ပုံမှန်ရာသီလာရက်ထက် အနည်းငယ်စောပြီး ဓမ္မတာကိုက်ခဲခြင်းနဲ့ သွေးအနည်းငယ်ဆင်းခြင်းတို့ ဖြစ်ခြင်းက သန္ဓေအောင်မျိုးဥလေး သားအိမ်နံရံကို ကပ်တွယ်တာကြောင့် ဖြစ်နိုင်ပါတယ်။ (သန္ဓေအောင်ပြီး ၆ ရက်မှ ၁၂ ရက်အတွင်း) သွေးဆင်းခြင်းအပြင် မိန်းမကိုယ်မှ အဖြူဆင်းခြင်းသည်လည်း ဖြစ်တတ်ပါတယ်။
အဖြူဆင်းခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံး ဖြစ်နိုင်ပါတယ်။ ဘေးအန္တရာယ်မဖြစ်ပါ၊ ကုသရန်လည်း မလိုအပ်ပါ။ ဒါပေမယ့် အနံ့အသက်မကောင်းတာ၊ ယားယံတာတွေ ခံစားရရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။
ရာသီသွေးမပေါ်ခြင်းက ကိုယ်ဝန်ရဲ့ သိသာထင်ရှားသော အစောပိုင်းလက္ခဏာဖြစ်ပါတယ်။ ဒါပေမယ့် ရာသီသွေးမပေါ်တိုင်း ကိုယ်ဝန်ရှိတာကြောင့် ဟုတ်ချင်မှ ဟုတ်မှာပါ။ ကိုယ်အလေးချိန်တက်လာတာ (သို့) ကျသွားတာ၊ ဟော်မုန်းပြဿနာများ၊ မောပန်းနွမ်းနယ်ခြင်းနဲ့ စိတ်ဖိစီးမှုများတာလိုမျိုး ပြဿနာများကလည်း ရာသီသွေးမပေါ်ခြင်းကို ဖြစ်စေနိုင်ပါတယ်
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်က ခုပြောခဲ့တဲ့ လက္ခဏာများအားလုံးဖြစ်စေ၊ တစ်ခု၊ နှစ်ခုကိုဖြစ်စေ ခံစားရတတ်ပါတယ်။ ဒီလက္ခဏာတွေက ကိုယ်ဝန်ဆောင်မဟုတ်တဲ့သူတွေမှာလည်း ဖြစ်တတ်တာကြောင့် လက္ခဏာတွေကို ကြည့်ပြီး ကိုယ်ဝန်ရှိမရှိ လုံးဝမဆုံးဖြတ်သင့်ပါ။ သေချာတဲ့ နည်းလမ်းကတော့ ကိုယ်ဝန်ရှိမရှိဆီးစစ်ခြင်းနဲ့ အယ်ထွာဆောင်း (Ultrasound) ရိုက်ခြင်းပဲ ဖြစ်ပါတယ်။
တကယ်လို့ အခြားသိလိုတဲ့ မေးခွန်းတွေရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းက သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။