backup og meta

နံနံပင်အမြစ် စားလို့ရလား ... ဆေးဖက်ဝင်တယ်ဆိုတာရော ဟုတ်ရဲ့လား

နံနံပင်အမြစ် စားလို့ရလား ... ဆေးဖက်ဝင်တယ်ဆိုတာရော ဟုတ်ရဲ့လား

နံနံပင်ကို စားရင် များသောအားဖြင့် အပင်ကိုသာ စားလေ့ရှိပြိး နံနံပင်အမြစ် ကိုတော့ လွှင့်ပစ်ကြတာ များပါတယ်။ အမြစ်က မြေကြီးတွေ ပေနေတာကြောင့်ဖြစ်သလို ဝါးစားဖို့ခက်တာ၊ ပစ်စရာရယ်လို့ ငယ်ကတည်းက သိလာတဲ့အသိကြောင့်ပါ။

တကယ်ကတော့ နံနံပင် အမြစ်က စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ထိုင်းဟင်းလျာတွေထဲမှာ နံနံပင်အမြစ် ထည့်ချက်ကြတာကို မြင်ဖူးမှာပါ။ တကယ်က နံနံပင် အမြစ်ကို ရေစင်အောင်ဆေးပြီး ဟင်းလျာတွေထဲကို ထည့်ချက်မယ်ဆိုရင် ဟင်းလျာက အနံ့အရသာတိုးစေမှာ ဖြစ်သလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

နံနံပင်အမြစ် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုသလဲ…………

နံနံပင်အမြစ်ကို ဟင်းအနှစ်ထောင်းတဲ့အခါ ရေစင်အောင်ဆေးပြီး ထည့်ထောင်းတာ၊ ဟင်းအိုးထဲကို ရေစင်အောင်ဆေးပြီး ထည့်ချက်တာမျိုး လုပ်ပေးလို့ရပါတယ်။ အကြောင်းကတော့ နံနံပင် အမြစ်က

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

နံနံပင်အမြစ်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။  နံနံပင်အမြစ်က သဘာဝ ပိုးသတ်ဆေးတစ်မျိုးပါ။

နံနံပင်အမြစ်မှာပါတဲ့  dodecenal လို့ခေါ်တဲ့ပဋိဇီဝပစ္စည်းတစ်မျိုးက အစားအသောက်တွေထဲမှာပါတတ်တဲ့ ပိုးတစ်မျိုးဖြစ်တဲ့ salmonella လို့ခေါ်တဲ့ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိပါတယ်။

နံနံပင် အမြစ်ကလည်း နံနံပင်အရွက်နည်းတူ  ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့တွေ့ရှိခဲ့ပါတယ်။ နံနံပင်မှာပါတဲ့caffeic အက်ဆစ် နဲ့ chlorogenic အက်ဆစ်တွေက ဓာတ်တိုးခြင်းကိုဖြစ်စေနိုင်တဲ့ free radicalတွေကို ဟန့်တားပေးပါတယ်။

ကင်ဆာတိုက်ဖျက်နိုင်တယ်

နံနံပင်အမြစ်ရဲ့ နောက်ထပ်ကျန်းမာရေးအကျိုးကျေးဇူးတွေထဲက တစ်ခုက ကင်ဆာတိုက်ဖျက်နိုင်တာပါ။  နံနံပင် အမြစ်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ဗီတာကယ်ရိုနွိုက်၊ ဗီတာမင် C နဲ့ ဗီတာမင် E၊affeic အက်ဆစ်၊ ferulic၊ quercetin၊ kaempferold တို့က ကင်ဆာတိုက်ဖျက်ရာမှာတော်တော်လေးထိရောက်မှုရှိပါတယ်။

အရေပြား ကျန်းမာစေတယ်

နံနံပင်အမြစ် က အရေပြားမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ်။  မှိုပိုးကူးစက်မှုတွေနဲ့ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့်ဖြစ်တဲ့ အနာတွေကိုပျောက်ကင်းအောင် ကုသရာမှာ အသုံးဝင်ပါတယ်။

နံနံပင် အမြစ်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက နှင်းခူ နဲ့ အခြားအရေပြားရောဂါတွေကို သက်သာစေနိုင်ပါတယ်။

ဝမ်းလျှောတာကို သက်သာစေနိုင်တယ်။

နံနံပင် အမြစ်မှာပါတဲ့ အဆီအချို့က အစာခြေစနစ်ကိုပိုမိုကောင်းမွန်အောင်အထောက်အပူပေးပါတယ်။ နံနံပင်က နှလုံးနဲ့ အစာအိမ်လုပ်ငန်းစဉ်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

နံနံပင်မှာပါတဲ့ Cineole၊ Borneol၊ Limonene နဲ့ Alpha-pinene ဒြပ်ပေါင်းတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။beta-phelandrene ကဘက်တီးရီးယားတွေကိုသေစေနိုင်စွမ်းရှိပါတယ်။ နံနံပင်ပင်မှာ မအီမသာဖြစ်တာနဲ့အော့အန်တာကိုသက်သာစေနိုင်ပါတယ်။

အစာကြေစေနိုင်တယ်

နံနံပင်အမြစ်ကို ဟင်းတွေထဲမှာ ထည့်ချက်မယ်ဆိုရင် အစာခြေစနစ်ကို ကျန်းမာစေတဲ့ အာနိသင်တွေ ပါဝင်နေတာကြောင့် အစာကြေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။ ခံတွင်းမြိန်စေပြီး အစာကြေစေဖို့ဆိုရင် နံနံပင် အမြစ်ကို အသုံးပြုလို့ရပါတယ်။

ဒါတွေအပြင် နံနံပင်အမြစ်က နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး လေဒီလေးတွေ လစဉ် ခံစားရတဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါသေးတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coriander Root – Demystifying This Exquisite Ingredient https://onthegas.org/food/coriander-root Accessed Date 26 November 2020

Coriander – Coriandrum sativum https://www.healthbenefitstimes.com/coriander/ Accessed Date 26 November 2020

ယခုပုံစံ

04/02/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တရုတ်နံနံဖျော်ရည် သောက်ကြမယ်

အသားအရေအတွက် တရုတ်နံနံရဲ့ အသုံးဝင်ပုံ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement