အရှေ့အာရှနိုင်ငံများတွင် ဖြစ်နိုင်ချေ အမြင့်ဆုံး ဒုတိယ အချက်မှာ ရေ သန့်စင်မှု၊ အိမ်တွင်း သဘာဝ လောင်စာ သုံးစွဲ မှု စသော ပတ်ဝန်းကျင်အချက်များ ဖြစ်သည်။
ကလေးကြီးထွားမှုနှေးခြင်းကို ဘယ်လိုကာကွယ်မလဲ။
အောက်ဖော်ပြပါ အချက်အချို့ကို မှတ်သားထားခြင်းဖြင့် သင့်ကလေး၏ ကြီးထွားမှုနှေးခြင်း ဖြစ်နိုင်ချေကို လျော့ချနိုင် ပါသည်။
အာဟာရချို့တဲ့ခြင်းသည် ကျန်းမာရေးအခြေအနေ တစ်ခု ကြောင့် ဖြစ်ပါက တတ်နိုင်သလောက် မြန်မြန် ကျန်းမာရေး အကူအညီရှာရမည်။
သင့်ကလေး၏ ပထမ ၆လတွင် မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပါ။ ထို့နောက် တဖြည်းဖြည်း ဖြည့်စွက်စာ ပြောင်း ကျွေးပြီး နောက်ဆုံးတွင် အစာ အခဲများ ကျွေးပါ။ သင့်ကလေး ကို အစာအုပ်စု တစ်ခုစီအတွက် ထောက်ခံထားသော အစာများ ကျွေးပါ။ မျှတသော အစားအစာနှင့် ပုံမှန်လေ့ကျင့် ခန်းလုပ်ခြင်းသည် သင့်ကလေး ကျန်းမာရေး အတွက် သော့ချက်ဖြစ်သည်။
အမျှင်ဓါတ်ကိုလည်း မမေ့ပါနှင့်။ အမျှင်ဓါတ်သည် အစာခြေစနစ် ကျန်းမာရေးကို ကောင်းစေပြီး အူရှိ ဘတ်တီးရီး ယားများကို ကျန်းမာစေသည်။
သင့်ကလေးကို ဖော်မြူလာနို့ တိုက်ကျွေးပါက ညွှန်ကြားချက်အတိုင်း တိုက်ပါ။ နို့ကို ရေရောခြင်းသည် ပုံမှန်ကြီးထွားမှုအတွက် ဖော်စပ်ထားသော မျှတသည့် အာဟာရကို ပျက်စေသောကြောင့် အန္တရာယ် ဖြစ်စေသည်။
ဆရာဝန်ညွှန်ကြားချက်မရှိဘဲ သင့်ကလေးကို ပဋိဇီဝဆေး များ မတိုက်ပါနှင့်။ ပဋိဇီဝဆေးများသည် ကောင်းသော ဘတ်တီးရီးယားများရော ဆိုးသော ဘတ်တီးရီးယားများကိုပါ သတ်ပစ်ပြီး သင့်ကလေး၏ အူလမ်းကြောင်း ကျန်းမာရေးကို ပျက်ယွင်းစေသည်။ သင့်ကလေးသည် ကျန်းမာစွာ ကြီးထွား နိုင်ရန် ကျန်းမာသော အစာခြေစနစ် လိုအပ်သည်။
သင့်ကလေး၏ ကျန်းမာရေး၊ အရပ် သို့မဟုတ် အထွေထွေ ကျန်းမာရေးနှင့် ပတ်သက်ပြီး တစ်ခုခုမှားနေသည်ဟု ထင်ပါ က ပင်ကိုယ်စိတ်ကို ယုံကြည်ပြီး သင့်ကလေးအား တတ်နိုင်သလောက် မြန်မြန် ဆရာဝန်နှင့် သွားရောက်ပြသပါ။ ဆရာဝန်သည် သင့်ကလေး၏ ဖွံဖြိုးမှုကို စောင့်ကြည့်ပြီး ကြီးထွားရန် လိုအပ်သော အာဟာရအားလုံး ရစေရန် ကူညီပါ လိမ့်မည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။