backup og meta

အော်တစ်ဇင်ရောဂါဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာကတည်းက အစပျိုးလာနိုင်တယ်ဆိုတဲ့ လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အော်တစ်ဇင်ရောဂါဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာကတည်းက အစပျိုးလာနိုင်တယ်ဆိုတဲ့ လက္ခဏာများ

    အော်တစ်ဇင်ရောဂါဟာပညာရေး၊လူမှုပေါင်းသင်းဆက်ဆံရေးအစရှိတဲ့ကလေးရဲ့ဘဝမှာအရေးပါတဲ့အခြင်းအရာတွေကိုထိခိုက်စေတယ်ဆိုတာအားလုံးသိကြမှာပါ။ ဒါကြောင့်အော်တစ်ဇင်ကလေးကိုကုသရတယ်ဆိုတာအင်မတန်ခက်ခဲတဲ့တိုက်ပွဲတစ်ပွဲကိုတိုက်ရသလိုပဲအခက်အခဲတွေအများကြီးရှိပါတယ်။ ဒီနေရာမှာအံ့ဩဖို့ကောင်းတဲ့အချက်ကအော်တစ်ဇင်ဟာကလေးငယ်မိခင်ရဲ့ဝမ်းကြာတိုက်ထဲမှာရှိနေစဉ်ကတည်းကကိုစတင်ဖြစ်ပေါ်လာနိုင်တယ်ဆိုတာပါပဲ။

    အော်တစ်ဇင်ဟာဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်းနဲ့ဆက်စပ်နေတယ်။

    အော်တစ်ဇင်ဟာသန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်းနဲ့ဆက်စပ်နေတယ်လို့သုတေသီတွေကယူဆခဲ့ကြတာအချိန်အတော်ကြာခဲ့ပါပြီ။ ဒါ့အပြင်ဒီပြဿနာဟာစတင်မျိုးအောင်ချိန်ထဲက ဖြစ်ပွားနေခဲ့တာပါလို့လည်းဆိုပါတယ်။ ဒါပေမယ့်အော်တစ်ဇင်ဝေဒနာခံစားနေရတဲ့ကလေးတွေရဲ့ဦးနှောက်အပြင်အလွှာမှာပုံမှန်မဟုတ်ထိခိုက်ထားတဲ့နေရာလေးတွေရှိတာကိုတွေ့ရှိခဲ့တာတော့မကြာသေးပါဖူး။

    အော်တစ်ဇင်ရောဂါဟာကိုယ်ဝန်ဆောင်စဉ်ကာလမှာကတည်းကအစပျိုးလာနိုင်တယ်။

    ဒီပြဿနာကိုလေ့လာအဖြေရှာဖို့အတွက်သုတေသနပညာရှင်တွေဟာကွယ်လွန်ပြီးကလေးနှစ်ဆယ့်နှစ်ယောက်ရဲ့ဦးနှောက်တစ်ရှူးတွေကိုလေ့လာခဲ့ကြပါတယ်။ အဲ့ဒီကလေးနှစ်ဆယ့်နှစ်ယောက်မှာတစ်ဝက်ဟာအော်တစ်ဇင်ရောဂါရှိခဲ့ပြီးနောက်တဝက်ကတော့ပုံမှန်ဖြစ်ပါတယ်။ ရလာဒ်အနေနဲ့ကတော့အော်တစ်ဇင်ရောဂါရှိသူကလေးတွေရဲ့ဦးနှောက်အပြင်လွှာမှာပုံမှန်မဟုတ်တဲ့နေရာလေးတွေကိုတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင်ဒီလိုပုံမမှန်နေရာလေးတွေဟာသန္ဓေသားဘဝမှာပဲ ဖြစ်ပေါ်နိုင်တယ်ဆိုတာကိုသိပ္ပံပညာရှင်များအနေနဲ့သိရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်အော်တစ်ဇင်ဟာမိခင်ဗိုက်ထဲမှာကတည်းကစတင်ဖြစ်ခဲ့လိမ့်မယ်လို့အခိုင်အမာယုံကြည်ရပါတယ်။

    သုတေသနပညာရှင်တွေဟာတဆင့်တက်ပြီးအဆိုပါပုံမှန်မဟုတ်တဲ့နေရာလေးတွေရဲ့အခြေအနေအသေးစိတ်ကိုဆက်လက်လေ့လာခဲ့ကြပါတယ်။ ဒီလိုလေ့လာတဲ့အခါအော်တစ်ဇင်ကလေးတွေရဲ့ဦးနှောက်တစ်ရှူးမှာရှိနေတဲ့အဲ့ဒီနေရာလေးတွေဟာပုံမှန်ရှိရမယ့်မျိုးဗီဇဆိုင်ရာလက္ခဏာလေးတွေမရှိတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင်ထူးခြားတာကအဆိုပါမူမမှန်နေရာလေးတွေဟာဦးနှောက်ရဲ့အရေးပါအရာရောက်တဲ့နေရာတွေမှာတည်ရှိနေတယ်ဆိုတာပါပဲ။

    စောစောသိစောစောကုရင်အခြေအနေကောင်းနိုင်တဲ့အော်တစ်ဇင်ရောဂါ

    ကံကောင်းတာကဦးနှောက်မှာရှိတဲ့ဒီပုံမမှန်နေရာလေးတွေဟာအရွယ်ခပ်သေးသေးဖြစ်ပြီးအခြေအနေအရမ်းကြီးမဆိုးခင်ရပ်ဆိုင်းသွားတာပါပဲ။ ဒါကြောင့်စောစီးစွာကုသနိုင်မယ်ဆိုရင်အတော်အကျိုးရှိမှာပါ။ မှန်ကန်တဲ့ကုသမှုကိုအသုံးပြုနိုင်မယ်ဆိုရင်မတ်တပ်ပြေးအရွယ်အော်တစ်ဇင်ကလေးတွေမှာအခြေအနေတိုးတက်လာနိုင်ပါတယ်။ ဒါဟာဘာလို့လဲဆိုတော့ဦးနှောက်ဟာဒီအပြစ်အနာအဆာခပ်သေးသေးကိုကျော်လွှားကောင်းကျော်လွှားနိုင်မှာမို့ပါ။

    ပညာရှင်တွေအားလုံးလက်ခံထားတာကတော့စောစောကုလေအခြေအနေကောင်းလေဆိုတာပါပဲ။ အော်တစ်ဇင်ကိုစောစီးစွာသိနိုင်မယ့်နည်းလမ်းအသစ်တွေကိုလည်းရှာဖွေနေကြပါတယ်။

    အသေးစိတ်ထပ်စဉ်းစားမယ် >အော်တစ်ဇင်ဘာလို့ဖြစ်တာလဲ။

    အော်တစ်ဇင်ဘာလို့ဖြစ်ရတာလဲဆိုတဲ့ကိစ္စမှာအဖြေရှာမရနိုင်သေးတဲ့ ပြဿနာတွေရှိနေပါတယ်။ ပထမတစ်ချက်ကကိုယ်ဝန်ရဲ့ဘယ်အဆင့်မှာအော်တစ်ဇင်စဖြစ်နိုင်တယ်ဆိုတာမသိရသေးပါဖူး။ ဒုတိယနဲ့ပိုအရေးကြီးတဲ့အချက်ကအပေါ်မှာပြောခဲ့တဲ့ပုံမှန်မဟုတ်တဲ့နေရာလေးတွေဟာလနုသေးတဲ့သန္ဓေသားလေးရဲ့ဦးနှောက်မှာဘာလို့လာဖြစ်နေရတာလဲဆိုတဲ့အချက်ဖြစ်ပါတယ်။

    အော်တစ်ဇင်ဟာမျိုးရိုးဗီဇနဲ့ဆိုင်သလိုပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့သိပ္ပံပညာရှင်တွေအားလုံးကသဘောတူလက်ခံထားပါတယ်။ တချို့အနေအထားတွေမှာနှစ်မျိုးလုံးကြောင့် ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေတွေနဲ့ပတ်သက်လို့သုတေသနပညာရှင်တွေအနေနဲ့လေ့လာစမ်းသပ်မှုတွေအများကြီးလုပ်ခဲ့ကြပြီးလေထုညစ်ညမ်းမှုနဲ့ကာလကြာရှည်ထိတွေ့တာ၊ဗီတာမင်ဘီ၊ဖောလစ်အက်ဆစ်ဓာတ်ချို့တဲ့တာဒါမှမဟုတ်ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement