backup og meta

ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ

    ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။

    ဝမ်းလျှော ပြန်ပြီလား။ ဘာသွားစားမိလို့လဲ လို့ မေးကြမယ်၊ ပဋိဇီဝပိုးသတ်ဆေးတွေ၊ ဝမ်းပိတ်ဆေးဆိုတာတွေ သောက်ခိုင်းမယ်။ လျှောနေတဲ့ ဝမ်း ရပ်သွားဖို့ပဲ အဓိက တွေးကြတယ် မဟုတ်လား။

    ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ

    ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ ဆိုတာကို ကိုယ်တိုင် လေ့လာလိုက်တော့နော်။

    တကယ်တော့ ဝမ်းလျှော တယ်၊ ဝမ်းပျက်တယ် ဆိုတာတွေက အစားအသောက်က တဆင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်ရရှိတာအပါအဝင် တခြားအကြောင်းရင်းတွေ အများကြီးကြောင့် ဖြစ်နိုင်ပါတယ်။

    အများအားဖြင့် ဝမ်းပျက်ဝမ်းလျှောကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက –

    • ရောဂါပိုးကြောင့် ကူးစက်ဝမ်းလျှောခြင်း

    ဒီလို ဝမ်းပျက်ခြင်းမျိုးက Rotavirus ၊ E. coli နဲ့ Salmonella အပါအဝင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုး တွေကြောင့်ပါ။

    မသန့်ရှင်းတဲ့ သောက်သုံးရေ၊ အစားအသောက်တွေက တဆင့် ရောဂါပိုးတွေ အစာလမ်းကြောင်းထဲ ရောက်ရှိနိုင်သလို လက်မသန့်ရှင်းမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    • ပဋိဇီဝပိုးသတ်ဆေးကြောင့် ဝမ်းလျှောခြင်း

    အကြောင်းရင်း အမျိုးမျိုးကြောင့် နေမကောင်းဖြစ်တဲ့ အခါ ဆရာဝန် ညွှန်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်သဘောနဲ့ ကိုယ်ပဲ ဖြစ်ဖြစ် ပဋိဇီဝဆေးဝါးတွေကို သောက်သုံးကြပါတယ်။

    ဒီဆေးတွေ မကြာခဏ သောက်လွန်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကတော့ အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို ကမောက်ကမဖြစ်စေတာပါပဲ။ အဲဒီနောက်တော့ ဝမ်းပျက်ပါတော့တယ်။

    • ခရီးသွားစဉ် ဝမ်းလျှောခြင်း

    ကိုယ်မရောက်ဖူးတဲ့ နေရာဒေသတစ်ခုကို ခရီးသွားပြီ ဆိုပါစို့။ ပတ်ဝန်းကျင်အသစ်မှာ ရှိတဲ့ အဏုဇီဝ ပိုးမွှားအမျိုးအစားတွေကို ကိုယ်တွင်းစနစ်က ပထမဆုံး ထိတွေ့မိတဲ့အခါ ဒီဝမ်းပျက်ခြင်းဝေဒနာ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် ခရီးသွားစဉ် ဝမ်းလျှောခြင်း (Traveler’s diarrhea) လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

    ဘယ်လို ကုသကြသလဲ

    အတော်များများကတော့ ကိုယ်သောက်လေ့ရှိတဲ့ဆေး သောက်လိုက်ကြတာပါပဲ။ ဝမ်းနည်းနည်းလျှောရုံနဲ့ ဆေးခန်း မသွားကြတော့ဘဲ ဆေးဆိုင်မှာမေး၊ နီးစပ်ရာလူတွေကိုမေး၊ ကိုယ်တိုင်ဆုံးဖြတ်နဲ့ ပိုးသတ်ဆေး သို့မဟုတ် ဝမ်းပိတ်ဆေးတွေ သောက်လိုက်ကြတာများပါတယ်။

    ဒါပေမယ့် ဝမ်းလျှော တဲ့အခါ ဆရာဝန်တွေ ညွှန်ကြားလေ့ရှိတဲ့ ဆေးညွှန်းထဲမှာ ပါလေ့ရှိတာက ပရိုဘိုင်အိုးတစ် လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားပါ။ သူ့ကို အမှုန့်၊ ဆေးတောင့် တို့လို ပုံစံအမျိုးမျိုး၊ ကုန်အမှတ်တံဆိပ် အမျိုးမျိုးနဲ့ ထုတ်လုပ်ကြတယ်။

    ပရိုဘိုင်အိုးတစ်လေးတွေက ဘယ်လို အကျိုးပြုတာလဲ

    ပရိုဘိုင်အိုးတစ်ဆိုတာ အစာခြေစနစ်အတွင်းမှာ ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပါပဲ။ အူတွင်းအကျိုးပြု ဘက်တီးရီးယားလို့လည်း ခေါ်ကြပါတယ်။

    အစာခြေစနစ် အတွင်းမှာ ဘက်တီးရီးယားအမျိုးပေါင်းများစွာ သဘာဝအတိုင်း ရှိနေပြီး သူတို့က အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေကြတာ ဖြစ်ပါတယ်။

    ရောဂါပိုးတွေအပါအဝင် ပြင်ပက အနှောင့်အယှက်တွေ ဝင်ရောက်လာတဲ့အခါ အူတွင်းဘက်တီးရီးယားတွေ မညီမမျှဖြစ်စေပြီး အစာခြေစနစ်ရဲ့လုပ်ဆောင်ချက်တွေ ပျက်ယွင်းရပါတယ်။ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ စတဲ့ ဗိုက်နဲ့ ဝမ်းပြဿနာတွေ ဖြစ်လာတာပေါ့။

    ဒီလိုအချိန်မှာ အမှုန့်ပုံစံ၊ ဆေးတောင့်ပုံစံနဲ့ ရရှိနိုင်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို သောက်သုံးပြီး ဖြည့်တင်းလိုက်ရင် လုပ်ဆောင်ချက်တွေ ပုံမှန်ပြန်လည်ပတ်နိုင်စေဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် ဝမ်းပျက်ဝမ်းလျှောချိန် ပရိုဘိုင်အိုးတစ်လေးတွေ သောက်လိုက်ရင် အမြန်သက်သာစေတာ ဖြစ်ပါတယ်။

    ပရိုဘိုင်အိုးတစ်တွေဟာ

    – ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အူလမ်းကြောင်းမှာ ခြေကုပ်မယူနိုင်အောင် ခုခံတားဆီးပေးတယ်

    – အူနံရံအမြှေးကို မပါးအောင် ထိန်းသိမ်းပေးတယ်

    – ပုံမှန်ဝမ်းသွားအောင် အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက် အားဖြည့်ကူညီပေးတယ်

    – လေပွခြင်း၊ ဗိုက်ပွခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း စတဲ့ ဝမ်းဗိုက်ဝေဒနာတွေကို သက်သာစေတယ်

    – အူတွင်းဘက်တီးရီးယားတွေကို ဖြည့်တင်းပေးပြီး ပုံမှန်ထိန်းညှိမှု ပြန်ရစေတယ် စတဲ့ တခြားအကျိုးကျေးဇူးတွေလည်း ရှိနေပါသေးတယ်။

    ပဋိဇီဝဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်တဲ့ ဝမ်းလျှောခြင်းမှာဆိုရင်လည်း ပရိုဘိုင်အိုးတစ် ကိုပါ တွဲပြီးသောက်ထားမယ်ဆိုရင် ဆေးကြောင့် ဝမ်းလျှောတာ မဖြစ်အောင် ကြိုတင်ကာကွယ်ထားနိုင်ပါသေးတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement