backup og meta

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

    မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

    ဦးနှောက်က ခန္ဓာကိုယ်မှာ အရေးပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ ခန္ဓာကိုယ်ကြီးရဲ့ ပင်မထိန်းချုပ် စနစ်တစ်ရပ်ပါ။ နှလုံးခုန်စေဖို့ လုပ်ဆောင်ပေးသလို အဆုတ်က အသက်ရှူစေဖို့လည်း ကူညီပေးပါတယ်။ လှုပ်ရှားမှု၊ ခံစားမှု၊ တွေးတောမှု အားလုံးကိုလည်း ဦးနှောက်က လုပ်ဆောင်တာပါ။

    ဒီလို တာဝန် အများကြီး ထမ်းဆောင်တဲ့ ဦးနှောက်လေးက အရာရာကို မှတ်မိစေတဲ့ မှတ်ဉာဏ်လေး အဖြစ်လည်း လုပ်ဆောင်ပေးပါသေးတယ်။

    ဒီတစ်ခေါက်တော့ မှတ်ဉာဏ်ကောင်းစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

    မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

    မှတ်ဉာဏ် ကောင်းစေဖို့ ဒါလေးတွေ စားပေးပါ။

    အဆီများတဲ့ ငါး

    အဆီများတဲ့ ငါးတွေမှာ ဦးနှောက်နဲ့ မှတ်ဉာဏ်ကို အထောက်အကူ ပြုပေးနိုင်တဲ့ Omega-3 fatty acid ပါဝင်နေပါတယ်။ ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အဆီတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီ အဆီတွေထဲက ထက်ဝက်က Omega-3 fatty acid  အမျိုးအစားပါ။

    ဦးနှောက်က ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေ တည်ဆောက်ဖို့အတွက် Omega-3 fatty acid  ကို အသုံးပြုပါတယ်။ ဒီအဆီက သင်ယူမှုနဲ့ မှတ်မိနိုင်စွမ်းအတွက် အရေးပါပါတယ်။

    ဒါ​ကြောင့် မှတ်ဉာဏ် ကောင်းစေဖို့ ဆာဒင်း၊ ဆယ်လ်မွန်၊ ထရောက်ငါး၊ မက်ကာရယ် စတဲ့ ငါးတွေကို စားပေးပါ။

    ကော်ဖီ

    ကော်ဖီမှာပါတဲ့ အဓိက ပါဝင်ပစ္စည်း (၂) မျိုး ဖြစ်တဲ့ ကဖင်း နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဦးနှောက်နဲ့ မှတ်ဉာဏ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ကော်ဖီက လန်းဆန်း တက်ကြွစေပြီး၊ စိတ်ခံစားမှုကို ကောင်းစေလို မှတ်ဉာဏ်ကောင်းစေပြီး အာရုံ စူးစိုက်နိုင်စွမ်းလည်း တိုးစေနိုင်ပါတယ်။

    ဘလူးဘယ်ရီသီး

    ဘလူးဘယ်ရီက ကျန်းမာရေးအတွက် အကျိုး များသလို ဦးနှောက် နဲ့ မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝမှုက ဦးနှောက်ဆဲလ်တွေ အကြားမှာ ချိတ်ဆက်မှု ကောင်းစေပြီး ဦးနှောက်နဲ့ မှတ်ဉာဏ် ကောင်းမွန်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

    မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

    နနွင်း

    ဟင်းချက်တိုင်းလိုလိုမှာ သုံးလေ့ရှိတဲ့ နနွင်းက ဦးနှောက် ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ နနွင်းမှာပါတဲ့ Curcumin က ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ဦးနှောက်ဆဲလ်တွေကို သွေးနဲ့ အောက်ဆီဂျင် ပြည့်ဝစေတာကြောင့် မှတ်ဉာဏ် ကောင်းမွန်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

    နနွင်းက မှတ်ဉာဏ် ကောင်းစေသလို စိတ်ဓာတ်ကျမှုကို သက်သာစေပြီး ဦးနှောက်ဆဲလ်တွေ ကြီးထွားစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

    ပန်းဂေါ်ဖီစိမ်း

    ပန်းဂေါ်ဖီစိမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေသလို ဗီတာမင် K လည်းပါဝင်နေပါတယ်။ ဒီ အာဟာရဓာတ်တွေက ဦးနှောက်ဆဲလ်တွေကို အကောင်းဆုံး အာဟာရ ပြည့်စေပြီး မှတ်ဉာဏ် ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

    ဖရုံစေ့မှာ ခန္ဓာကိုယ် နဲ့ ဦးနှောက်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးမယ့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒါတွေအပြင် ဖရုံစေ့မှာ ဦးနှောက် နဲ့ မှတ်ဉာဏ် ကောင်းမွန်စေမယ့် ဇင့်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး၊ သံဓာတ်တွေလည်း ပါဝင်နေပါတယ်။

    ဒါတွေအပြင် အနက်ရောင် ချောကလက်၊ အခွံမာသီးတွေ၊ လိမ္မော်သီး နဲ့ ဥအမျိုးမျိုးကလည်း ဦးနှောက်နဲ့ မှတ်ဉာဏ် ကောင်းမွန်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement