ကလေးအရွယ်ဆိုတာ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွင်နေရမှာပါ။ စိတ်ကောက်တာလောက်တော့ ရှိတတ်ပေမယ့် ဒေါသထွက်တတ်တာ ၊ ဒေါသကြီးတာတွေကို မသိသေးတဲ့အရွယ်ပါ။ ဒါပေမယ့် တချို့ကလေးတွေ ကျတော့လည်း အရွယ်နဲ့ မလိုက် ဒေါသကြီး၊ စိတ်ကြီးတဲ့ ကလေးတွေ ရှိပါတယ်။ စိတ်အခန့်မသ့င်လို့ တစ်ခါတလေဒေါသထွက်တာမျိုးကို လက်ခံလို့ရပေမယ့် အမြဲတစေ ကလေးအရွယ်နဲ့ ဒေါသကြီးတာကတော့ ကောင်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။