ကလေးတွေ ဘာကြောင့် ဆဲတတ်တာလဲဆိုတာ ရှေ့ဆောင်းပါးမှာ ပြောပြီးပါပြီ။ ဒီမှာ ပြန်ဖတ်လို့ရပါတယ်။ ခုဆက်ပြောမှာက ကိုယ့်ကလေးက ဆဲတတ်နေရင် ဘာလုပ်ကြမလဲ။ ဒီတိုင်းထားလိုက်ပါ။ ကြီးရင် အလိုလို ပျောက်သွားမယ်လို့ ပြောလို့ ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဆဲနေရင်းနဲ့ ပိုယဉ်ပါးလာပြီး ထမင်းစား ရေသောက်ကိစ္စဖြစ်သွားဖို့ ပိုများပါတယ်။ လူကြားသူကြားထဲရောက်မှ ထထဆဲနေတာကလည်း ရှေ့တင်တာ ဘာမှမပြောတာ နောက်ကွယ်မှာ ရိုင်းလိုက်တဲ့ကလေး။ မိဘက မဆုံးမဘူးလား မသိပါဘူးဆိုပြီး ကဲ့ရဲ့ နေမှာပါ။