ ။ ။

ခုနောက်ပိုင်း အနာမခံရဘဲ မီးဖွားလို့ရတဲ့နည်းတွေထဲက အသုံးအများဆုံးကတော့ epidural injection လို့ခေါ်တဲ့ ခါးဆစ်ရိုးထဲ ထုံဆေးထိုးသွင်းပြီး နာကျင်တဲ့အာရုံကြောကို သွားပိတ်တဲ့နည်းဖြစ်ပါတယ်။ ဒီလိုနဲ့ အောက်ပိုင်းထုံလာပြီး ဗိုက်နာတဲ့ နာကျင်ခြင်းကို လျှော့ချပေးမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း လုံးဝမနာဘူးလို့တော့ အာမ မခံပါဘူး။ နဂိုနာတာထက်စာရင် ခုလိုအနာသက်သာတာ နည်းလားနော်။

epidural injection ကို ဘယ်အချိန်မှာ ထိုးရမှာလဲ ။

ဗိုက်စစချင်း နာပြီဆိုတာနဲ့ ပေးတာမဟုတ်ဘဲ ၁၀ မိနစ်အတွင်း သားအိမ်ညှစ်တာ ၃ ကြိမ်လောက်ရှိနေတဲ့ အချိန်မျိုးမှာမှ epidural injection ပေးလေ့ရှိပါတယ်။ ရှေ့ပိုင်း ဗိုက်လေးနာတယ်ဆိုတာ နောက်ပိုင်းနာတဲ့အနာထက်စာရင် အများကြီး လျော့တာမို့ လေ့ကျင့်ခန်းလေးလုပ်၊ ရေနွေးလေးနဲ့ ရေချိုး၊ နှိပ်နယ်ပေးတာနဲ့ သက်သာအောင်နေလို့ရတာကြောင့်ပါ။

Epidural က စိတ်ချရရဲ့လား။

အနာသိပ်မခံရဘဲ မီးဖွားတဲ့နည်းတွေထဲမှာ ဒီ epidural နည်းက အခြားနည်းတွေထက်စာရင် မိခင်နဲ့ ကလေးအတွက် စိတ်အချရဆုံးပါ။

  • နာကျင်တဲ့ ဝေဒနာကိုလည်း သက်သာစေတယ်
  • မီးဖွားပြီး နုန်းခွေခြင်းကိုလည်း လျှော့ချပေးမယ်
  • သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးတယ်။

ဒါပေမယ့်လည်း သူက ဆေးတွေထဲကတစ်ခုဖြစ်ပြီး သဘာဝတရားကြီးကို ဆန့်ကျင့်ထားတာကြောင့် အားနည်းချက်တွေလည်း ရှိပါတယ်။

  • ခါးဆစ်ရိုးထဲဆေးထိုးတာဆိုတော့ ခါးနာတာ
  • ဆေးထိုးထားတဲ့ အရှိန်နဲ့ ခေါင်းကိုက်တာ
  • မီးဖွားပြီး တော်တော်ကြာတဲ့အထိ ထုံဆေးအရှိန်မပြယ်သေးတာမျိုးတွေ ရှိတတ်ပါတယ်။

Epidural ထိုးရတော့မယ်တဲ့ သူတွေ အနေနဲ့ ဘာတွေ သိထားဖို့ လိုအပ်သေးလဲ။

  • သူက နာကျင်ခြင်းကိုပဲ လျှော့ချပေးတာဖြစ်တာကြော့င် မညှစ်ဘဲ ကလေးထွက်လာအောင်တော့ မစွမ်းဆောင်နိုင်တဲ့ မီးဖွားချိန်မှာ မေမေတို့ ညှစ်တဲ့ဘက်ကို လုံးဝ အပြည့်အာရုံစိုက်ဖို့လိုပါတယ်။
  • မီးဖွားပြီးချိန်မှာလည်း ထုံဆေးအရှိန်ရှိနေသေးတာကြောင့် ချက်ချင်း ကုတင်ပေါ်က ဆင်းဖို့မလုပ်ပါနဲ့။ တွဲဖို့ အဖော်တစ်ယောက်ခေါ်လာပါ။
  • ဆီးသွားဖို့လည်း ခက်နေတတ်တာကြောင့် ဆီးပိုက်တပ်သင့်ရင်လည်း တပ်ရပါမယ်။

မီးဖွားတော့မယ်ဆိုတိုင်း painless delivery က လုံးဝကို ရွေးချယ်သင့်တဲ့ အရာတစ်ခုလား ။ ။

သဘာဝ တရားကြီးကို ဆန့်ကျင်တဲ့ဘယ်အရာမှ အကောင်းချည်းပဲ ဆိုတာမရှိပါဘူး။ ဒီတော့

အတတ်နိုင်ဆုံး သဘာဝအတိုင်း ရိုးရိုးမွေးတာကသာ အကောင်းဆုံးပါ။ သက်လုံကောင်းအောင်လုပ်မယ်၊ မီးဖွားချိန်ဘယ်လို အားစိုက်မရလဲ၊ ဘယ်လိုအသက်ရှူရမလဲဆိုတဲ့ လေ့ကျင့်ခန်းတွေကို You Tube ကနေ လေ့လာမယ်၊ ငါအနာခံနိုင်တယ်ဆိုတဲ့ စိတ်ကိုလုံးဝ ပိုင်းဖြတ်ထားမယ်၊ ဘေးက မိသားစုဝင်တွေကလည်း ကောင်းကောင်း ထောက်ပံ့ပေးမယ်ဆိုရင် Epidural ထိုးစရာမလိုဘဲ ကျိန်းသေ ဒီတောင်ကို ကျော်လွှားနိုင်မှာပါ။

ဒါပေမယ့် တစ်ချို့ နာမှာကို အရမ်းကြောက်တာ၊ တစ်နေ့လုံးနီးပါးလောက် ဗိုက်နာမှာ ကြောက်တဲ့သူတွေ အဖို့တော့ epidural နည်းကို အားကိုးလို့ရပါတယ်။ ဒီတော့ ကိုယ်က ဘယ်နည်းနဲ့ မီးဖွားချင်လဲဆိုတာ ကိုယ်ဝန်စရှိတည်းက သေချာ စိတ်ပိုင်းဖြတ်ပြီး ရွေးချယ်ထားဖို့တော့ လိုလိမ့်မယ်နော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် မေမေ နေကြာစေ့ စားလို့ ရမလား။

အစေ့အဆန် နေကြာစေ့ ကျန်းမာရေး ကိုယ်ဝန်ဆောင် နို့တိုက်မေမေတွေ နို့ချိုထွက်စေဖို့ ဒိန်ချဉ် ကွေကာအုတ် အာဟာရ ပြည့်ဝ ပရိုတင်း အရိုးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ရှူဆေးရှူတိုင်း ကောင်းရဲ့လား

သွေးပေါင်ချိန် ဘက်တီးရီးယား အရေပြား ရောဂါ ခေါင်းကိုက် မအီမသာဖြစ်ခြင်း အသက်ရှုရခက်ခြင်း ရာသီဥတု နှာခေါင်းပိတ်ခြင်း ရေနွေးငွေ့ ဓါတုပစ္စည်းတွေ ရောင်ရမ်းနာကျင်မှု ခေါင်းကိုက်မယ် ညစ်ညမ်းမှု နှာခေါင်းပိတ် အာရုံစိုက် ရှုဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Pistachios ကြိုက်သူလေးတွေအတွက် သတင်းကောင်း

Pistachio အစားအစာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ အာဟာရ ကယ်လ်လိုရီ ပိုတက်ဆီယမ် Thiamine ကျန်းမာရေး မျက်လုံး အမြင်အာရုံ သွေးကြောတွေ ပြေလျော့စေတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

နှမ်းဆီ ကပေးတဲ့ ကျန်းမာရေး

မြေပဲဆီ ဟင်းခတ် အမွှေးအကြိုင် နှမ်းဆီ ကျန်းမာရေး နှလုံး ကျန်းမာစေတယ် ပြည့်ဝဆီ နှလုံးသွေးကြော ဆိုင်ရာ ရောဂါ သွေးတွင်းအဆီ လေးဖက်နာ အဆစ်ရောင်ရောဂါ ဇီဝ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ် စားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
မြေစာဥကပေးတဲ့ ကျန်းမာရေး

မြေစာဥကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 22, 2020 . 1 min read
သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသုံးနည်းလမ်းညွှန်

သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 17, 2020 . 2 mins read