ဒီလက္ခဏာတွေက ကိုယ်ဝန်ရှိစအချိန်မှာ တွေ့ရတတ်တယ်ဆိုပေမယ့် ကိုယ်ဝန်မရှိဘဲလည်း ဖြစ်တတ်ပါတယ်။ ဒီထဲမှာ မပါတဲ့ တခြားလက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် ပိုသေချာချင်ရင် ဆေးစစ်ပါ။
ဘယ်အချိန်မှာ ကိုယ်ဝန်စစ်နိုင်မလဲ။
ကိုယ်ဝန်ရှိ၊ မရှိ ကို ဆေးစစ်တဲ့နည်း ၂နည်းရှိပါတယ်။ သွေးစစ်တာရယ်၊ ဆီးစစ်တာရယ်ပါ။
စစ်ဆေးမှု နှစ်ခုလုံးက ကိုယ်ထဲမှာ ကိုယ်ဝန်ဆောင်ဟော်မုန်း hCG ရှိမရှိကို စစ်တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိရင် သန္ဓေသားလေးက သားအိမ်ကို တွယ်တာနဲ့ hCGဟော်မုန်းကို စထုတ်ပေးပြီး အလျင်အမြန် များလာတာကြောင့်ပါ။
(၁) သွေးစစ်ခြင်း
သွေးထဲက ကိုယ်ဝန်ဆောင် ဟော်မုန်း ဘီတာ hCG ကို စစ်တာ ဖြစ်ပါတယ်။ သွေးစစ်ဆေးမှုရလဒ်က ဆီးစစ်တာထက် ပိုတိကျပါတယ်။ ပိုပြီးတော့လည်း စောစောသိနိုင်ပါတယ်။ သွေးစစ်ခြင်းကို သားဥကြွေပြီး ၆-၈ ရက်မှ စစစ်နိုင်ပါတယ်။ ဆိုလိုတာက ရာသီမလာတဲ့အထိ စောင့်စရာ မလိုပါဘူး။ သားဥကြွေပြီး တစ်ပတ်လောက်နေရင် စစ်လို့ ရပါပြီ။
သွေးစစ်မှုမှာလည်း နှစ်မျိုးရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။