ကလေးအသေ မွေးခြင်း အကြောင်းများက ဘာတွေလဲ။

    ကလေးအသေ မွေးခြင်း အကြောင်းများက ဘာတွေလဲ။

    ကလေးအသေမွေးခြင်းဆိုသည်မှာ ကိုယ်ဝန်ကာလ အပတ် ၂၀ နောက်ပိုင်းတွင် ကလေးအသေမွေးခြင်းကို ဆိုလိုပါသည်။ ကမ္ဘာအနှံ့တွင် ကလေးအသေမွေးခြင်းသည် အဖြစ်များပါသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းများစွာရှိသော ကြောင့် မိဘများအနေဖြင့် ကလေး၏ကျန်းမာရေးကို ဂရုစိုက်ပြီး ပတ်ဝန်းကျင်တွင် ဂရုတစိုက်နေထိုင်ခြင်းဖြင့် ကလေးအသေမွေးနှုန်းကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပါလိမ့်မည်။

    ယခုဆောင်းပါးတွင် ကလေးအသေမွေးခြင်းကို ဖြစ်စေသော အကြောင်းရင်းများကို အဓိကထားဖော်ပြသွားမည်ဖြစ်ပါသည်။

    ကလေးအသေမွေးခြင်းကို ဖြစ်စေသော အကြောင်းရင်းများ

    ယနေ့အချိန်အထိ အသေမွေးသော ကလေးများ ရာထောင်ချီပြီးမွေးနေခြင်းကို မရှင်းပြနိုင်သေးပါ။ အကြောင်းမှာ ထိုသို့ဖြစ်ရခြင်း၏ ပင်မအကြောင်းရင်းကို တိတိကျကျဖော်ထုတ်နိုင်မည့် ဆေးဘက်ဆိုင်ရာ နည်းပညာများ အားနည်းနေသေးသောကြောင့် ဖြစ်ပါသည်။ သို့သော် ဖြစ်နိုင်ချေအများဆုံး အကြောင်းရင်းများကို ဆရာဝန်များက အောက်ပါအတိုင်းဖော်ပြထားပါသည်။

    အချင်း၏ နောက်ဆက်တွဲပြသနာများ

    အချင်းဆိုသည်မှာ သန္ဓေသားနှင့် မိခင်၏သားအိမ်တို့ကို ဆက်ထားပေးသော အချိတ်အဆက်ဖြစ်ပါသည်။ ထိုလမ်းကြောင်းသည် ကလေးငယ်အတွက် အသက်ရှင်နိုင်မည့် အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို ပေးနိုင်သော တစ်ခုတည်းသော လမ်းကြောင်းလည်း ဖြစ်ပါသည်။ ထို့ကြောင့် အချင်း၏လုပ်ဆောင်မှုများနှင့် ဖွံ့ဖြိုးမှုများ မူမမှန်ပါက ကလေးသည်လည်း အသက်အန္တရာယ်ရှိနိုင်ပါသည်။

    အချင်း၏ နောက်ဆက်တွဲပြသနာများမှာ အချင်းကပ်ခြင်း၊ အချင်းအရှေ့ရောက်ခြင်း၊ အချင်းကွားခြင်းနှင့် အချင်း၏ အစိတ်အပိုင်းများတွင် သွေးမရောက်ဘဲ ပုပ်နေခြင်းတို့ဖြစ်ပါသည်။ မွေးလာသော ကလေးသည် အခြားကလေးများထက် သေးငယ်နေလျှင် အချင်းပြသနာတစ်ခုခုရှိသောကြောင့် ဖြစ်နိုင်ပါသည်။

    မိခင်တွင် သွေးထွက်ခြင်း

    ကလေးမမွေးမီနှင့် မွေးနေစဉ်တွင် သွေးထွက်များခြင်းသည် မွေးလာမည့်ကလေးကို သေစေနိုင်ပါသည်။

    ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း(ကိုယ်ဝန်ဆိပ်တက်ခြင်း)

    ထိုသို့ဖြစ်ခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် သွေးပေါင်ချိန်မြင့်တက်ပြီး ကျောက်ကပ်ထိခိုက်ခြင်းဖြစ်ပါသည်။ ကိုယ်ဝန်အပတ် ၂၀ခန့်တွင် ဖြစ်လေ့ရှိပါသည်။

    သားအိမ်ခေါင်း ပုံစံမမှန်ခြင်း

    သားအိမ်ခေါင်းဆိုသည်မှာ သားအိမ်ထိပ်ဝတွင် ရှိသော ပြွန်ပုံစံရှိသည့်အရာဖြစ်သည်။ ပုံမှန်အတိုင်းဆိုလျှင် ကလေး ဗိုက်ထဲတွင် ရှိနေချိန်တွင် သားအိမ်ခေါင်းသည် မပွင့်ဘဲ စေ့နေသည်။ သားအိမ်ခေါင်းမလုံသောသူများတွင် သားအိမ်ခေါင်းရှိ တစ်သျူးများ အားနည်းသောကြောင့် ပွင့်ကျပြီး ကလေးပျက်ကျခြင်း၊ အသေမွေးခြင်း၊ လမစေ့ဘဲမွေးခြင်းများ ဖြစ်ရခြင်းနှင့် အခြား အမျိုးမျိုးသော ကျန်းမာရေး ပြသနာများဖြစ်ရခြင်း ဖြစ်ပါသည်။

    ချက်ကြိုးပြသနာ

    ယင်းသည် အခြားအကြောင်းရင်းများလောက် အဖြစ်အများသော်လည်း တစ်နှစ်တွင် ရာထောင်နှင့် ချီသော ကိုယ်ဝန်ဆုံးရှုံးမှုများသည် ချက်ကြိုးပြသနာများကြောင့် ဖြစ်နေကြောင်း တွေ့ရပါသည်။ ထိုပြသနာများတွင် ကလေးမမွေးမီတွင် ချက်ကြိုးထွက်ကျခြင်း၊ ကလေး၏လည်ပင်းတွင် ချက်ကြိုးပတ်မိခြင်းများကြောင့်ဖြစ်ပါသည်။

    ကူးစက်ရောဂါများ ဝင်ခြင်း

    ကူးစက်ရောဂါကြောင့် ကလေးအသေမွေးခြင်းသည် တစ်နှစ်တွင် ကလေးအသေမွေးသူများ၏ ၁၀ % ခန့်တွင် ဖြစ်နေကြောင်းတွေ့ရပါသည်။ ကိုယ်ဝန်ဆောင်မိခင်သည် အောက်ပါကူးစက်ရောဂါများ ခံစားရပါက ကလေးအသေမွေးခြင်း ဖြစ်စေနိုင်ပါသည်။

    · ဂျိုက်သိုးရောဂါ

    · တုပ်ကွေးရောဂါ

    · ပါဗို B19 ဗိုင်းရပ်စ်ရောဂါ

    · ကော့စကီး ဗိုင်းရပ်စ်ရောဂါ

    · လိင်မှတဆင့် ကူးစက်သော ဗိုင်းရပ်စ်ရောဂါများ (ရေယုန်ပေါက်ခြင်း၊ ကာလသားရောဂါ၊ မိုက်ကိုပလက်စမားရောဂါ)

    · Listeria ပိုးကြောင့်ဖြစ်သောရောဂါ

    · စားအစာများတွင်ပါသော monocytogenes bacterium အကောင်ကြောင့် ဖြစ်သောရောဂါ

    · သမပိုင်းဒေသရှိ ခြင်းကျားကိုက်ခံရခြင်းကြောင့် ဖြစ်သော ဌက်ဖျားရောဂါ

    · မှက်ကိုက်ခြင်းကြောင့် ဖြစ်သော လိုင်းမ်ရောဂါ တို့ဖြစ်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr. K Zin Thwe မှ ရေးသားသည်။ 27/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။