နှင်းခူ ကပြင်းထန်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပေါ့။ နေထိုင်စားသောက်မှုက နှင်းခူအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ပတ်ဝန်းကျင် အနေအထားရောပေါ့။ နှင်းခူကသေချာ ဂရုစိုက်သင့်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပါ။
နှင်းခူ ကပြင်းထန်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပေါ့။ နေထိုင်စားသောက်မှုက နှင်းခူအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ပတ်ဝန်းကျင် အနေအထားရောပေါ့။ နှင်းခူကသေချာ ဂရုစိုက်သင့်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပါ။
ဒီတော့ နှင်းခူရှိရင် ဂရုစိုက်သင့်တဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောပြပေးသွားပါမယ်။
နှင်းခူက အရေပြားပြဿနာဆိုပေမယ့် အခုလို နေရာတွေမှာ အဖြစ်များပါတယ်။
နှင်းခူ ဖြစ်ပြီဆိုရင် အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
နှင်းခူ သက်သာစေဖို့ဆိုရင်
ပိုတက်ဆီယမ်က နှင်းခူကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီးကို စားပေးတာက နှင်းခူ သက်သာစေမယ့် နည်းလမ်း တစ်ခုပါ။
အမဲသား နဲ့ ကြက်ရင်အုံသားတို့မှာ အသားအရေကို ပြုပြင်ပေးနိုင်တဲ့ amino acid glycine ပါဝင်နေပါတယ်။ ဒါကြောင့် နှင်းခူကို သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။
တစ်ပတ်ကို ၃ ကြိမ်လောက် အသား စားပေးပါ။
အာလူးက အမျှင်ဓာတ် ကြွယ်ဝသလို အရေပြားအတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ပိုတက်ဆီယမ် နဲ့ ဗီတာမင် C တို့ပါဝင်တာကြောင့် နှင်းခူကို သက်သာစေနိုင်ပါတယ်။
ကြက်သွန်မြိတ်မှာ အရေပြားအတွက် အရေးပါတဲ့ ဗီတာမင် K ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှင်းခူသမားတွေနဲ့ အထူး သင့်တော်ပါတယ်။
ပန်းဂျုံက ဂလူတန် ပါဝင်မှု မရှိပါဘူး။ နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နှင်းခူ သက်သာချင်တယ်ဆိုရင်တော့ ပန်းဂျုံ စားပေးသင့်ပါတယ်။
ထမင်းရည်က ဓာတ်မတည့်မှုကို သက်သာစေနိုင်ပြီး ဓာတုပစ္စည်း ကင်းတာကြောင့် နှင်းခူကိုလည်း သက်သာစေနိုင်ပါတယ်။
ငါးက omega-3 fatty acids ကြွယ်ဝတာကြောင့် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမျာ အဆီပါဝင်မှု ကြွယ်ဝတဲ့ ငါးတွေဖြစ်ကြတဲ့ ဆယ်လ်မွန်၊ တူနာ၊ မက်ကာရယ်၊ ဆာဒင်း တို့ ပါအောင် စားသုံးပေးပါ။
အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ အာဟာရတွေကလည်း အရေပြားကို ကျန်းမာစေပါတယ်။ ဒါကြောင့် နှင်းခူ သက်သာစေဖို့ဆိုရင် ဒိန်ချဉ် စားသုံးပေးတာကလည်း ထိရောက်တဲ့ နည်းလမ်း တစ်ရပ်ပါ။
ဖလေဗာနွိုက်က အရောင်ကျစေနိုင်ပါတယ်။ ဒါကြောင့် နှင်းခူ သက်သာစေဖို့ဆိုရင် ဖလေဗာနွိုက် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ကြတဲ့ ပန်းသီး၊ ပန်းဂေါ်ဖီစိမ်း၊ ချယ်ရီသီး၊ ဟင်းနုနွယ်၊ ကိုက်လန်စတာတွေကို စားပေးပါ။
နေ့စဉ် စားသုံးမှုကို အာဟာရ မျှတအောင် စားပြီး နှင်းခူ သက်သာအောင် လုပ်ဆောင်လိုက်ပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။