-ဗိုက်အောင့်တာ
-ပျို့အန်တာ
သူက သာမန်ကိုယ်ဝန်လက္ခဏာတွေနဲ့ တူတူပါပဲ။ ဒါပေမယ့် သူ့မှာကိုယ်ဝန်ဆောင်ဟော်မုန်း HCGပိုများတဲ့အတွက် လက္ခဏာပိုဆိုးပါတယ်။ (ဥပမာ မရပ်မနားအန်တာမျိုး)
- Subchorionic haemorrhage (အချင်းမှ သွေးထွက်ခြင်း)
အချင်း သားအိမ်ကနေ နည်းနည်းကွာသွားတဲ့အခါ သွေးထွက်ပါတယ်။ ကွာသွားလို့ လွတ်နေတဲ့နေရာကြားမှာ သွေးတွေစုပြီး အရည်အိတ်ဖြစ်လာပါတယ်။ အိတ်သေးရင် သွေးဆင်းတာနည်းပြီး အိတ်ကြီးရင် သွေးဆင်းတာများပါတယ်။ တချို့တွေကတော့ အရည်အိတ်တည်တာကိုတောင် မသိဘဲ ကျန်းကျန်းမာမာကိုယ်ဝန်ဆောင်သွားကြပါတယ်။ ဒါပေမယ့် အရည်အိတ်အရမ်းကြီးရင်တော့ ကိုယ်ဝန်ပျက်ကြတဲ့အထိ အန္တရာယ်ရှိပါတယ်။ လက္ခဏာတွေကတော့
-သွေးနည်းနည်း ဒါမှမဟုတ် များများဆင်းတာ
-အရောင်ဖျော့ဖျော့ ဒါမှမဟုတ် ညိုပုပ်ပုပ်အရောင်တွေဆင်းတာ
-ဗိုက်အောင့်တာ
-ဆွဲညှစ်ထားသလို နာတာတွေဖြစ်တတ်ပါတယ်။
မိန်းမကိုယ် ဒါမှမဟုတ်ဆီးလမ်းကြောင်းကို ပိုးဝင်တဲ့အခါ သွေးဆင်းတတ်ပါတယ်။ ပိုးက ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုး မျိုးစုံဖြစ်နိုင်ပါတယ်။ မိန်းမကိုယ် မှိုစွဲပြီး ရောင်ရမ်း (vaginitis)ခဲ့ရင် သွေးဆင်းတာအပြင် မိန်းမကိုယ်ယားတာ၊ ဗိုက်အောင့်တာ၊ ဆီးကျဉ်တာ၊ အဖြူဆင်းတာ၊ မိန်းမကိုယ်မှာ အနာပေါက်တာ စတာတွေလည်း ဖြစ်တတ်ပါတယ်။
သွေးဆင်းရင်ဘာလုပ်ကြမလဲ။
ကိုယ်ဝန်နုချိန်မှာ ဘာကြောင့်ပဲသွေးဆင်းဆင်း ဆရာဝန်ကို အသိပေးသင့်ပါတယ်။ အထူးသဖြင့်
- သွေးဆင်းများရင်
- သွေးခဲတွေပါရင်
- ဗိုက်က ဆွဲညှစ်ထားသလို နာရင်
- မခံနိုင်အောင်ပျို့တာ
- ခေါင်းမူးတာ၊ သတိလစ်တာ
- ချမ်းတုန်ဖျားတာ
- အဖျားကြီးတာ စတာတွေဖြစ်လာရင်တော့ ဆေးရုံကို အမြန်ဆုံးပြသင့်ပါတယ်။
ကုသနည်းများ
ကုသနည်းတွေကတော့ ရောဂါပေါ်မူတည်ပြီး စောင့်ကြည့်တာ၊ သောက်ဆေးပေးတာ၊ ခွဲစိတ်ကုတာ စတာတွေ လုပ်ရမှာပါ။ မိခင်အတွက်ရော ကလေးအတွက်ပါ စိတ်ချရတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကုသကြပါတယ်။
ကိုယ်ဝန်လနုချိန် သွေးဆင်းရင်
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အစစအရာရာ သတိထားရပါတယ်။ သွေးဆင်းတာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သူ့အတွက်တော့ စိုးရိမ်စရာလို့ပဲ တွေးနေမှာပါ။ ဒါကြောင့် သွေးဆင်းတိုင်းမကြောက်ပါနဲ့။ စိတ်အေးအေးထားပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။ အကျဉ်းပြန်ချုပ်ရင် သိပ်အန္တရာယ်မရှိတဲ့ သွေးဆင်းတာတွေက
- သန္ဓေတည်လို့သွေးဆင်းတာ
- သားအိမ်ခေါင်းအသားပိုထွက်တာ
- မိန်းမကိုယ်ပိုးဝင်တာ
- အမြွာကိုယ်ဝန်ဆောင်တာ စတာတွေပဲဖြစ်ပါတယ်။
အန္တရာယ်ရှိတဲ့ သွေးဆင်းတာက
- ကိုယ်ဝန်ပျက်ကျတာ
- စပျစ်သီးကိုယ်ဝန်ရှိတာ
- သားအိမ်ပြင်ပသန္ဓေတည်တာတွေပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။