ကလေးတွေအတွက် ကိုယ်ခံအားစနစ်က ဘာကြောင့် အရေးပါတာလဲ……
ကိုယ်ခံအားစနစ်က ကလေး ကနေစလို့ လူကြီးတွေအထိ အားလုံးအတွက်အရေးပါတာပါ။ ကြီးထွားဖွံ့ဖြိုးဆဲဖြစ်တဲ့ ကလေးတစ်ယောက်အတွက်ကတော့ ပိုလို့အရေးပါတာပေါ့။ ဒီလိုပြောရတဲ့ အကြောင်းက ကလေးတွေက သူတို့ရဲ့ ပထမ ၅ နှစ်တာ ကာလအတွင်းမှာ ဦးနှောက်ရော ခန္ဓာကိုယ်ပါ အကောင်းဆုံးဖွံ့ဖြိုးဖို့ လိုအပ်လို့ပါ။ ဒီလို ဖွံ့ဖြိုးဖို့ဆိုတာကလည်း ကိုယ်ခံအားကောင်းပြီး ကျန်းမာဖို့လိုပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာနေတဲ့ ကလေးတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားကောင်းသလို ဦးနှောက် ဖွံ့ဖြိုးမှုလည်းကောင်းပါတယ်။ သင်ယူမှုစွမ်းရည်ကလည်း အခြားကလေးတွေထက် ပိုကောင်းတတ်ကြပါတယ်။ ဒီတော့ ကိုယ်ခံအားကောင်းအောင်စောင့်ရှောက်ပေးတာက ကလေးကို ဉာဏ်ကောင်းပျော်ရွှင်ပြီး ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းစေဖို့ လုပ်ဆောင်ပေးတာနဲ့ အတူတူပါပဲ။
ကိုယ်ခံအားကောင်းစေဖို့ ထောက်ပံ့ပေးတဲ့အချက်တစ်ခု
ကိုယ်ခံအားကောင်းမှ ကလေးကအကောင်းဆုံးဖွံ့ဖြိုးနိုင်မှာပါ။ ဒီတော့ ကိုယ်ခံအားကောင်းအောင် မေမေတို့အနေနဲ့ ဘာလုပ်ပေးရမလဲဆိုပြီး သိချင်နေလောက်မှာပါ။ ဒါကတော့ ရှင်းပါတယ်။ ကလေးကို အာဟာရပြည့်အောင်ကျွေးပေးပါ။ အာဟာရပြည့်ဝမှုက ကလေးကို ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
ကိုယ်ခံအားအပေါ်မှာ အစာအာဟာရတွေက ဒီလိုသက်ရောက်နေပါတယ်
ကောင်းမွန်တဲ့ကိုယ်ခံအားစနစ်တစ်ရပ်ဖြစ်ဖို့အတွက် အရေးအပါဆုံးတွေထဲကတစ်ခု က ကျန်းမာပြည့်ဝတဲ့အစာအာဟာရပါ။ ကလေးငယ်ကို မိခင်နို့တိုက်ကျွေးနေချိန်မှာတော့ မိခင်စားသုံးလိုက်တဲ့အာဟာရတွေက နို့ရည်ကနေတဆင့် ကလေးဆီရောက်ရှိသွားနိုင်ပါတယ်။ ကလေးကနို့သောက်တဲ့အရွယ်ကနေကျော်လွန်ပြီး အစားစစားနိုင်ပြီဆိုရင်တော့ အာဟာရပြည့်ဝမျှတအောင်စားမိစေဖို့ မိဘတွေကသေချာပြင်ဆင်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
ကလေးကအစားစစားနိုင်ပြီဆိုရင် ကိုယ်ခံအားကို အထောက်အပံ့ဖြစ်စေမယ့် အာဟာရပြည့်ဝမျှတတဲ့အစားအသောက်တွေကိုသေချာရွေးချယ်ကျွေးမွေးဖို့လိုအပ်မှာပါ။ ဒါကြောင့်ကလေးကို ပဲအမျိုးမျိုး၊ကြက်ဥ၊ဘဲဥ၊ နွားနို့၊ နို့ထွက်ပစ္စည်းတွေနဲ့ အခြားဗီတာမင်နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့အစားအသောက်တွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ အသီးအရွက်တွေသေချာကျွေးမွေးပေးဖို့လိုအပ်မှာပါ။ အသား၊ငါးမျှတအောင်ထည့်သွင်းပြင်ဆင်ပေးဖို့ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။