backup og meta

ခါးထုံဆေးနဲ့ ဗိုက်ခွဲကလေးမွေးပြီး ခါးနာရတာ ဘာကြောင့်လဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခါးထုံဆေးနဲ့ ဗိုက်ခွဲကလေးမွေးပြီး ခါးနာရတာ ဘာကြောင့်လဲ ။ ။

    ခါးထုံဆေးနဲ့ ဗိုက်ခွဲကလေးမွေးပြီး ခါးနာရတာ ဘာကြောင့်လဲ ။ ။ ဆိုတာကို ဆောင်းပါးလေးထဲမှာ ကြည့်ကြည့်လိုက်ပါနော်။

    ဗိုက်ခွဲပြီး ကလေးမွေးဖူးတဲ့ မိခင်တွေရှိကြမှာပါ။ ရိုးရိုးမွေးရင် နာမှာကြောက်လို့၊ ရိုးရိုးမွေးလို့မရလို့ဆိုပြီး ဗိုက်ခွဲပြီး ကလေးမွေးဖူးတဲ့သူတွေရှိမှာပါ။ ကလေးမွေးတဲ့အချိန်မှာတော့ အားမစိုက်ရဘဲ သက်သက်သာသာ ကလေးမွေးသွားတယ်ဆိုပေမယ့် ခွဲမွေးပြီးချိန်မှာတော့ ခံစားရမယ့် ဝေဒနာတွေ က အများကြီးပါ။ ချုပ်ရိုးကနာတာတစ်မျိုး၊ ခွဲထားလို့ဆီးမသွားနိုင်တာကတစ်မျိုး၊ ထုံဆေးကြောင့် ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကတစ်မျိုး နဲ့ အမျိုးမျိုးခံစားရမှာပါ။ ဒီလို ဗိုက်ခွဲမွေးပြီးနောက်ပိုင်း ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ ခါးနာတာ အဆိုးဆုံးနဲ့ အဖြစ်အများဆုံးပါ။ ဒီဆောင်းပါးထဲမှာတော့ ဗိုက်ခွဲမွေးပြီးတဲ့သူတွေ ဘာကြောင့် ခါးနာရတာလဲဆိုတဲ့ အကြောင်းကို ပြောပြပေးတော့မှာပါ။

    ခါးထုံဆေးနဲ့ ဗိုက်ခွဲကလေးမွေးပြီး ခါးနာရတာ ဘာကြောင့်လဲ ။ ။

    ခါးထုံဆေးနဲ့ ဗိုက်ခွဲကလေးမွေးပြီး ခါးနာရတာ ဘာကြောင့်လဲ ။ ။ ဆိုတော့

    • ခါးထုံဆေးကြောင့်

    ဗိုက်ခွဲမွေးတယ်ဆိုရင် အသားပေါ်ဓားတင်တဲ့ အနာဒဏ်ကို ခံနိုင်ဖို့အတွက် ခါးဆစ်ရိုးထဲကို ထုံဆေးပေးလေ့ရှိကြပါတယ်။ ထုံဆေးအပ်ဟာ အသား၊ ကြွက်သား၊ ခါးဆစ်ရိုးအရွတ်နဲ့ အာရုံကြောတို့ကို ဖြတ်ပြီး သွားရတာကြောင့် ထုံဆေးအာနိသင်ပြနေတဲ့အချိန်တော့ ဘာမှ မသိပေမယ့် ထုံဆေးပြယ်သွားတဲ့အခါမှာတော့ ဆေးထိုးထားတဲ့ဒဏ်ကြောင့် ခါးနာလာရတာဖြစ်ပါတယ်။

    နောက်ဖြစ်နိုင်တာတစ်ခုကတော့ ထုံဆေးကို ခါးဆစ်ရိုးထဲ ထိုးလိုက်တဲ့အချိန်မှာ ခါးဆစ်ရိုးထဲမှာရှိတဲ့ cerebrospinal fluid တွေ နည်းနည်းယိုစိမ့်မှုဖြစ်သွားလို့ ခါးနာတာ၊ ခေါင်းကိုက်တာနဲ့ ဇက်နာတာတွေ ခံစားရတတ်ပါတယ်။

    ဒါတွေအ ပြင်

    • ဟော်မုန်းအပြောင်းအလဲ 

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးလာတဲ့ သားအိမ်နဲ့ လိုက်လျောညီထွေဖြစ်အောင်၊ မွေးရလွယ်အောင် တင်ပဆုံကွင်းနဲ့ ခါးနားတစ်ဝိုက်က အရွတ်တွေ လျော့ရဲလာရပါတယ်။ ဒါက ကလေးမွေးပြီးအချိန်မှာလည်း ရက်သတ္တပတ်အနည်းငယ်လောက်ထိ အထိုင်အထလုပ်တိုင်းမှာ ဆက်နာနေနိုင်ပါသေးတယ်။

    • ကိုယ်အလေးချိန်များနေသေးတာ

    ကလေးမွေးပြီးပြီဆိုပေမယ့် ကိုယ်အလေးချိန်က ကျန်နေပါသေးတယ်။ ဒါကြောင့်လည်းပဲ ခါးနာနိုင်ပါတယ်။

    • ကလေးကို ချီပိုးရတာ

    ကလေးကို ချီပိုးတဲ့အခါ လျော့ရဲနေတဲ့ အရွတ်တွေကြောင့် ခါးနာနိုင်ပါတယ်။ ဒါ့ပြင် အကြာကြီး ချီထားရတာ၊ ခဏခဏ ချီထားရတာ၊ ပုခက်ထဲကနေ ကုန်းပြီး ကလေးကို ချီထုတ်ရတာ စတဲ့ အပြုအမူတွေကြောင့်လည်း ခါးနာတာ ပိုဆိုးနိုင်ပါတယ်။

  • နို့တိုက်တာ
  • စစချင်းမှာ နို့တိုက်တာ အသားမကျသေးတဲ့အတွက် ကိုယ်နေဟန်ထား မမှန်တာကြောင့် ခါးနာနိုင်ပါတယ်။ ဒါ့ပြင် ပုံစံတစ်မျိုးတည်း အကြာကြီးတိုက်တာ၊ ကလေးကို ချီပြီး တိုက်ရတာ စတာတွေကြောင့်လည်း ခါးနာနိုင်ပါတယ်။

    ဗိုက်ခွဲမွေးပြီး ဘယ်လောက်အကြာမှာ ခါးစနာလာရတာလဲ ။ ။

    ထုံဆေးပြယ်သွားတဲ့အချိန်ဖြစ်တဲ့ ခွဲမွေးပြီး ၃နာရီ-၆နာရီ လောက်မှာ ခါးစနာလာတတ်ပါတယ်။ Cerebrospinal fluid ယိုစိမ့်သွားလို့ ဖြစ်ရတဲ့ ခေါင်းကိုက်တာ၊ ဇက်နာတာတွေက ခွဲမွေးပြီး ၁၂ နာရီ အကြာ ( ဒါမှမဟုတ်) ၃ရက်ကနေ ၅ ရက်လောက်အကြာမှာ ဖြစ်တတ်ပါတယ်။

    ဗိုက်ခွဲမွေးပြီးနောက် ခါးနာတဲ့ ခံစားမှုဟာ ဘယ်လောက်ကြာတတ်သလဲ ။ ။

    ခါးထုံဆေးကြောင့် ခါးနာတာက အများအားဖြင့်တော့ ရက်အနည်းငယ်လောက်အကြာမှာ သက်သာသွားတတ်ပါတယ်။ တချို့ကတော့ လနဲ့ချီ ခါးနာတတ်ပါတယ်။ ဒီလိုလူတွေမှာတော့ blood patch လို့ခေါ်တဲ့ ကုသမှုကို ခံယူရတတ်ပါတယ်။ Blood patch ဆိုတာ သင့်ကိုယ်တွင်းက သွေးကိုယူပြီး ထုံဆေးထိုးတဲ့နေရာမှာ ပြန်ထိုးပေးလိုက်တာဖြစ်ပါတယ်။ ဒီ blood patch ဟာ ခါးနာတာကို သက်သာသွားအောင်လုပ်နိုင်တဲ့ အစွမ်းရှိပါတယ်။

    လူတိုင်းတော့ blood patchနဲ့ ကုသဖို့ မလိုပါဘူး။ အများစုက အလိုလိုသက်သာသွားနိုင်တာကြောင့်ပါ။

    ဗိုက်ခွဲမွေးပြီးနောက် ခါးနာတာဟာ ဘယ်နေရာတွေမှာ ပိုဖြစ်တာလဲ ။ ။

    ထုံဆေး ကြောင့်ဆိုရင်တော့ ထိုးလိုက်တဲ့နေရာဖြစ်တဲ့ ခါးအောက်ပိုင်း ခါးဆစ်ရိုးနားလောက်မှာ ခါးနာတာဖြစ်တတ်ပါတယ်။

    ဒါဆို ပုံမှန်ခါးနာတာ မဟုတ်ဘဲ ဒီလို ဗိုက်ခွဲမွေးပြီးလို့ နာတဲ့ ခါးကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ ။ ။

    • ရေနွေးစိမ်ရေချိုးပါ ။ ။

    တစ်ကိုယ်လုံးက အကြောအချဉ်တွေကို ပြေလျော့စေပြီး ပေါ့ပါးလန်းဆန်းသွားစေတဲ့နေရာမှာ ရေနွေးလောက်ကောင်းတဲ့ အရာမရှိတော့ပါဘူး။ အခုလို ခွဲမွေးပြီးနောက် နာနေတဲ့ ခါးသက်သာစေဖို့ အတွက် သူက ပိုလို့တောင် ကောင်းသေးတာပေ့ါ့။ ရေနွေးထဲကို ဆားရည်လေးထည့်ပြီး စိမ်လိုက်ရင် သင်ခံစားနေရတဲ့ ခါးနာတဲ့ဝေဒနာ ယူပစ်လိုက်သလို ပျောက်သွားဖို့ အာမခံပါတယ်။

    • အပေါ့စား လေ့ကျင့်ခန်းလုပ်ပါ။

    လေ့ကျင့်ခန်း မလုပ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး ဘယ်အချိန်လောက်ဆို လေ့ကျင့်ခန်း လုပ်လို့ရပြီလဲဆိုတာ မေးကြည့်ပါ။ မပြင်းထန်တဲ့ အပေ့ါစားလေ့ကျင့်ခန်းတွေ ဖြစ်တဲ့ ယောဂ လေ့ကျင့်ခန်း၊ အသက်ရှူလေ့ကျင့်ခန်းနဲ့ Pilates လေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။

    • အပူ အအေးနဲ့ ကုသကြည့်ပါ။

    ခါးနာနေတဲ့ နေရာကို ရေနွေးအိတ်၊ ရေခဲအိတ်ကပ်ပေးခြင်းအားဖြင့် နာနေတဲ့ ကြွက်သားတွေ ပြေလျော့သွားပြီး ခါးနာနေတာ သက်သာသွားစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement