backup og meta

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ

    ရောဂါတွေ အများကြီး ရှိတဲ့အထဲကမှ အခုတစ်ခေါက်တော့ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ က ပျော်ရွှင်စရာကောင်းတဲ့ စုံတွဲတွေကြားက ဆက်ဆံရေးတွေကို ပျက်စီးစေနိုင်သလို အနာဂတ် မိသားစု စီမံကိန်းအပေါ်မှာပါ ထိခိုက်တာတွေ ဖြစ်လာစေနိုင်ပါတယ်။

    ဒါကြောင့် လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ အဖြစ်များတဲ့ ရောဂါတွေအကြောင်းနဲ့ ကာကွယ်နည်းတွေကို အတူတူလေ့လာရအောင်လား Helloဆရာဝန် ပရိသတ်ကြီးရေ …..

    ဘာလဲ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါ (STDs) ဆိုတာ……..

    လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ (STDs) ဒါမှမဟုတ် လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ရောဂါများ (STIs)ဆိုတာက လူတစ်ဦးဆီကနေ အခြား တစ်ဦးဆီကို လိင်ဆက်ဆံရာကနေ တဆင့်ကူးစက်တတ်တဲ့ ရောဂါတွေပါ။

    ဒီလို ကူးစက်ခံရမှုက များသောအားဖြင့် မိန်းမကိုယ်နဲ့ ဆက်ဆံမှုကနေ ကူးစက်နိုင်သလို။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း (oral sex)၊ စအိုကနေ လိင်ဆက်ဆံခြင်း (anal sex) တို့ကနေလည်း ကူးစက်နိုင်ပါတယ်။

    ဒီလို ကူးစက်နိုင်သလို တစ်ခါတလေမှာ ရုပ်ပိုင်းဆိုင်ရာ နီးနီးကပ်ကပ် ထိတွေ့မှုတွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့ လိင်အင်္ဂါ ကြွက်နို့ရေယုန် စတဲ့ရောဂါတွေက အရေပြားချင်း ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

    အဖြစ်များတဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါများ

    လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေက အမျိုးအစား ၂၀ ကျော်လောက်ကို ရှိပါတယ်။ ဒီထဲမှာမှ အဖြစ်များတဲ့ ရောဂါတွေက

    ဘာတွေကများ လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs)ကို ဖြစ်စေနိုင်တာလဲ …..

    လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ

    ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ နဲ့ ကပ်ပါးပိုးတွေက လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs)ကို ဖြစ်စေနိုင်ပါတယ်

    ဘယ်သူတွေမှာ လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs) ကူးစက်ခံရနိုင်လဲ ……

    လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs) အများစုက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ ပိုပြီး ပြင်းထန်နိုင်ပါတယ်။

    အကယ်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ STD ရောဂါတွေ ရှိမယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာပါ ကျန်းမာရေး ပြဿနာ ရှိနိုင်ပါတယ်။

    လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs)ရဲ့ လက္ခဏာတွေက ဘာတွေလဲ ……

    STDs ရောဂါတွေထဲက တစ်ခုခုကို ခံစားနေရတဲ့အခါ လက္ခဏာ မပြတာမျိုး ရှိနိုင်သလို လက္ခဏာ နည်းနည်းလေးပဲ ပြတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကူးစက်တာကို သိနိုင်တာမျိုး ရှိသလို မသိတာမျိုးလည်း ရှိနိုင်ပါတယ်။

    ရောဂါ ရှိနေတာကို မသိဘဲ အတူနေမိရာကနေ ရောဂါပိုးတွေက တစ်ယောက်စီကနေ အခြား တစ်ယောက်စီကို ကူးစက်သွားတာပါ။ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်ခံရတဲ့အခါ

    • လိင်အင်္ဂါကနေ ပုံမှန် မဟုတ်တဲ့ အကျိအချွဲတွေ ဆင်းမယ်
    • မျိုးပွားအင်္ဂါ တဝိုက် အနာတွေ၊ ရေယုန်တွေ ဖြစ်မယ်
    • ဆီးသွားတဲ့အခါ နာကျင်မယ်
    • မျိုးပွားအင်္ဂါ တဝိုက် ယားယံမယ်။ နီမြန်းမယ်။
    • ပါးစပ်တဝိုက်မှာ အရည်ကြည်ဖုတွေ ဖြစ်မယ်။ အနာတွေ ဖြစ်မယ်
    • ပုံမှန် မဟုတ်ဘဲ မိန်းမကိုယ်က အနံ့ဆိုး ထွက်မယ်
    • စအို တဝိုက် ယားယံမယ်။ နာကျင်မယ်။ သွေးထွက်မယ်။
    • ဗိုက်အောင့်မယ်
    • အဖျားတက်မယ် စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ ……

    အချို့သော STD ရောဂါတွေကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကနေတဆင့် သိရှိနိုင်သလို အချို့ကိုတော့ မိန်းမကိုယ်၊ အမျိုးသား အင်္ဂါ၊ စအို စတဲ့နေရာက ထွက်တဲ့ အရည်တွေ၊ တို့ဖတ်တို့ကို ရယူပြီး စစ်ဆေးရာမှ သိရှိနိုင်ပါတယ်။

    ဘယ်လို ကုသမလဲ ……

    ဘက်တီးရီးယားတွေနဲ့ ကပ်ပါးပိုးတွေကြောင့် ဖြစ်တဲ့ လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတွေကို သက်သာစေဖို့အတွက်က Antibiotics( ပဋိဇီဝ ပိုးသတ်ဆေးတွေ) ကို အသုံးပြုလို့ ရပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ STD ရောဂါတွေကိုတော့ ပိုးသတ်ဆေးနဲ့ ကုသလို့ မရပါဘူး။ တခြားနည်းလမ်းတွေနဲ့ ကုသရပါတယ်။ ဥပမာ HIVဆိုရင် ဗိုင်းရပ်စ်ဆေးတွေနဲ့ ထိန်းရတာမျိုးပါ။

    ဘယ်လို ကာကွယ်မလဲ ………

    ကွန်ဒုံးကို နည်းစနစ်မှန်မှန် အသုံးပြုတာက လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs) ကူးစက်နိုင်ခြေကို ရာနှုန်းပြည့်မဟုတ်တောင် သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ကွန်ဒုံး အသုံးပြုတဲ့အခါမှာလည်း ကိုယ်နဲ့ ဓာတ်တည့်တာမျိုး ဖြစ်ဖို့ လိုပါမယ်။

    အချို့သော STD ရောဂါတွေကို ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ရပါတယ်။ ဥပမာ HPV (လိင်အင်္ဂါ ကြွက်နို့)၊ အသည်းရောင် အသားဝါ ဘီပိုး (hepatitis B) တို့ပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement