backup og meta

အင်ဆူလင် အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Hello Sayarwon Panel မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အင်ဆူလင် အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ

    အင်ဆူလင် ဟာ ပန်ကရိယကနေ ထုတ်လုပ်လိုက်တဲ့ဟော်မုန်းဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ အင်ဆူလင်ဟာ သွေးထဲက သကြားဓာတ်များကို ဆဲလ်တွေက အသုံးပြုနိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။ အကယ်၍ ဆဲလ်တွေအပေါ်မှာ အင်ဆူလင်ရဲ့ အာနိသင် မထိရောက်တော့ရင်၊ အင်ဆူလင်မတိုးတော့ရင် သကြားဓာတ်တွေဟာ ဆဲလ်တွေဆီ ရောက်သင့်သလောက် မရောက်တော့ဘဲ သွေးတွင်းသကြားဓာတ်မြင့်တက်လာတတ်ပါတယ်။

    ပန်ကရိယအနေနဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်နေခြင်းကို တွေ့ရှိတဲ့အခါ အင်ဆူလင်အာနိသင် မတိုးခြင်းကို ကျော်လွှားနိုင်ဖို့၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချနိုင်ဖို့ အင်ဆူလင်ကို ပိုမိုထုတ်လုပ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အင်ဆူလင်ထုတ်လုပ်တဲ့ ဆဲလ်တွေဟာ မနိုင်ဝန်ထမ်းရပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် အင်ဆူလင်အာနိသင်မတိုးတော့တဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ လိုပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာကတော့ အင်ဆူလင် အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ အကြောင်းတွေပဲ ဖြစ်ပါတယ်။

    အင်ဆူလင် အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ

    အင်ဆူလင် အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ ကတော့

  • အိပ်ရေးဝအောင် အိပ်ပါ
  • အိပ်ရေးပျက်ခြင်းဟာ ရောဂါမျိုးစုံ ဖြစ်နိုင်ခြေကို မြင့်စေပါတယ်။ အထူးသဖြင့် ရက်ရှည်လများ အိပ်ရေးပျက်သူတွေအတွက် အင်ဆူလင်အာနိသင်ဟာ လျော့ကျသွားနိုင်ပါတယ်။ အင်ဆူလင်အာနိသင်ကို အကောင်းဆုံးအသုံးချနိုင်ဖို့အတွက် တစ်ရက်ကို ၈နာရီခန့် အိပ်စက်ဖို့ လိုအပ်ပါတယ်။

  • လေ့ကျင့်ခန်း လုပ်ပါ
  • ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဟာ အင်ဆူလင်အာနိသင်ကို ပိုမိုထိရောက်စေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားများကနေ သကြားဓာတ်ကို ပိုမိုအသုံးချဖို့၊ သိုလှောင်ဖို့ အားပေးကူညီပါတယ်။ အင်ဆူလင်ရဲ့ အာနိသင်ကိုလည်း ပိုမိုတိုးတက်လာစေပါတယ်။ ဆီးချိုရှိသည်ဖြစ်စေ၊ ပုံမှန်ဖြစ်စေ နေ့စဉ် နာရီဝက်ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးသင့်ပါတယ်။

    စိတ်ဖိစီးမှုဟာ ကိုယ်ခန္ဓာကနေ သကြားဓာတ်ကို ထိန်းသိမ်းအသုံးချနိုင်စွမ်းအပေါ် သက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးချိန်ထွက်လာတဲ့ ဟော်မုန်းများဟာ ကိုယ်ခန္ဓာထဲမှာ သိုလှောင်ထားတဲ့ သကြားဓာတ်များကိုဖြိုခွဲပြီး သွေးလည်ပတ်မှုထဲ ဝင်ရောက်လာစေပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ခန္ဓာကနေ လိုအပ်တဲ့စွမ်းအင်ကို ထုတ်လုပ်ပေးခြင်းပါပဲ။ ဒါပေမယ့် စိတ်ဖိစီးမှုဆက်တိုက်ဖြစ်နေရင် သကြားဓာတ်လည်း ပုံမှန်မြင့်တက်နေတာကြောင့် အင်ဆူလင်မတိုးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

    အဝလွန်ပြီး ဗိုက်နဲ့ခါးမှာ အဆီတွေစုပုံနေခြင်းဟာ အင်ဆူလင်ထိရောက်မှုကို ကျဆင်းစေပြီး အမျိုးအစား ၂ ဆီးချိုကိုဖြစ်နိုင်ခြေ မြင့်စေပါတယ်။ သုတေသနတစ်ခုအရ ကိုယ်အလေးချိန်ကို ၅-၇ ရာခိုင်နှုန်းလောက် လျှော့ချနိုင်ရင် ဆီးချိုအာနိသင်ကို ပိုမိုထိရောက်စေပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေဟာ ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းစေတယ်လို့ ဆိုပါတယ်။

  • အမျှင်ဓာတ် များများစားပါ
  • အမျှင်ဓာတ်များဟာ အစာအိမ်အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို ချောမွေ့အောင်ကူညီရုံသာမကဘဲ အင်ဆူလင် အာနိသင်ထိရောက်မှုကိုလည်း အထောက်အကူပြုပါတယ်။ အထူးသဖြင့် ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေဟာ အူလမ်းကြောင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ ကောင်းစွာပေါက်ပွားစေနိုင်ပါတယ်။ အဆိုပါ အကျိုးပြု ဘက်တီးရီးယားများဟာ အင်ဆူလင်အာနိသင် ထိရောက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။

    • လတ်ဆတ်သော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ မျိုးစုံ စားသုံးပါ

    အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ပေါင်းစုံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝပြီး ဆဲလ်များကို ဖရီးရယ်ဒီကယ်များရဲ့ ရန်ကနေ ကာကွယ်ပေးပါတယ်။ အသီးအရွက်များကို များများစားခြင်းဟာ အင်ဆူလင်အာနိသင်ကို ပိုမိုထိရောက်စေတယ်လို့ ဆိုပါတယ်။

  • ကာဗိုဟိုက်ဒရိတ် လျှော့ပါ
  • သွေးတွင်းသကြားဓာတ်ကို အဓိကမြင့်တက်စေတဲ့ အကြောင်းအရင်းကတော့ ကာဗိုဟိုက်ဒရိတ်ပါပဲ။ ကိုယ်ခန္ဓာထဲကိုရောက်လာတဲ့ ကာဗိုဟိုက်ဒရိတ်များကို သကြားဓာတ်အဖြစ် ချေဖျက်လိုက်တာကြောင့် ကာဗိုဟိုက်ဒရိတ် စားသုံးလေလေ၊ သွေးတွင်းသကြားဓာတ် မြင့်တက်လေဖြစ်ပြီး အင်ဆူလင်ထိရောက်မှု လျော့ကျနိုင်ပါတယ်။

    အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေမှာ ပုံပြောင်းဆီတွေနဲ့ သကြားဓာတ်တွေ ပါဝင်နှုန်း မြင့်မားပါတယ်။ ပုံပြောင်းဆီများဟာ အာဟာရသိပ်မဖြစ်တဲ့အပြင် ရောဂါဘယမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။ သုတေသနတွေအရ အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ထားတဲ့ သရေစာတွေဟာ စားကောင်းရုံကလွဲပြီး အာဟာရဓာတ်ကောင်းကောင်းမပါတဲ့အပြင် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ အင်ဆူလင်အာနိသင်ထိရောက်မှုကိုလည်း လျော့ကျစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Hello Sayarwon Panel မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement