ထိုသို့ရှာဖွေခြင်းသည်လည်း လွယ်ကူသော လမ်းကြောင်းတစ်ခု မဟုတ်ပါ။ ပထမဆုံး အတားအဆီးသည် သားအိမ်ခေါင်းအဝရှိ အကျိအချွဲ (mucus) များဖြစ်သည်။
အမျိုးသမီးတစ်ဦး သန္ဓေမအောင်နိုင်သော အချိန်များတွင် ထိုအကျိအချွဲများသည် မဖောက်ထွက်နိုင်သော ပိုက်ကွန်များသဖွယ် ရှိနေပါသည်။ သန္ဓေအောင်နိုင်သော အချိန်တွင် ပိုက်ကွန်သဖွယ် ထိုအကျိအချွဲများသည် ပျော့ပျောင်းလျော့ရဲလာ၍ အကူးခတ်နိုင်ဆုံး သုက်ပိုးများသည် ဖြတ်သန်းနိုင်သည်။
အသက်ရှင်နေသေးသော သုက်ပိုးများသည် ရှေ့သို့ ခရီးရှည်ကြီး ဆက်ရပေဦးမည်။ သားအိမ်ခေါင်းဝမှ သားအိမ်ကို ဖြတ်ကာ သားဥပြွန်များဆီသို့ ၁၈ စင်တီမီတာ ခရီးကို သွားရပေမည်။
အမြန်ဆုံးကူးခတ်နိုင်သော သုက်ပိုးများအတွက် သားဥဆီသို့ရောက်ရန် ၄၅ မိနစ်သာ ကြာသော်လည်း နှေးသော သုက်ပိုးများအတွက် ၁၂ နာရီမျှ ကြာနိုင်သည်။
သုက်ပိုးများသည် သားဥပြွန်အတွင်း၌ သားဥကို မတွေ့ခဲ့လျှင် ၇ရက်ကြာ အသက်ရှင်နေနိုင်သည်။ ဆိုလိုသည်မှာ ထို ၇ရက်အတွင်း သားဥကြွေလျှင် ကိုယ်ဝန်ရနိုင်သေးသည်။
သုက်ပိုးများ သေနှုန်းသည် အလွန်မြင့်၍ ဒါဇင်အနည်းငယ်မျှသာ သားဥထံသို့ ရောက်ရှိကြသည်။ သားဥအနီးသို့ ရောက်ရှိလာသော ကံကောင်းသည့် ထိုသုက်ပိုးများအတွက် ဆက်လက်၍ ပြိုင်ပွဲရှိနေသေးသည်။
သုက်ပိုးတစ်ကောင်ချင်း စီသည် သားဥ၏ အပြင်ခွံကို ဖောက်၍ အတွင်းသို့ အခြားအကောင်များ မဝင်နိုင်ခင် ဝင်ရောက်နိုင်ရန် ပြင်းပြင်းထန်ထန် ကြိုးစားရုန်းကန်ရသေးသည်။
သားဥသည် ကြွေကျလာပြီးချိန်မှ ၂၄ နာရီအတွင်း သန္ဓေအောင်ရန် လိုအပ်သည်။ အတော်ဆုံး သုက်ပိုးတစ်ကောင် ဝင်ရောက် လာနိုင်သောအခါ သားဥသည် အခြားသုက်ပိုးများ မဝင်ရောက်နိုင်အောင် ရုတ်တရက် ပြောင်းလဲလိုက်တော့သည်။
ပထမဆုံး သုက်ပိုးတစ်ကောင် ဘေးကင်းစွာ ဝင်ရောက်ပြီးချိန်တွင် သားဥအပေါ်၌ ဒိုင်းအကာသဖွယ် ကာကွယ်တားဆီးလိုက်ကြသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။