သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 23, 2020 . 2 mins read
Share now

ကလေးက တစ်ချိန်လုံး ငိုနေတယ်။ ဂျီပဲကျနေတယ်။ စိတ်ညစ်လိုက်တာဆိုတဲ့ မေမေတွေ ရှိလား။ သားသားမီးမီးတို့က သူတို့ခံစားနေရတဲ့ ပြဿနာကို လူကြီးတွေလို လုံးစေ့ပတ်စေ့ မပြောပြနိုင်ကြပါဘူး။ ဒါကြောင့် မအီမသာ ခံစားနေရတဲ့အခါ သူတို့ဖော်ပြမှာက ငိုတာ၊ ဂျီကျတာလိုမျိုး အမူအရာလေးတွေနဲ့ပါ။

သားသားမီးမီးတို့အရွယ်မှာ အများဆုံး မအီမသာဖြစ်စေတဲ့ ပြဿနာက ဝမ်းဗိုက်လေးရဲ့ ပြဿနာပါ။ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။

ဒါဆို သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဘယ်လိုပြဿနာတွေ ခံစားရနိုင်လို့လဲလို့ သိချင်နေပြီလား မေမေ…?

သားသားမီးမီးတို့ ဗိုက်ဗိုက်လေးမှာ ခံစားရနိုင်တဲ့ ပြဿနာတွေက ဘာတွေများလဲ

သားသားမီးမီးတို့ဟာလည်း လူကြီးတွေလို အစာခြေစနစ်ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ အခုလို ပြဿနာတွေ ခံစားရနိုင်ပါတယ်။

အစာမကြေဖြစ်ခြင်း

ကလေးတွေက သူတို့မှာ မအီမသာဖြစ်နေတာမျိုးကိုကောင်းကောင်းမဖော်ပြတတ်ပါဘူး။ စားလိုက်တဲ့အစားအစာက အစာကြေခဲတာ၊ အအေးမိထားတာကြောင့် အစာခြေစနစ်ကကောင်းကောင်းအလုပ်မလုပ်တဲ့အခါမျိုးမှာ အစာမကြေတာကို ခံစားရနိုင်ပါတယ်။ အစာမကြေတာက လူကြီးတွေမှာတောင် ခံစားရခက်တဲ့ ပြဿနာမဟုတ်လား။

အော့အန်ခြင်း

ကလေးတွေမှာ ရောဂါပိုးတစ်ခုခုကူးစက်ခံရတာကြောင့် အန်တာက အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တစ်ခုပါ။ ကလေးတွေကို ကျွေးတဲ့အစားအစာတွေ၊ ကလေးကိုကျွေးမွေးရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကသန့်ရှင်းမှုအားနည်းတာကြောင့် ရောဂါပိုးတွေကပ်ငြိနေတာကနေတစ်ဆင့် ကလေးရဲ့ ဝမ်းထဲရောက်ပြီးအော့အန်တာတွေဖြစ်လာရပါတယ်။

ဝမ်းပျက်ဝမ်းလျှော

ဝမ်းပျက်ဝမ်းလျှောတာတော့ သိသိသာသာမြင်နိုင်တဲ့ ကလေးရဲ့ အစာခြေစနစ်ပြဿနာပါ။ ကလေးက ဝမ်းအရည်တွေသွားနေမယ်။  တစ်နေ့ကို ၃ ကြိမ်ထက်မက နောက်ဖေးသွားနေတယ်ဆိုရင်တော့ သားသားမီးမီးက ဝမ်းပျက်ဝမ်းလျှောဖြစ်နေပါပြီ။

အစားအစာဓာတ်မတည့်မှု

အစားအစာဓာတ်မတည့်တာက စားလိုက်တဲ့ အစားအစာတစ်ခုခုကို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကပြင်းပြင်းထန်ထန်တုံ့ပြန်တဲ့ အခါမျိုးမှာဖြစ်ပေါ်တဲ့ အစာခြေစနစ်ပြဿနာတစ်မျိုးပါ။

စားချဉ့်ပြန်ရောဂါ

စားချဉ့်ပြန်ရောဂါက ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ဆိုင်ရာပြဿနာတစ်ခုပါ။ ကလေးအများစုမှာတော့ အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကနှေးပါတယ်။ ကလေးလေးတွေရဲ့ အစာရေမျိုက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် အစာအိမ်ထဲက အစာခြေရည်တွေက အစာရေမျိုပြွန်ကနေ အလွယ်တကူပြန်ဆန်တက်လာတာပါ။

ဒီပြဿနာတွေက သားသားမီးမီးတို့ကို မအီမသာ ခံစားစေရပြီး ငိုတာ၊ ဂျီကျတာတွေ ဖြစ်လာစေရတာပါ။ ဒါတွေအပြင် အာဟာရ ပြည့်ဝစွာ မရရှိမှုက ကြီးထွားဖွံ့ဖြိုးမှု နဲ့ ဉာဏ်ရည်ထက်မြက်မှုကိုပါ ထိခိုက်စေလာတာပါ။

ဒီပြဿနာတွေကို ကာကွယ်လို့ ရလား …

ကာကွယ်လို့ ရလားဆိုတော့ သိပ်ရတာပေါ့။ ပြဿနာတိုင်းအတွက် အဖြေဆိုတာ ရှိစမြဲပါ။ ဒီတော့ သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်လေး ပြဿနာ ကင်းစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ အစာခြေစနစ် ကျန်းမာစေဖို့ တာဝန်ယူထားတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေကို စွမ်းစွမ်းတမံ တိုက်ခိုက်နိုင်စေဖို့ လိုအပ်တဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရ (Prebiotics) ကို ပြည့်ပြည့်ဝဝ ထောက်ပံ့ပေးဖို့ လိုပါမယ်။

ဘယ်လို ထောက်ပံ့ပေးရမလဲဆိုပြီး တွေးနေပြီလား……….

အရမ်းခေါင်းရှုပ် မသွားပါနဲ့။ သားသားမီးမီးတို့ အစာခြေပြဿနာကင်းစေဖို့ ထောက်ပံ့ပေးမယ့် အကျိုးပြု ဘက်တီးရီးယား အာဟာရကို ကလေးတွေ အကြိုက်တွေ့စေမယ့် အစားအစာလေးတွေဖြစ်တဲ့ ဒိန်ချဉ်၊ အာဟာရဖြည့်နို့၊ အကျိုးပြု ဘက်တီးရီးယာအာဟာရ ဖြည့်စွက်ထားတဲ့ စီရီယယ်တွေကနေရရှိနိုင်ပါတယ်။

ဒီတော့ ဗိုက်ဗိုက်ပြဿနာ ကင်းပြီး ကျန်းမာထက်မြက်တဲ့ သားသားမီးမီးတို့ ဖြစ်စေဖို့ နေ့စဉ် Prebiotics ကို ဖြည့်ပေးစို့နော် မေမေတို့ရေ…………

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး ဆိုတာက ကလေးတစ်ယောက် သန္ဓေတည်တဲ့ အချိန်ကနေစပြီး ဆယ်ကျော်သက်အရွယ်ရောက်လာသည်အထိ မိဘတွေဘက်က ဂရုစိုက် စောင့်ကြည့်ပေးရမယ့် အရာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးကျန်းမာရေး ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

အာဟာရဇယားကို ဖတ်တာက သားသားမီးမီးတို့ အနာဂတ် လှပအောင် ပုံဖော်ဖို့ မေမေတို့ မပျက်မကွက် လုပ်ဆောင်ရမယ့် အချက်လေး တစ်ခုပါ။ မေမေရော..........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

ကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား

ကိုယ်ဝန်ဆောင်ကာလဆိုတာက မိခင်တိုင်းအတွက် ရင်အခုန်ရဆုံးကာလအပိုင်းအခြားလေးပါ။ ဒီကာလမှာ မေမေအနေနဲ့ ချင်း(ဂျင်း) စားလို့ရမလားဆိုတာကို....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အင်ဆူလင် နှင့် အလွဲများ

အင်ဆူလင် နှင့် အလွဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2021 . 2 mins read
ဘေဘီလေးကို သင်္ဘောသီး ကျွေးလို့ရလား.......

ဘေဘီလေးကို သင်္ဘောသီး ကျွေးလို့ရလား…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 10, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 4, 2021 . 3 mins read