ဗိုက်အနာမခံဘဲ မီးဖွားလို့ရလား။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မီးဖွားချိန် မိန်းမသားတိုင်း ခံစားရတဲ့ အနာဟာ ဓမ္မတာ လာချိန်ကိုက်ခဲတဲ့ ဝေဒနာ ထက် အဆ ၂၀ ပိုပြင်းထန်ပါတယ်။ ဒီလို ရိုးရိုးမီးဖွားချိန် နာတဲ့ အနာကို လူတိုင်း ကြောက်ကြလို့ ခွဲမွေးတာ ခုနောက်ပိုင်း ခေတ်စားလာတာပါ။ ဒါပေမယ့် ခွဲမွေးတယ်ဆိုတာ မီးဖွားချင်လို့ နာတဲ့အနာကိုသာ ကျော်လွှားနိုင်ပေမယ့် နောက်ပိုင်း ဖြစ်လာမယ့် ဆိုးကျိုးတွေ တစ်ပုံကြီးပါ။ ဒီတော့ ရိုးရိုးပဲမွေးမယ် အရမ်းလည်း မနာဘူးဆိုတဲ့ နည်းတွေ များရှိမလား။ ။

ခုလို တိုးတက်လာပြီး ဘာမဆို ဖြစ်နိုင်တဲ့ ခေတ်ကြီးထဲမှာ ဗိုက်မနာဘဲ မီးဖွားလို့ရတဲ့ နည်းတွေလည်း ရှိနေတယ်ဆို အရမ်းများ အံ့သြသွားမလား။

ဗိုက်အရမ်းမနာစေဘဲ မီးဖွားစေနိုင်တဲ့ နည်းလမ်းတွေ ။ ။

ဆေးပညာနဲ့ မဆိုင်တဲ့ နည်းလမ်းများ

  • Hypnosis ( အိပ်မွေ့ချနည်းပညာ)
  • Hydrotherapy ( ရေထဲတွင် မီးဖွားခြင်း)

ဒီ နည်းလမ်းတွေက မီးဖွားချိန် ဗိုက်နာခြင်းကို သက်သာစေတယ်ဆိုပေမယ့် အရမ်းကြီး တွင်ကျယ်စွာ အသုံးပြုတဲ့ နည်းလမ်းတွေတော့မဟုတ်ပါဘူး။ ၁၀၀ ရာခိုင်နှုန်း အာမခံထားတဲ့ နည်းလမ်းတွေလည်း မဟုတ်ပါဘူး။

ဆေးပညာဆိုင်ရာ နည်းလမ်းတွေ ။ ။

ဆေးပညာဆိုင်ရာဆိုတော့ မီးဖွားချိန်ဗိုက်မနာအောင်ကူညီပေးတဲ့ ဆေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အပေါ်က နည်းတွေထက်စာရင် ဒီနည်းတွေက ပိုပြီး အာမခံချက်ရှိတဲ့အတွက် အနောက်တိုင်း နိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြပါတယ်။ ဘာနည်းတွေလဲ ဆိုတာ စိတ်ဝင်စားနေကြပြီလား။ ဆက်ကြည့်ရအောင် ။ ။

( ၁ ) Entonox Inhalation

ဒါက 50 percent nitrous oxide နဲ့ oxygen ပေါင်းထားတဲ့ ဓါတ်ငွေ့တစ်မျိုးကို ရှူရှိှုက်ရတဲ့နည်းလမ်းပါ။ ဆေးရုံတွေမှာ သုံးတဲ့ အကြည်ရောင် နှာခေါင်းစည်းလေးက နေ လွှတ်ပေးတဲ့ ဓါတ်ငွေ့တွေကို သားအိမ်စညှစ်ပြီ ဗိုက်နာလာပြီ ဆိုတာနဲ့ ရှူရတာဖြစ်ပါတယ်။ ဒီနည်းက သားအိမ်ညှစ်နိုင်စွမ်း အမြင့်ဆုံးကို နာကျင်မှု အရမ်းမရှိဘဲ ပေးစွမ်းမှာ ဖြစ်ပါတယ်။

ကောင်းကျိုး – လွယ်လွယ်ကူကူရနိုင်တဲ့အပြင် ကိုယ်ထဲမှာလည်း ကျန်မနေခဲ့လို့ ဘေးထွက်ဆိုးကျိုးတွေ မရှိစေပါဘူး။

ဆိုးကျိုး – လူကို နုန်းခွေစေတာ၊ ခေါင်းမူးစေတာနဲ့ ပျို့အန်ချင်တာမျိုးတွေကိုတော့ ဖြစ်စေပါတယ်။

( ၂ ) Opioid Injections

ဒါကတော့ နာကျင်တာကို သက်သာစေတဲ့ ဆေးတစ်မျိုးထိုးပေးတာပဲ ဖြစ်ပါတယ်။ အသုံးအများဆုံး Opioid ဆေးကတော့ pethidine ပါ။ ပေါင်မှာ ထိုးသွင်းရပြီး အာနိသင်ရဖို့အတွက် ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်တောင့် စောင့်ရပါတယ်။

ကောင်းကျိုး – နာကျင်မှု ဝေဒနာကို ၄နာရီကနေ ၆ နာရီကြာထိန်းထားပေးပါတယ်။

ဆိုးကျိုး – early labour လို့ခေါ်တဲ့ မီးစစချင်း ဖွားချင်တဲ့အချိန် ( သားအိမ်ခေါင်း ၅ စင်တီမီတာအထိ မကျယ်ခင် အချိန်) မှာပဲ ပေးလို့ရပါတယ်။ ကလေးထွက်ချိန်နဲ့ အရမ်းကပ်သွားတဲ့အခါ ကလေးကို နုန်းခွေစေတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။

( ၃ ) Epidural Analgesia (EA)

သူကတော့ ထုံဆေးတွေကို ခါးဆစ်ရိုးထိုးသွင်းပြီး နာကျင်မှုကို ထိန်းပေးပါတယ်။ အသုံးများပြီး ယုံကြည့်စိတ်အချရဆုံး အထိရောက်ဆုံး နည်းတစ်ခုပါ။

ကောင်းကျိုး – နာကျင်မှုဝေဒနာကို ကောင်းကောင်းထိန်းချုပ်ပေးပြီး သွေးပေါင်ကိုပါ ထိန်းညှိပေးပါတယ်။

ဆိုးကျိုး – ထိုးထိုးချင်းမှာတော့ အောက်ပိုင်းထုံကျင်တာမျိုး ဖြစ်တတ်ပေမယ့် တဖြည်းဖြည်း ပြန်ပျောက်သွားမှာပါ။ ပျို့အန်ချင်တာမျိုးတွေ အဖြစ်များပေမယ့် ဆေးနဲ့ ထိန်းလို့ရပါတယ။် တစ်ချို့အမျိုးသမီးတွေမှာဆို မီးဖွားပြီး ခေါင်းကိုက်တာမျိုး ဖြစ်ကျန်ခဲ့တယ်လည်း ဆိုကြပါတယ်။

တစ်ချို့ Epidural Analgesia (EA)နည်းလမ်းနဲ့ပက်သက်ပြီး မှားနေတဲ့ အယူတစ်ချို့ကိုလည်း ပြောပြချင်ပါသေးတယ်။

  • Epidural Analgesia (EA) နည်းနဲ့ မီးဖွားြပီးရင် ခါးနာကျန်ခဲ့မယ်ဆိုတာ မှားပါတယ်။ တစ်ချို့ (EA) မထိုးဘဲ မီးဖွားပြီး ခါးနာတတ်တာတွေလည်း ရှိတာကြောင့်(EA)ကြောင့် ခါးနာတာ ကျိန်းသေးဖြစ်ရတယ်ဆိုတာတော့ မရှိပါဘူး။
  • ကလေးရဲ့ နှလုံးခုန်နှုန်းအပေါ် သက်ရောက်မှုရှိတတ်တယ်ဆိုပေမယ့် ကလေးကို ထိခိုက်စေတယ်ဆိုတော့ မမှန်ပါဘူး။
  • ခါးဆစ်ရိုးထဲ ဆေးထိုးတာကြောင့် အကြောထိမိသွားရင် အောက်ပိုင်းသေသွားတတ်ဆိုတာ လူတစ်သန်းမှာ ၁ ယောက်လောက်ပဲ ဖြစ်တတ်တာကြောင့် အင်မတန်မှ ရှားတဲ့ အရာတစ်ခုပါ။

ကဲ ခုလို တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကလေးမွေးတာတောင်မှ အနာမခံဘဲနဲ့ မီးဖွားလို့ရနေပြီဆိုတော့ သူ့ထက်ကောင်းတာ ရှိဦးမလားနော်။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်လို့ရလား။

ကိုယ်ဝန်ဆောင်ချိန် အိပ်ဆေး ကျန်းမာရေး အိပ်ရေးပျက် စိတ်ဓာတ်ကျမှု အိပ်မပျော် စိုးရိမ်ပူပန်စိတ် ခန္ဓာကိုယ် အယ်လ်ကိုဟော အစားစားချင်စိတ် မှတ်မိနိုင်စွမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ခံတက်ချဉ်လေး ခံတွင်းတွေ့တယ် ဆိုသူတွေအတွက်

ခံတက်ချဉ် ခံတက်ရွက် ခံတက်ပင် ကြက်သွန်နီ တို့စားတာ ကျန်းမာရေး အရွက် ဆေးဖက်ဝင် ဆီးလမ်းကြောင်း ဆီးရွှင်ရောင်ရမ်းမှု ဆီးကျိတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင်ဘာလို့ Detox Water သောက်ဖို့ မလိုအပ်တာလဲ

Detox၊ အဆီပိုတွေ၊ ဖယ်ရှားပစ်၊ Detox Water၊ ပုံမှန်မှီဝဲ၊ ကိုယ်အလေးချိန်ကျ၊ ကိုယ်ခံအားစနစ်၊ စိတ်ကြည်၊ အသားအရည်ကြည်လင်၊ အဆိပ်အတောက်၊ Hyponatremia၊ ခေါင်းကိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကလေးမွေး တဲ့အခါ ဗိုက်သိပ်မနာမယ့် နည်းလမ်းများ

ကလေးမွေး ဗိုက်နာ ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း ယောဂ အကြောတွေပြေလျော့ မွေးဖွားရလွယ် နှိပ်နယ် အနာသက်သာ ရေမွှာပေါက် သားအိမ်ညှစ်း အသက်ရှူလေ့ကျင့်ခန်း water birth

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

အရက်နာကျခြင်းနှင့်သက်ဆိုင်သော အယူအဆမှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 28, 2020 . 2 mins read
ခေတ်သစ် ဖုန်းရောဂါ (text neck)

ခေတ်သစ် ဖုန်းရောဂါ (text neck)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 2 mins read
ရှုဆေးရှုတိုင်း ကောင်းရဲ့လား

ရှူဆေးရှူတိုင်း ကောင်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 17, 2020 . 2 mins read