backup og meta

တခြားသန္ဓေတား နည်းလမ်းတွေထက် ပိုကောင်းမွန်တဲ့ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တခြားသန္ဓေတား နည်းလမ်းတွေထက် ပိုကောင်းမွန်တဲ့ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း

    အိမ်ထောင်ပြုပြီးခါစ အမျိုးသမီးတိုင်း ခေါင်းစားကြတဲ့ကိစ္စတစ်ခုရှိပါတယ်။ ကိုယ်ဝန်တန်းယူမှာလား၊ ကြားထဲမှာ ကိုယ်ဝန်မရအောင်သားဆက်ခြားရမလား ဆိုတဲ့ ကိစ္စကြီးပါ။ အိမ်ထောင်ကျသွားလို့ ကိုယ်ဝန်ရတာ သဘာဝဖြစ်စဉ်ဖြစ်တဲ့အတွက် ကိုယ်ဝန်တန်းယူတာနဲ့ ပက်သက်လို့ အထွေအထူးပြောစရာတော့ မရှိပါဘူး။ ဒါပေမယ့် သဘာဝဖြစ်စဉ်ကို ဆန့်ကျင်တဲ့ ကိုယ်ဝန်ကိုတားဖို့ အတွက်ကတော့ အနည်းငယ် ခေါင်းစားပါလိမ့်မယ် ။ ကိုယ်နဲ့ ဘယ်သားဆက်ခြားနည်းကသင့်တော်တာလဲ။ ကိုယ်သုံးမယ့်သားဆက်ခြားနည်းတွေမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိလဲ။ စတာတွေပေါ့။

    သားဆက်ခြားနည်းတွေထဲမှာ အထိရောက်ဆုံးနဲ့ ဘေးထွက်ဆိုးကျိုးလည်း နည်းတဲ့ သားဆက်ခြားနည်းရှိလား။ ။

    ရှိပါတယ်။ ကိုယ်ဝန်ကိုလည်း အမှန်တကယ်ထိထိရောက်ရောက်တားပေးပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းတဲ့ သန္ဓေတားနည်းရှိပါတယ်။ ခုဆောင်းပါးလေးထဲမှာအကောင်းဆုံး သန္ဓေတားနည်းတွေထဲက တစ်ခုဖြစ်တဲ့ လက်မောင်းတွင်းထည့်သန္ဓေတားပစ္စည်းအကြောင်းကို ပြောပြပေးသွားမှာပါ ။ သူက ကိုယ်ဝန်ကို ဘယ်လိုတားပေးလဲ ။ တစ်ခြား သန္ဓေတားနည်းတွေထက် ဘာကြောင့်ပိုကောင်းရလဲဆိုတာတွေကိုလည်း ပြောပြပေးမယ်နော်။

    လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းဆိုတာ ဘာလဲ။ ။

    လက်မောင်းတွင်းထည့်သန္ဓေတား ပစ္စည်းဆိုတာ မီးခြစ်ဆံ အရွယ်လောက်ရှိတဲ့ အချောင်းငယ်လေးနှစ်ခုပါ။ သူက ဟော်မုန်းပါတဲ့ သန္ဓေတားပစ္စည်းတစ်မျိုးဖြစ်ပြီး လက်မောင်းအသားအောက်ထဲမှာ ထည့်ထားရပါတယ်။ ထည့်ပြီးတာနဲ့ ဒီပစ္စည်းလေးက လစဉ် သားဥအိမ်ကသားဥတွေထုတ်လုပ်နေမှုကို ရပ်တန့်သွားအောင်လုပ်ဆောင်ပေးတဲ့ ပရိုဂျက်စတင်ဟော်မုန်းကို နည်းနည်းချင်းထုတ်ပေးပါတယ်။သူက ၃ နှစ်ကနေ ၅ နှစ်အထိကြာအောင် သန္ဓေတားပေးပြီး ကိုယ်ဝန်ရရှိမှုကို ၉၉ ရာခိုင်နှုန်းထက်ပိုမို ကာကွယ်ပေးပါတယ်။

    လက်မောင်းတွင်းထည်း သန္ဓေတားပစ္စည်းရဲ့ အားသာချက်တွေက ဘာတွေလဲ။ ။

    • တစ်ခါထည့်ထားရင် ၃ နှစ်လောက်အထိကိုယ်ဝန်ကို တားပေးတယ်။ ။

    တစ်ခြားသားဆက်ခြားနည်းတွေဖြစ်တဲ့ သောက်ဆေးထိုးဆေးေတွလို သုံးဖို့မေ့သွားမှာစိုးလို့ ရက်တွေကို သေချာ ထိုင်တွက်ချက်နေစရာ မလိုတော့အောင် တစ်ခါထည့်ပြီးတာနဲ့ မေ့ထားလို့ရတဲ့ ပစ္စည်းတစ်ခုပါ။ လက်မောင်းအောက် တစ်ခါလောက်ထည့်ထားရုံနဲ့ ၃ နှစ်ကနေ ၅ နှစ်အထိ ကိုယ်ဝန်မရအောင် တားပေးနိုင်တဲ့ တာရှည်ခံသန္ဓေတား ပစ္စည်းတစ်ခုဖြစ်ပါတယ်။

    • သုံးရတာလည်း အဆင်ပြေတယ်။ သိပ်လည်း မသိသာဘူး။

    လက်မောင်းထဲတစ်ခါထည့်ထားပြီးပြီးဆိုတာနဲ့ မေ့မေ့ပျောက်ပျောက်ထားလို့ရတဲ့ သန္ဓေတားပစ္စည်းတစ်ခုပါ။ ထည့်ပြီးပြီဆိုတာနဲ့ ပြန်မထုတ်မချင်း၊ သူသက်တမ်းကုန်တဲ့နေ့ မရောက်မချင်း ကိုယ်ဝန်ကို တားပေးနေတာဖြစ်လို့ အလုပ်များတဲ့ လေဒီတို့အတွက် အရမ်းကို အဆင်ပြေတဲ့ သန္ဓေတား ပစ္စည်းလေးတစ်ခုပါ။ လက်မောင်းတွင်းထည့် သန္ဓေတား ပစ္စည်းလေးသာ သုံးလို့ကတော့ နေ့တိုင်းသန္ဓေတားဆေးတွေသောက်ရတဲ့ ဒဏ်၊ ၃ လတစ်ခါ ဆေးခန်းသွားပြီး ဆေးထိုးဖို့ မေ့မှာစိုးတဲ့သောကတွေကနေ ကင်းဝေးတော့မှာပါ။ ဒါ့အပြင် လက်မောင်းအောက် မှာထည့်ထားတာဆိုတော့ ကိုယ်က ထုတ်မပြောရင် ဘယ်သူမှ မသိနိုင်လောက်အောင် သိုသိပ်ပါတယ်။ ။

    • အီစတိုဂျင်နဲ့ မတည့်တဲ့အမျိုးသမီးတွေအတွက် ပိုသင့်တော်တယ်။ ။

    သန္ဓေတားနည်း အများစုဟာ အီစတိုဂျင်၊ ပရိုဂျက်စတုန်း စတဲ့ ဟော်မုန်းနှစ်မျိုးလုံးပါအောင် အသားပေးထုတ်ထားတာပါ။ ဒီလို ဟော်မုန်းနှစ်မျိုးပါတဲ့ သန္ဓေတားဆေးတွေကြောင့် ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ စိတ်အပြောင်းအလဲတွေဖြစ်တာနဲ့ သွေးပေါင်ချိန်တက်တာလိုမျိုး ပြဿနာလေးတွေဖြစ်တတ်ပါတယ်။ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းမှာတော့ အီစတိုဂျင်မပါဘဲ ပရိုဂျက်စတုန်း တစ်မျိုးတည်းပါတာကြောင့် ဒီလိုပြဿနာလေးတွေ နည်းပါတယ်။

    • ပစ္စည်းလေးကို ထုတ်ပြီးတာနဲ့ချက်ချင်းကိုယ်ဝန်ပြန်ရနိုင်တယ်။ ။

    ကိုယ်ဝန်ယူဖို့ အဆင်သင့်ဖြစ်လို့ ကိုယ်ဝန်ပြန်ရချင်ပြီဆိုတာနဲ့ ပစ္စည်းလေးကို လက်မောင်းအောက်ကပြန်ထုတ်လိုက်ရုံပါပဲ။ တစ်ချို့သန္ဓေတားနည်းတွေလို ဖြတ်လိုက်ပြီဆိုတာနဲ့ ကိုယ်ဝန်ပြန်ရဖို့ ခက်ခဲတာမျိုး မဖြစ်နိုင်တဲ့အတွက် သုံးရ အရမ်းအဆင်ပြေတဲ့ သန္ဓေတား ပစ္စည်းလေးပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement