backup og meta

အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ!

    အိပ်စက်မှုက ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အလွန်အရေးပါပါတယ်။ ကလေးကို ငယ်ငယ်ကတည်းက အကောင်းဆုံး ကြီးထွားစေဖို့ဆိုရင် အစာအာဟာရ ပြည့်ဝအောင် ဂရုစိုက်ပေးဖို့ လိုသလို အိပ်ရေးဝအောင် အိပ်ဖို့လည်း လိုပါမယ်။ ဒါမှ ကလေးက ကောင်းကောင်းမွန်မွန် ကြီးထွားလာမှာပါ။ ဒီလို ပြောရတာက အိပ်ရေးပျက်တာက ကလေးတွေကို ထိခိုက်တာတွေ ရှိလာစေနိုင်တာကြောင့်ပါ။ ကဲ ….. အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ကလေးတွေအတွက် အိပ်စက်ခြင်းက ဘာလို့ အရေးကြီးတာလဲ

    အိပ်ရေးဝတာက ကလေးရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေဖို့ရော စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ကလေးတွေကို ငယ်စဉ်မှာ အိပ်ရေးဝဝ ပေးအိပ်တာက ကလေးကို နိုးကြားတက်ကြွစေဖို့ ထောက်ကူပေးသလို စိတ်ခံစားမှု ကောင်းစေဖို့ရော သင်ယူနိုင်စွမ်းတွေ ကောင်းမွန်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

    အသက်အရွယ်အလိုက် လိုအပ်မယ့် အိပ်စက်ချိန်များ

    အိပ်စက်ချိန်က အသက်အရွယ်ကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။ အသက်အရွယ်အလိုက် လိုအပ်မယ့် အိပ်စက်ချိန်လေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

    • မွေးကင်းစ [အသက် ၄ လ ကနေ ၁၂ လ] ဆိုရင် တစ်နေ့တာကို အိပ်စက်ချိန် ၁၂ နာရီကနေ ၁၆ နာရီ
    • မတ်တတ်ပြေးအရွယ် [အသက် ၁ နှစ် ကနေ ၂ နှစ်] ဆိုရင် တစ်နေ့တာကို အိပ်စက်ချိန် ၁၁ နာရီကနေ ၁၄ နာရီ
    • မူကြိုအရွယ် [အသက် ၃ နှစ် ကနေ ၅ နှစ်] ဆိုရင် တစ်နေ့တာကို အိပ်စက်ချိန် ၁၀ နာရီကနေ ၁၃ နာရီ
    • ကျောင်းနေအရွယ် [အသက် ၆ နှစ် ကနေ ၁၂ နှစ်] ဆိုရင် တစ်နေ့တာကို အိပ်စက်ချိန် ၉ နာရီကနေ ၁၂ နာရီ
    • ဆယ်ကျော်သက်အရွယ် [အသက် ၁၃ နှစ် ကနေ ၁၈ နှစ်] ဆိုရင် တစ်နေ့တာကို အိပ်စက်ချိန် ၈ နာရီကနေ ၁၀ နာရီ လိုအပ်မှာ ဖြစ်ပါတယ်။

    အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ

    အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ ဆိုတော့

    • သင်ယူမှု စွမ်းရည် ထိခိုက်လာစေမယ်

    ကလေးက အိပ်ရေးဝမှ အရာရာကို ကောင်းကောင်း အာရုံစိုက်နိုင်မှာပါ။ မှတ်မိနိုင်စွမ်းလည်း တိုးလာမှာပါ။ အပြုအမူတွေလည်း ကောင်းမွန်စွာ လုပ်ဆောင်ပြုမူနိုင်မှာပါ။ ကလေးကို စာတော်ပြီး ထက်မြက်စေချင်တယ်ဆိုရင်တော့ ကလေးကို ပြည့်ဝတဲ့ အိပ်စက်ချိန်ကို ရရှိအောင် ဂရုစိုက်ဖို့ လိုပါမယ်။

    ညဘက်တွေမှာ ကောင်းကောင်း မအိပ်ပျော်တာက ကလေးရဲ့ အာရုံစူးစိုက်မှုကို ထိခိုက်စေပြီး မှတ်မိနိုင်စွမ်း နဲ့ သင်ယူနိုင်စွမ်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကလေးက ညဘက်မှာ ကောင်းကောင်း မအိပ်ပျော်ဘူးဆိုရင် ကလေးက စာသင်ချိန်မှာ အိပ်ငိုက်နေပြီး သင်ယူမှုမှာ အခက်အခဲ ရှိစေနိုင်ပါတယ်။

    အိပ်ရေးပျက်တာက ကလေးတွေကို ဘယ်လိုတွေ ထိခိုက်စေမလဲ!

    • အာရုံစူးစိုက်ဖို့ ခက်မယ်

    အိပ်ရေးမဝလို့ အိပ်ငိုက်နေတဲ့ ကလေးဟာ  နေ့ဘက်တွေမှာ ကောင်းကောင်း အာရုံစိုက်ဖို့ ခက်ပါတယ်။ ကလေးက ညဘက်မှာ ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင်တော့ အာရုံတွေစူးစိုက်ဖို့ ခက်မှာပါ။ ကလေးရဲ့ သင်ယူနိုင်စွမ်းကိုလည်း ထိခိုက်စေမှာပါ။

    • မှတ်မိနိုင်စွမ်း အားနည်းမယ်

    မှတ်မိနိုင်စွမ်းက သင်ယူလေ့လာခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ကလေးက အရမ်းပင်ပန်းနေပြီဆိုရင်တော့ ကလေးက စာလုံးတွေကို ဘယ်လို ပေါင်းရမယ်၊ ဂဏန်းတွေကို ဘယ်လို တွက်ချက်ရမလဲဆိုတာတွေကို သိရှိနားလည် မှတ်မိဖို့ ခက်ခဲမှာပါ။ ဒါကြောင့် ကလေးကို မှတ်ဉာဏ်ကောင်းစေချင်တယ်ဆိုရင်တော့ ကလေးကို အိပ်ရေးမပျက်အောင် သေချာလေး ဂရုစိုက်ပေးလိုက်တော့နော်။

    • အပြုအမူပိုင်းဆိုင်ရာ ထိခိုက်စေမယ်

    အိပ်ရေးမဝတာက ကလေးရဲ့ အပြုအမူပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အိမ်မှာရော ကျောင်းမှာပါပေါ့။ အိပ်ရေးပျက်တာ များတဲ့ ကလေးက အိပ်ငိုက်နေတာကြောင့် ဆရာ/ဆရာမတွေရဲ့ ညွှန်ကြားချက်တွေကို သေသေချာချာ သိရှိနိုင်ဖို့ ခက်ခဲသလို အခြားကလေးတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့လည်း ခက်ခဲပါတယ်။

    ကဲ ….. အိပ်ရေးပျက်တာက ကလေးကို အခုလိုလေးတွေ ထိခိုက်စေနိုင်တာကြောင့် သားသားမီးမီးတို့ကို အိပ်ရေးဝစေဖို့ သေချာလေး ဂရုစိုက်လိုက်တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement