Magnesium
မဂ္ဂနီဆီယမ်က အရိုးသန်မာစေပြီး နှလုံးခုန်သံပုံမှန်ဖြစ်အောင်ထိန်းပေးပါတယ်။ ကိုယ်ခံအားကိုကောင်းစေပြီး ကြွက်သားနဲ့အာရုံကြောလုပ်ဆောင်ချက်တွေကိုကောင်းစေပါတယ်။
Potassium
ပိုတက်စီယမ်က ဆိုဒီယမ်နဲ့အတူ ခန္ဓါကိုယ်ရဲ့ရေဓါတ်ကိုထိန်းညှိပေးဖို့လုပ်ဆောင်ရင်းသွေးဖိအားကိုပုံမှန်ဖြစ်စေပါတယ်။ ကြွက်သားရဲ့လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီးကျောက်ကပ်ကျောက်တည်ခြင်းနဲ့အရိုးပွရောဂါကို ကာကွယ်ပေးပါတယ်။
ဗီတာမင် A
ဗီတာမင် A က အရိုးဖွံ့ဖြိုးကြံ့ခိုင်ဖို့နဲ့ အမြင်အာရုံအတွက် အရေးကြီးတဲ့ဓါတ်တစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်ကိုရောဂါပိုးတွေရန်ကကာကွယ်ပေးပါတယ်။ ဆံပင်၊လက်သည်း၊အရေပြား စတဲ့ နေရာအစိတ်အပိုင်းတွေနဲ့ဆိုင်တဲ့ခန္ဓါကိုယ်ဆဲလ်တွေ၊တစ်ရှူးတွေကျန်းမာဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးပါတယ်။
ဗီတာမင် C
ဗီတာမင် C ကသွေးနီဥဆဲလ်တွေဖြစ်ပေါ်မှု၊အရိုးနဲ့တစ်ရှူးပြန်လည်ကောင်းမွန်ရေးကူညီထောက်ပံ့ပေးပြီး ကလေးရဲ့သွားဖုံးကို ကျန်းမာစေပါတယ်။သွေးကြောတွေကို ကျန်းမာစေပြီး အနာကျက်မြန်စေတယ်၊ ကိုယ်ခံအားကောင်းစေလို့ရောဂါဘယကင်းစင်စေပါတယ်။ ခန္ဓါကိုယ်မှာ သံဓါတ်စုပ်ယူနိုင်စွမ်းလည်းပိုကောင်းစေပါတယ်။
ဗီတာမင် D
ဗီတာမင် Dကြောင့် ကယ်လ်စီယမ်လိုမျိုး သတ္တုဓါတ်တွေ စုပ်ယူနိုင်စွမ်းပိုကောင်းစေပြီး သွားနဲ့အရိုးကြံ့ခိုင်စေပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်ဖြစ်တဲ့အပြင် ကိုယ်ခံအားစနစ်၊ အင်ဆူလင်ထုတ်လုပ်မှုနဲ့ဆဲလ်တွေဖွံ့ဖြိုးမှုမှာဟော်မုန်းတစ်ခုလို လုပ်ဆောင်ချက်ရှိပါတယ်။
ဗီတာမင် E
ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ free radicalsတွေထွက်ရှိမှုကို ထိန်းချုပ်ကန့်သတ်ပေးပါတယ်။ ကိုယ်ခံအားစနစ်အတွက် အရေးပါသလို မျိုးဗီဇဆဲလ်တွေပြန်လည်ပြုပြင်ကောင်းမွန်စေရေးနဲ့ တခြားဇီဝကမ္မဖြစ်စဉ်တွေမှာထောက်ပံ့ကူညီပေးပါတယ်။
Zinc
ဇင့်ဓါတ်ကရောဂါပိုးတွေရန်က ခုခံကာကွယ်ပေးနိုင်တဲ့သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုကို ကူညီပေးတဲ့အပြင် ခန္ဓါကိုယ်ဆဲလ်တွေရဲ့ဖွံ့ဖြိုးမှုနဲ့ပြုပြင်ကောင်းမွန်ရေးတို့မှာ မရှိမဖြစ်အရေးပါပါတယ်။
ဗီတာမင် B အုပ်စု
ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့B2၊ B3၊ B6၊ နဲ့ B12 တို့က ခန္ဓါကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုအထောက်အကူပြုခြင်း၊ ခွန်အားတိုးစေခြင်း၊သွေးလည်ပတ်မှုကောင်းစေခြင်း၊ အာရုံကြောစနစ်ကိုအားကောင်းစေခြင်း အာနိသင်တွေရှိပါတယ်။folic acid အပါအဝင် ဗီတာမင် B အုပ်စုဝင်တွေဟာ အရေပြားနဲ့ကြွက်သားကျန်းမာကြံ့ခိုင်စေဖို့နဲ့ ဆဲလ်ဖွံ့ြုဖိုးမှုကိုထောက်ပံ့မြှင့်တင်ပေးပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။