backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ်

ကိုယ်ဝန်ဆောင်နေစဉ် ဝလာတယ် ဆိုတာ ပုံမှန် ဖြစ်ရပ်ပဲလို့ လူတွေက ယုံကြည်ကြပါတယ်။ သင့်ကလေး ကြီးထွားမှုကို ထောက်ပံ့ပေးနိုင်ဖို့ လုံလောက်တဲ့ အာဟာရတွေ ရရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီကာလမှာ သင့်ကိုယ်အလေးချိန်ကို မထိန်းနိုင်ခဲ့ဘူးဆိုရင် သင်နဲ့ သင့်ကလေးရဲ့ကျန်းမာရေး အခြေအနေကို အန္တရာယ်ပေးနိုင်ခြေ မြင့်မားလာစေပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ် ကို လေ့လာလို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ်

ကိုယ်ဝန်ဆောင်ချိန်မှာ အလေးချိန် တိုးလာတာဟာ သဘာဝ ပါပဲ။ ဒါပေမယ့် သေချာ ဂရုမစိုက်မိဘူးဆိုရင်တော့ ဒါက ဆိုးကျိုးတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ်

ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ် တွေကတော့

(၁) ဆီးချိုရောဂါ

ဆီးချိုရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်နေစဉ် သွေးတွင်းသကြားဓာတ်မြင့်တက်လာဖို့ လွယ်ကူပါတယ်။ ကလေးမွေးဖွားပြီးချိန်မှာ အဆိုပါအမျိုးသမီးတွေရဲ့ ကလေးတွေဟာ အသက်၃နှစ်အရွယ်မှာ အဝလွန်လာနိုင်ဖို့များပါတယ်။ မွေးစမှာလည်း အသားဝါရောဂါ၊ အသက်ရှူခြင်းဆိုင်ရာ ပြဿနာတွေ၊ သွေးတွင်းသကြားဓာတ်နည်းတာ စတဲ့ အခြေအနေတွေလည်းဖြစ်ပေါ်လာနိုင်ပါသေးတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေကတော့

  • အစားအသောက်ပုံစံ

သင့်ရဲ့ ဆရာဝန် သို့မဟုတ် အာဟာရဆိုင်ရာပညာရှင်က သင့်ရဲ့ သွေးထဲက glucose ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အတိုင်းအတာမှာထားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ သူတို့က သင့်ကို အစားအသောက်အမျိုးအစား ဘယ်လိုခွဲရမယ်ဆိုတာနဲ့ အစာစားချိန်ကို ညွှန်ကြားပေးနိုင်ပါလိမ့်မယ်။

ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ၊ ဂျုံကြမ်းပေါင်မုန့်တွေ၊ လုံးတီးဂျုံနဲ့လုပ်ထားတဲ့ ဘီစကစ်တွေနဲ့ အုတ်ဂျုံစတဲ့အနှံမျိုးဝင်တွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သဘာဝအမျှင်ဓာတ်တွေကို ပေးနိုင်ပါတယ်။ နေ့စဉ် အစာစားချိန်တိုင်းမှာ အမျှင်ပမာဏ၁၀ဂရမ်လောက် စားခြင်းဟာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၂၆%ထိလျှော့ချပေးနိုင်ပါတယ်။

  • လှုပ်ရှားမှု

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ ဂလူးကို့စ်လယ်ဗယ်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတိုင်းအတာအတွင်းမှာ ထိန်းသိမ်းထားနိုင်ပါတယ်။ လမ်းလျှောက်ခြင်းနဲ့ ရေကူးခြင်းတွေက ကောင်းမွန်ပေမယ့် အလွန်အကျွံလေ့ကျင့်ခန်းလုပ်တာမျိုး မလုပ်သင့်ပါဘူး။ ဘယ်လောက်လေ့ကျင့်ရမယ် ဘယ်လိုပုံမှန်လေ့ကျင့်ရမယ်ဆိုတာကို သိနိုင်ဖို့ ဆရာဝန်ထံမှ အကြံဉာဏ် တောင်းပါ။ ဒါဟာ သင့်ရဲ့ ကျန်းမာရေးအခြေအနေအားလုံးပေါ် မူတည်ပါတယ်

  • ဆေးသောက်ပါ။

သင့်ရဲ့သွေးတွင်းသကြားဓာတ်က မြင့်တက်နေဆဲပဲဆိုရင် ဆရာဝန်က ကျန်းမာရေးနဲ့ညီတဲ့ အနေအထားမှာ ထိန်းသိမ်းထားနိုင်ဖို့နဲ့ သင့်ကလေးကို ကာကွယ်နိုင်ဖို့ ဆီးချိုဆေးတွေ ညွှန်းပေးပါလိမ့်မယ်။

(၂) သွေးတိုးရောဂါ

သွေးတိုးရောဂါဟာ လေဖြတ်ခြင်း၊ နှလုံးရုတ်တရက်ဖောက်ပြန်မှု၊ နှလုံးရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေတွေကို ၂ဆတိုးစေပါတယ်။ ဒါဟာ အဝလွန်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ မျိုးရိုးရှိခြင်းစတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးတိုးရောဂါကို ကုသရာမှာ ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းလည်းပါဝင်ပြီး ဆေးကုသမှုတွေလည်း ခံယူရနိုင်ပါတယ်။

  • ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်း

ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံဟာ သွေးတိုးခြင်းကို ကာကွယ်ကုသနိုင်ဖို့ အရေးကြီးတဲ့အဆင့်တစ်ဆင့်ပါ။ တကယ်လို့ သင်က အဝလွန်နေတယ်ဆိုရင် ပုံမှန်လေ့ကျင့်ခန်းလုပ်တာက အလေးချိန်ကျသွားစေနိုင်ပါတယ်။

ကျန်းမာစေတဲ့ စားသောက်နေထိုင်မှုပုံစံပြောင်းလဲပါ။ (အသီးအနှံ၊ဟင်းသီးဟင်းရွက် နဲ့ အဆီနည်းနို့ထွက်ပစ္စည်းတွေ၊ ပြည့်ဝဆီနဲ့ဆိုဒီယမ်ပါဝင်မှုနည်းတဲ့စားစရာတွေကို ပိုမိုစားသုံးပါ။)

  • ဆေးဝါးနှင့်ကုသခြင်း

သွေးတိုးရောဂါ ပြင်းထန်ရင် ကုသနိုင်တဲ့ ဆေးအမျိုးအစားတွေ များစွာ ရှိပါတယ်။ ဆရာဝန်က ကိုယ်ဝန်ဆောင်နဲ့ သင့်တော်တဲ့ ဆေးတွေကို ညွှန်းပေးမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ် အလေးချိန် အလွန်အမင်း တိုးလာခြင်းဟာ မိခင်ကိုရော ကလေးကိုပါ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ယနေ့ခေတ်မှာ ခေတ်မှီတဲ့မိခင်တွေဟာ သူတို့အတွက် အကောင်းဆုံး ဆိုတာကို အမြဲတမ်းသိဖို့ ကြိုးစားနေကြပါပြီ။ ဒါကြောင့် သင်ကိုယ်တိုင်ရော သင့်ကလေးကိုပါ အန္တရာယ်ကင်းစေဖို့ ကြိုးစားလိုက်ကြရအောင်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference: Your Guide to Pregnancy Weight Gain. http://health.usnews.com/health-news/health-wellness/articles/2015/09/25/your-guide-to-pregnancy-weight-gain. Accessed August 17, 2016.

Gestational Diabetes: Can I Lower My Risk? http://www.webmd.com/diabetes/gestational-diabetes-guide/gestational-diabetes-can-i-lower-my-risk?page=2. Accessed August 17, 2016

Weight gain in pregnancy. http://www.babycentre.co.uk/a554810/weight-gain-in-pregnancy. Accessed August
17, 2016

Hypertension/High Blood Pressure Health Center. http://www.webmd.com/hypertension-high-blood-pressure/guide/hypertension-treatment-overview. Accessed August 17, 2016Reference:

ယခုပုံစံ

25/01/2024

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမြွှာကိုယ်ဝန်ဆောင်တဲ့ မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

ကိုယ်ဝန်ဆောင်မေမေ မန်ကျည်းသီး စားလို့ ရလား!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/01/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ