မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ကွဲပြားခြားနားမှုတွေက တစ်မူထူးခြားမှုကို ဖြစ်စေပါတယ်။ ဒါပေမယ့် အချို့ ကလေးတွေအတွက်ကတော့ အများနဲ့မတူတာက အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ရှိနေတာကြောင့်ပါ။ ဒီလိုမျိုး အပြုအမူ နဲ့ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေက တစ်ယောက်နဲ့ တစ်ယောက်မှာ မတူကွဲပြားတဲ့ ပုံစံတွေနဲ့ သက်ရောက်မှု ရှိနေပါတယ်။
ကလေးတွေမှာ အသေးစား အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ရှိနေတာမျိုး ရှိနိုင်သလို ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်ဖို့ ခက်ခဲတာမျိုးလည်း ရှိနိုင်ပါတယ်။
ကလေးတစ်ယောက်မှာ အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာရှိနေတာက တစ်သက်တာ ရှင်သန်မှုကို ထိခိုက်သွားစေတာမျိုး မဟုတ်ပါဘူး။ ကလေးမှာ အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ရှိနေပေမယ့်လည်း ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းလို့ ရပါတယ်။
ဒီတော့ ကလေး အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ အကြောင်း နည်းနည်းလောက် လေ့လာကြည့်လိုက်ရအောင်နော်။
အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ ဆိုတာက တစ်ခါတစ်လေမှာ ကလေးဘဝမှာ ခံစားရတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို ဆိုလိုတာပါ။ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ ဦးနှောက်ကို အခြေပြုထားတဲ့ ဖွံ့ဖြိုးမှု အခြေအနေတွေကိုဖြစ်စေ ထိခိုက်တာကြောင့် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု နဲ့ ဘဝရှင်သန်ရေးအတွက် လိုအပ်တဲ့ အရည်အသွေးတွေကို ထိခိုက်နေတဲ့ အခြေအနေမျိုးကို ဆိုလိုတာပါ။
ဒီလိုမျိုး အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ ထဲမှာ
အချို့သော ကလေးဘဝမှာ ခံစားရတဲ့ အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ က မွေးတဲ့အချိန်ကစလို့ ဘဝတလျှောက်လုံး ဆက်ရှိနေတာမျိုး ရှိနိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်တာ၊ စိတ်ဒဏ်ရာရတာ၊ အခြားသော ကလေးဘဝဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရတာမျိုး ရှိနိုင်ပါတယ်။
ကလေး အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ က လူမျိုးမရွေး၊ ကျား/မ မရွေး၊ နိုင်ငံတိုင်းလိုလိုမှာ ဖြစ်နိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ အသက် ၃ နှစ် ကနေ ၁၇ နှစ်ကြား ကလေးတွေရဲ့ ၁၇ % လောက်က အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကို ခံစားနေရတာပါ။ ကလေးတွေမှာ အတွေ့ရများတဲ့ အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေက
ဒီပြဿနာက သင်ယူမှုဆိုင်ရာမှာ ထိခိုက်မှုတွေ ရှိပါတယ်။ အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးမှု ထိခိုက်တာပါ။ ကလေးရဲ့ သင်ယူနိုင်စွမ်းအပေါ်မှာ အမြဲ သက်ရောက်နေမယ်ရယ်တော့ မဟုတ်ပါဘူး။ သင်ယူနိုင်စွမ်းကို မဟုတ်ဘဲ အပြုအမူ၊ လူမှုဆက်ဆံရေး၊ အာရုံခံမှုစွမ်းရည်နဲ့ လူမှုဆက်ဆံရေးတွေအပေါ်မှာလည်း သိသိသာသာ သက်ရောက်မှု ရှိပါတယ်။
သင်ယူမှုပိုင်းဆိုင်ရာ အခက်အခဲရှိတဲ့ ကလေးတွေမှာ တွေ့ရတဲ့ အဓိက အမျိုးအစား (၃) မျိုးရှိပါတယ်။ ကလေးရဲ့ ဉာဏ်ရည်အနေအထား ဘယ်လိုပဲဖြစ်ဖြစ် သင်ယူမှုပိုင်းဆိုင်ရာ ထိခိုက်မှုကို တွေ့ကြုံရနိုင်ပါတယ်။ သင်ယူမှုပိုင်းဆိုင်ရာ အခက်အခဲရှိတာက ဉာဏ်ရည်ထက်မြက်မှုအပေါ်မှာ သက်ရောက်နေတာ မဟုတ်ဘဲ သင်ယူနိုင်စွမ်းအပေါ်မှာ ထိခိုက်မှု ရှိနေတာပါ။ ကလေးက စာတွေကို ကောင်းကောင်း မမှတ်နိုင်တာမျိုးပါ။ ကလေးက သင်ယူမှတ်မိနိုင်စွမ်း အားနည်းတာမျိုးပါ။
ဒီပြဿနာကို ရင်ဆိုင်နေရတဲ့ အခက်အခဲတွေက သင်္ချာတွက်ချက်မှု အားနည်းတာ၊ စာဖတ်တဲ့အခါ စာတွေကို ပြောင်းပြန်မြင်နေရတာမျိုးတွေဖြစ်နိုင်သလို ဘယ်ကနေညာကို ဖတ်ရမှာကို ညာကနေ ဘယ်ဘက်ကို မှားယွင်း မြင်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စာရေးသားဖို့ ခက်ခဲတာမျိုးလည်း ကြုံရနိုင်ပါတယ်။
ADHD ဆိုတာက အော်တစ်ဇင် အခြေအနေတစ်ရပ်ပါ။ ADHD ကို အချို့သော အခြေအနေတွေမှာ သင်ယူမှုစွမ်းရည် ထိခိုက်တာမျိုး ခံစားရနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ ကလေးက တက်ကြွလွန်ပြီး တစ်ခုခုကို အာရုံစိုက်ဖို့ ခက်တာမျိုး တွေ့ရနိုင်ပါတယ်။ ကလေးက သင်ယူမှုပတ်ဝန်းကျင်မှာ ထိခိုက်မှု ရှိနိုင်ပေမယ့် သင်ယူနိုင်စွမ်းကိုတော့ ထိခိုက်စေတာမျိုး မရှိပါဘူး။
အရက်ကြောင့် သန္ဓေသား ထိခိုက်မှု ဖြစ်တာက ကလေးကို ကိုယ်ဝန်ဆောင်ထားချိန်မှာ မိခင်က အယ်လ်ကိုဟောပါတဲ့ သောက်သုံးစရာတွေကို သောက်သုံးတာကြောင့်ပါ။ ဒီအရက်ကြောင့် သန္ဓေသား ထိခိုက်မှု ဖြစ်တဲ့အခါ ကလေးမှာ
ကလေးက ပေါင်းသင်းဆက်ဆံရေး စိန်ခေါ်မှုတွေကို ကြုံတွေ့ရတာကြောင့် ဘာသာစကားစွမ်းရည် ဖွံ့ဖြိုးမှု အားနည်းတာကို ခံစားရနိုင်ပါတယ်။ ဘာသာစကားဆိုင်ရာ ဖွံ့ဖြိုးမှု အားနည်းတဲ့ ကလေးတွေမှာ
ဉာဏ်ရည်ပိုင်းဆိုင်ရာ ပြဿနာများ
ဉာဏ်ရည်ပိုင်းဆိုင်ရာ ပြဿနာတွေက သင်ယူမှုပိုင်းမှာ အခက်အခဲရှိတာနဲ့ မတူပါဘူး။ ဒါက IQပါ။ ကလေးက သင်ယူတာာအပြင် ကျိုးကြောင်းဆက်စပ်တွေးခေါ်တာတွေနဲ့ သင်ထားတာတွေကို ပြန်အသုံးချတဲ့နေရာမှာ အခက်အခဲရှိနေတာပါ။
လူတစ်ယောက်မှာ ရှိသင့်တဲ့ IQ အမှတ်ရှိပါတယ်။ ရှိသင့်တာထက် နည်းနေတဲ့အခါ နေ့စဉ်ဘဝမှာ ရပ်တည်ဖို့ ခဲယဉ်းမှာပါ။ ဒီလိုမျိုးကို primary trait of intellectual disorders လို့ ခေါ်ပါတယ်။
ဒီပြဿနာရှိတဲ့ ကလေးတွေက တခြားဖွံ့ဖြိုးမှု ပြဿနာ (ဥပမာ အရက်ကြောင့် သန္ဓေသားထိခိုက်မှုဖြစ်တာ)နဲ့ ဆက်စပ်နေနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအနေနဲ့ ကလေးက ဘီးတပ်ကုလားထိုင်မှာ ထိုင်ရတာ၊ သန်စွမ်းမှု အားနည်းတာမျိုး ခံစားရနိုင်ပါတယ်။ ဦးနှောက်ဖွဲ့စည်းပုံက သာမန်ပုံစံနဲ့ ကွဲပြားတာကြောင့် ကလေးက အကြောသေတာ၊ မသန်စွမ်းတာလိုမျိုး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။