ဗိုက်အရမ်းမနာစေဘဲ မီးဖွားလို့ရစေတဲ့ Epidural Analgesia (EA) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မီးဖွားတဲ့ မိခင်တိုင်း နာကျင်မှု ဝေဒနာခံစားရတာဟာ သဘာဝတရားကြီးက ဖန်ဆင်းပေးထားပါ။ ဒါပေမယ့် ခုနောက်ပိုင်း မီးဖွားချိန်မှာ နာကျင်မှု လုံးဝမရှိအောင် လုပ်ပေးနိုင်တဲ့အထိ ဆေးပညာကြီးက အရမ်းတိုးတက်လာပါတယ်။ ဒါဟာ မီးဖွားလို့နာကျင်ရတဲ့ မိခင်တွေ အတွက် အနာသက်သာ စေမယ့် အားသာချက်တွေ ရှိသလို သဘာဝတရားကြီးကို ဆန့်ကျင့်ထားတာကြောင့် ဆိုးကျိုးတွေ လည်း ဖြစ်စေပါတယ်။ ဘယ်လိုမျိုးတွေ လဲဆိုတာ ကြည့်လိုက်ရအောင် ။ ။

ဗိုက်မနာစေဘဲ မီးဖွားလို့ရတဲ့ နည်းတွေထဲကမှ အသုံးအများဆုံးနဲ့ အထိရောက်ဆုံးလို့ လက်ခံထားတဲ့ နည်းကတော့ Epidural Analgesia (EA) လို့ခေါ်တဲ့ နည်းဖြစ်ပါတယ်။ သူက ခါးဆစ်ရိုးထဲ ထုံဆေးထိုးသွင်းပြီး နာကျင်ခြင်းအာရုံကြောကို ပိတ်ပေးကာ မီးဖွားချိန် နာကျင်ခြင်းကို မခံစားရစေတဲ့နည်းဖြစ်ပါတယ်။ ဒီတော့ သူ့ရဲ့ အားသာချက် အားနည်းချက်လေးတွေကို လေ့လာကြည့်ရအောင် ။ ။

Painless Delivery လို့ခေါ်တဲ့ ဗိုက်မနာဘဲ မီးဖွားခြင်းနောက်ကွယ်က ဇာတ်လိုက် Epidural Analgesia (EA) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

အားသာချက်တွေကတော့

  • မီးဖွားမယ့် မိခင်တိုင်းကြုံကိုကြုံရမယ့် ဗိုက်နာခြင်းကို လျှော့ချပေးတာပါပဲ။ ဗိုက်မနာစေဘဲ မီးဖွားလို့ရတဲ့ နည်းတွေထဲက တစ်ခုဖြစ်တဲ့ Epidurals ဆိုရင် မီးဖွာပြီးနောက်ပိုင်းဖြစ်တတ်တဲ့ စိတ်ဓါတ်ကျြခင်းနဲ့ မောပန်းခြင်းတွေကို ပါသက်သာစေပါတယ်
  • ကလေးမျက်နှာက ပုံမှန် မိခင်ကျောရိုးဘက်ကို မျက်နှာမမူဘဲ ဗိုက်ဘက်ကို မျက်နှာမူထားတဲ့ အနေမထားမမှန်တဲ့ ပုံမျိုးဆိုရင်တောင် epidural injection နည်းက မိန်းမကိုယ် ကြွက်သားတွေကို ပြေလျော့စေလို့ ကလေးဆင်းရ လွယ်အောင် လုပ်ပေးဦးမှာပါ။
  • နာကျင်တဲ့အခါမှာ သွေးပေါင်ချိန်တက်လေ့ရှိပါတယ်။ နဂိုတည်းက သွေးတိုးနေတဲ့ မေမေတို့ ဗိုက်နာတဲ့အချိန်ဆို သွေးပေါင်တက်တာ ပိုဆိုးတာပေါ့။ ဒီလိုအခါမျိုးကျရင် ဗိုက်မနာစေတဲ့ မီးဖွားနည်းက သွေးပေါင် မကတ်အောင် ကူညီပေးမှာ ဖြစ်လို့ တစ်ချက်ခုတ် နှစ်ချက်တောင်ပြတ်မှာနော်။
  • အခန့်မသင့်လို့ ညှပ်ဆွဲမွေးတာ၊ ခွဲမွေးရတာမျိုးတွေ လိုအပ်လာရင် နဂိုတည်းက epidural injection နည်းသုံးထားတော့ လွယ်လွယ်ကူကူပဲ အချိန်တိုအတွင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
  • တခြားလေ့လာချက်တွေ ပြောထားတာကတော့ epidural နည်းနဲ့ ကလေးမွေးတဲ့သူအများစုရဲ့ တင်ပဆုံထိန်းကြွက်သားဟာ ကလေးမွေးစဉ်အတွင်း ထိခိုက်မှု အများကြီး မဖြစ်ဖူးလို့ဆိုပါတယ်။

လောကကြီးဆိုတာကလည်း အကောင်းနဲ့ အဆိုး ၂ ခု အမြဲဒွန်တွဲနေတာမလား။ ဒီတော့ ဗိုက်မနာစေဘဲ မီးဖွားလို့ရခြင်းမှာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိပါတယ်။ ဘာတွေလဲ ဆက်ကြည့်လိုက်ရအောင် ။

  • Epidurals ဆိုတာ ခါးဆစ်ရိုးထဲ ထုံဆေးထိုးသွင်းရတာဖြစ်တဲ့အတွက် ခါးနာတာ၊ ချမ်းတုန်တာနဲ့ မူးဝေတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
  • ထုံဆေးကြောင့် မိခင်ရဲ့ သွေးပေါ့င်ချိန် ထိုးကျတာတွေလည်း ရှိနိုင်ပြီး ပုံမှန် ေသွးပေါင်ချိန်ကို ပြန်မရောက်လာနိုင်တဲ့အခါ ခွဲမွေးရတာမျိုးတွေ လုပ်ရနိုင်ပါတယ်။
  • ါးဆစ်ရိုးထဲ ဆေးထိုးလိုက်တဲ့ ဒဏ်ကြောင့် ခါးဆစ်ရိုးအရည်တွေ စိမ့်ထွက်တာမျိုးရှိနိုင်ပြီး ခေါင်းပြင်းပြင်းထန်ထန် ကိုက်တာမျိုးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။
  • ရှိတော့ရှိပေမယ့် ရှားပါးတဲ့ ကိစ္စတစ်ခုကတော့ ဆေးထိုးနေတဲ့ အချိန်အတွင်း အာရုံကြောတွေကိ ုထိခိုက်မိသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။
  • နောက်ပြီး ဒီလို ဗိုက်မနာစေဘဲ မီးဖွားနိုင်အောင်လုပ်ပေးတဲ့ထုံဆေးတွေကြောင့် အောက်ပိုင်း ထုံနေတာမျိုးတွေ ကလေးမွေးပြီးတောင် အချိန် တော်တော်ကြာတဲ့အထိ ဆက်ရှိနေတတ်ပါတယ်။

အားနည်းချက် အားသာချက်တွေ တွဲနေတာကြောင့် သမရိုးကျနည်းနဲ့ပဲ မီးဖွားမလား၊ ဒီလို ခေတ်သစ်ဆေးပညာနဲ့ပဲ မီးဖွားမလားဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှု အပေါ်မှာပဲ မူတည်နေပါတယ်။ ဒီလို အားသာချက် အားနည်းချက်တွေ ရှိပေမယ့်လည်း မီးဖွားရင်နာမှာကြောက်တဲ့ မေမေတို့အတွက်တော့ ဒီ epidural နည်းလေးက အားကိုးလို့ရမယ့် အရာတစ်ခု ဖြစ်လို့နေပါတယ်။ ဒါပေမယ့် ဘယ်ကိစ္စမဆို ဆုံးဖြတ်ခါနီးရင် သူ့အကြောင်း ထဲထဲ ဝင်ဝင်သိဖို့ သေသေချာချာ စဉ်းစားဖို့တော့ လိုမယ်နော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန်

သွေးတိုးရောဂါ ကိုယ်ဝန်ဆောင် ကျန်းမာရေးပြဿနာ ကိုယ်ဝန်ဆောင်မေမေ နာတာရှည် သွေးတိုးရောဂါ မိခင် ကလေး သွေးပေါင်ချိန် ကျန်းမာတဲ့ စားသောက်မှုပုံစံ သလဲသီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင် မေမေ နေကြာစေ့ စားလို့ ရမလား။

အစေ့အဆန် နေကြာစေ့ ကျန်းမာရေး ကိုယ်ဝန်ဆောင် နို့တိုက်မေမေတွေ နို့ချိုထွက်စေဖို့ ဒိန်ချဉ် ကွေကာအုတ် အာဟာရ ပြည့်ဝ ပရိုတင်း အရိုးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ရှူဆေးရှူတိုင်း ကောင်းရဲ့လား

သွေးပေါင်ချိန် ဘက်တီးရီးယား အရေပြား ရောဂါ ခေါင်းကိုက် မအီမသာဖြစ်ခြင်း အသက်ရှုရခက်ခြင်း ရာသီဥတု နှာခေါင်းပိတ်ခြင်း ရေနွေးငွေ့ ဓါတုပစ္စည်းတွေ ရောင်ရမ်းနာကျင်မှု ခေါင်းကိုက်မယ် ညစ်ညမ်းမှု နှာခေါင်းပိတ် အာရုံစိုက် ရှုဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Pistachios ကြိုက်သူလေးတွေအတွက် သတင်းကောင်း

Pistachio အစားအစာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ အာဟာရ ကယ်လ်လိုရီ ပိုတက်ဆီယမ် Thiamine ကျန်းမာရေး မျက်လုံး အမြင်အာရုံ သွေးကြောတွေ ပြေလျော့စေတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 29, 2020 . 2 mins read

နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read
ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ

ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 1 min read
မြေစာဥကပေးတဲ့ ကျန်းမာရေး

မြေစာဥကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 22, 2020 . 1 min read