backup og meta

ကလေးတစ်ယောက် စားသင့်တဲ့အချိုပမာဏ

ကလေးတစ်ယောက် မေမေ့ဗိုက်ထဲကနေထွက်ပြီးအပြင်လောကရောက်တဲ့အခါ အရင်ဆုံးအာဟာရဖြည့်တာက ဘာနဲ့လဲ။မေမေ့နို့နဲ့လေ။ ချိုချိုသောက်လို့တောင်ပြောတယ်ဟုတ်။ ဒီတော့ ကလေးတစ်ယောက်အဖို့ ပထမဆုံးခံစားဖူးမယ့်အရသာက ဘယ်အရသာလဲဆိုတာ မပြောဘဲတောင်သိလောက်ပြီပေါ့နော်။ ဒီလိုမှတော့ ကလေးက အချိုကြိုက်တာ အဆန်းတော့မဟုတ်ဘူးပေါ့။ စစားဖူးတဲ့အရသာကိုက အချိုကိုး။ ဒီလိုဆိုတာနဲ့ ကလေးကို အချိုကျွေးပါလို့ပြောတာ မဟုတ်ဘူးနော်။ ကလေးတစ်ယောက်က အချိုကိုလိုအပ်တဲ့ပမာဏလောက်ပဲ စားသင့်တာပါနော်။ မလိုအပ်ဘဲ အချိုအများကြီးကျွေးရင် ကလေးအတွက် မကောင်းပါဘူးနော်။

ကလေးကို အချိုတွေအများကြီးမကျွေးသင့်တဲ့ အကြောင်းအရင်း

ကလေးတွေကို အချိုအများကြီးကျွေးတဲ့အခါ ကလေးက အဝလွန်တာ၊ သွေးတွင်းသကြားဓာတ်မြင့်တာနဲ့ သွားနဲ့ခံတွင်းကိုပါ ပျက်စီးစေနိုင်ပါသေးတယ်နော်။ ဒါတွေအပြင် ကလေးက အချိုစားလွန်းတာကြောင့် သွေးတိုးတာ၊ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေပိုများစေနိုင်ပါတယ်။ အချိုစားတာများလွန်းတဲ့အခါ ကလေးမှာ သွားနဲ့ခံတွင်းပြဿနာရှိလာတဲ့အတွက် အစာအာဟာရကို ပြည့်ဝအောင်မစားနိုင်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးကောင်းမှလည်း ကလေးက အာဟာရပြည့်ဝအောင်စားနိုင်မှာပါ။ ဒါမှ ကြီးထွားဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်မဖြစ်မှာပါ။ သွားနဲ့ခံတွင်းက အစာခြေစနစ်ရဲ့ ထိပ်ဆုံးအပိုင်းပါ။ရှေ့တန်းတိုက်စစ်ခိုင်မှ နောက်ပိုင်းကအေးအေးဆေးဆေးနေနိုင်မှာလေနော်။

ကလေးတစ်ယောက် အချိုဘယ်လောက်စားခွင့်ရှိလဲ

ကလေးကမွေးစမှာတော့ မေမေစားတဲ့အချိုဓာတ်လောက်ကပဲ မေမေ့နို့ချိုကနေတဆင့်ရရှိမှာပါ။ သူတို့ကိုယ်တိုင် အချိုကို သေသေချာချာစားမိမှာက အသက် ၂နှစ်နောက်ပိုင်းမှာပါ။ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်း (AHA) ကတော့ ကလေးတွေကို အသက်အရွယ်အပိုင်းအခြားအလိုက်ကျွေးသင့်တဲ့ အချိုပမာဏကို အခုလိုပြောထားပါတယ်။

ကလေးတစ်ယောက်အနေနဲ့ အသက် ၂ နှစ်ကနေ ၁၈ နှစ်အတွင်းမှာ တစ်နေ့တာကို သကြား လက်ဖက်ရည်ဇွန်း ၆ ဇွန်းပဲစားသင့်ပါတယ်။ သကြား ၅ ဂရမ်မှာ ကယ်လ်လိုရီ ၁၀၀ ဂရမ်ပါဝင်နေပါတယ်။ ကလေးက အသက် ၂ နှစ်ကနေ ၁၀ နှစ်အတွင်းဖြစ်မယ်ဆိုရင် ကလေးကို အချိုရည်တွေမတိုက်သင့်သလို တစ်ပတ်လုံးမှာ ကလေးကို အချိုပမာဏ ၈အောင်စပဲကျွေးသင့်ပါတယ်။ ဒီပမာဏက မီလီမီတာနဲ့တွက်မယ်ဆိုရင် ၂၄၀ မီလီမီတာပဲရှိတာပါ။ ကလေးကို အချိုရည်ဘူးတွေမတိုက်ဖို့ပြောရတဲ့အကြောင်းအရင်းက အချိုရည်ဘူးတစ်ဘူးစာမှာ အချိုပမာဏက ၃၅၅ မီလီမီတာပါဝင်နေတာကြောင့်ပါ။ စားသင့်တဲ့ အချိုပမာဏထက်များနေမှတော့ ကျန်တာတွေပါစားဦးမယ်ဆိုရင် ကလေးက အချိုကို စားသင့်တာထက်ပိုစားမိတော့မယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။

အသက် ၂ နှစ်အောက်ကလေးတွေကိုတော့ အချိုရည်တွေလုံးဝမတိုက်သင့်သလို သကြားလုံးတွေ၊ ချိုချဉ်တွေ၊ ဂျယ်လီတွေအပါအဝင် အခြားသော အချိုပါတဲ့ သရေစာတွေကို မကျွေးသင့်ပါဘူး။ ဒါဆို ကလေးက ကျန်းမာပျော်ရွှင်ပြီး ရောဂါကင်းတဲ့ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။

ကလေးကို အချိုအစားနည်းအောင် ဘယ်လိုပြင်ဆင်ပေးမလဲ

အခုလိုမျိုး နွေရာသီရောက်လာပြီဆိုရင် ချိုချိုအေးအေးလေးတွေက အရသာရှိတာမှန်ပေမယ့် ကလေးကို အချိုရည်တွေတော့ မတိုက်စေချင်ပါဘူးနော်။ ကလေးကို နွေအပူဒဏ်ကြောင့် ချိုချိုအေးအေးလေးစားစေချင်တယ်ဆိုရင် သစ်သီးလေးတွေကို သေးသေးလေးလှီးပြီး ကျွေးတာမျိုး၊ သဘာဝသစ်သီးဖျော်ရည်လေးတွေကို တိုက်တာမျိုးပဲလုပ်သင့်ပါတယ်။

နောက်တစ်ခုက လူကြီးတွေသောက်တဲ့ အချိုကဲတဲ့သောက်စရာတွေ၊ ကော်ဖီတွေ၊ လက်ဖက်ရည်တွေကိုလည်း မတိုက်တာအကောင်းဆုံးပါ။ လူကြီးတွေသောက်တဲ့ ကွေကာအုတ်တွေနဲ့ အခြားသော မနက်ခင်းသောက်စရာတွေကိုရောပေါ့။ ကလေးကို မနက်စာစားချိန်မှာ လူကြီးတွေလိုပဲ တစ်ခုခုတိုက်ချင်တယ်ဆိုရင် ကလေးတွေအတွက် လိုအပ်တဲ့အာဟာရတွေဖြစ်တဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရတစ်မျိုးဖြစ်တဲ့ (lcFOS )၊ ကလေးကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အိုင်အိုဒင်း၊ သံဓာတ်၊ ဗီတာမင် ဒီ(Vitamin D)၊ ဗီတာမင် B12 (Vitamin B12)၊ ဗီတာမင်အေ (Vitamin A)၊ ဗီတာမင် စီ (Vitamin C)၊ ဗီတာမင် အီး (Vitamin E) နဲ့ အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေတဲ့ ကယ်လ်ဆီယမ်တို့ပါဝင်တာမျိုးကိုတိုက်ပေးပါ။ သတိထားဖို့လိုဦးမှာက ကလေးဦးနှောက်နဲ့အမြင်အာရုံကို ဖွံ့ဖြိုးစေတဲ့ Omega 3 Fatty Acid တစ်မျိုးဖြစ်တဲ့ DHA ပါဝင်ဖို့ပါ။ ကလေးတွေအတွက် သီးသန့် ထုတ်ထားတဲ့သောက်စရာကိုသာ ကလေးတွေအတွက် ပြင်ဆင်ပေးဖို့လည်းမေမေတို့အနေနဲ့ မေ့ထားလို့မဖြစ်ပြန်ပါဘူးနော်။

ကလေးကို ငယ်စဉ်ကတည်းက အချိုအများကြီးမကျွေးဘဲ သူတို့နဲ့သင့်တော်မယ့် အစားအသောက်လေးတွေ၊ အာဟာရပြည့်ဝတဲ့ အစားအသောက်လေးတွေကိုပြင်ဆင်ပေးတာက ကလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေဖို့ရော အရွယ်ရောက်ချိန်မှာပါ ရောဂါတွေကင်းစေဖို့ အထောက်အပံ့ဖြစ်စေမှာဆိုတော့မေမေတို့အနေနဲ့ စဉ်းစားသင့်တဲ့အချက်လေးတစ်ခုပေါ့။ ကလေးဆိုတာက အချိုကြိုက်မှာပဲဆိုပေမယ့် တတ်နိုင်သမျှထိန်းပေးဖို့ အကြံပြုပါရစေနော်။

အချိုကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာကင်းတဲ့ ကလေးအဖြစ် မိမိရင်သွေးကိုပျိုးထောင်နိုင်ကြပါစေကြောင်း……………..

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sugar: How Bad Are Sweets for Your Kids?https://health.clevelandclinic.org/sugar-how-bad-are-sweets-for-your-kids/ Accessed Date 3 April 2019

Is It Bad if You Give Your Baby Sweets at 7 Months?https://www.livestrong.com/article/511952-is-it-bad-if-you-give-your-baby-sweets-at-7-months/ Accessed Date 3 April 2019

How Much Sugar Is Okay in Kids’ Diets?https://www.consumerreports.org/diet-nutrition/the-sugar-in-kids-diets-how-much-is-okay/ Accessed Date 3 April 2019

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဝလွန်နေတဲ့ကလေး ဆီးချိုဖြစ်နိုင်ပါတယ်

နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement