ကလေးတို့အတွက်ကာကွယ်ဆေးများ

ဘေဘီလေးတွေကို ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်က ကာကွယ်ဆေး ထိုးနှံတာပါ။ ဘေဘီလေးကို ကာကွယ်ဆေးတွေက ဘယ်လိုမျိုး ကာကွယ်မှုတွေ လုပ်ပေးသလဲဆိုတာနဲ့ အသက်အရွယ်အလိုက် ဘယ်လို ကာကွယ်ဆေးတွေ ထိုးပေးရမလဲဆိုတာကို ဒီကဏ္ဍလေးမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးတို့အတွက်ကာကွယ်ဆေးများ ကို ရှာဖွေမည်။

ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ

ကလေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့အတွက် မိခင်တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ထားရချိန်ကတည်းက အနေအထိုင် အစားအသောက်ကို သေချာလေး ဂရုစိုက်ပေးရပါတယ်။ ဖေဖေတွေကလည်း မေမေတို့ လိုအပ်တာတွေကို တတ်နိုင်တဲ့ဖက်က ကူညီပေးရပါတယ်။ ဒီဆောင်းပါးလေးကတော့ မေမေတွေအတွက်တင်မဟုတ်ဘဲ ဖေဖေတွေပါ သိထားသင့်တဲ့ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ အကြောင်းပါ။ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ ကလေးတစ်ယောက်မွေးဖွားလာချိန်ကနေ အသက် ၅ နှစ်အထိ လအလိုက်ကာကွယ်ဆေးတွေ ထိုးနှံပေးဖို့လိုပါမယ်။ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ ကတော့ ကလေးမွေးစ ပြင်းထန်တီဘီ ကာကွယ်ဆေး အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး ၂ လအရွယ် ပြင်းထန်တီဘီ ကာကွယ်ဆေး (မွေးစမှာ မထိုးရသေးရင် ထိုးနိုင်ပါတယ်။) ၅ မျိုးစပ်ကာကွယ်ဆေး ( ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေးကာကွယ်ဆေး) ပထမအကြိမ် […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

HPVဗိုင်းရပ်စ်က သင့်ရဲ့ကလေးတွေကိုဘယ်လို ထိခိုက်စေနိုင်သလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ

Human Papillomavirus (HPV)ဆိုတာ Human Papillomavirus (HPV)ဆိုတာက လိင်ဆက်ဆံမှုကနေတဆင့် အများဆုံးကူးစက်တဲ့ ရောဂါတစ်မျိုးပါ။ HPVဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် လိင်အင်္ဂါတဝိုက်မှ ကြွက်နို့တွေ ဖြစ်လာနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ၊ လိင်တံကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ လျှာကင်ဆာလိုမျိုး ရောဂါတွေဖြစ်နိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ ကင်ဆာမဖြစ်ရင်တောင်မှ လူမှု့ဘဝနေထိုင်မှုကို ထိခိုက်စေနိုင်တဲ့ လိင်အင်္ဂါတဝိုက် ကြွက်နို့တွေဖြစ်တာကို ဖြစ်စေနိုင်ပါတယ်။ HPVဗိုင်းရပ်စ်က လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်ပြီး တော်တော်များများက ဒီဝေဒနာကို အရွယ်ရောက်ပြီးသူတွေလောက်ပဲ စိုးရိမ်ဖို့လိုအပ်တယ်လို့ ယူဆနေကြပါတယ်။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာ သင်အနေနဲ့ ကလေးကို ငယ်ငယ်ကတည်းကHPV အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ဘာကြောင့် ကြိုတင်ပြင်ဆင်ထားသင့်တာလဲဆိုတဲ့ အကြောင်းအရင်းတွေကို အောက်မှာ သေသေချာချာရှင်းပြပေးထားပါတယ်။ HPVဗိုင်းရပ်စ် နဲ့ကင်ဆာရောဂါများ- Human Papillomavirus (HPV)ဆိုတာ ကမ္ဘာတလွှားမှာ အရမ်းအဖြစ်များနေတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ HPVဗိုင်းရပ်စ်က အမျိုးအစား၁၀၀ကျော်ရှိနေပြီး […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းက ဘာတွေဖြစ်နိုင်သလဲ။

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းက ဘာတွေဖြစ်နိုင်သလဲ လက်ရှိမှာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးမှုတွေလုပ်နေကြတာ အကုန်လုံးအသိဖြစ်မှာပါ။ ဒါပေမယ့် ကာကွယ်ဆေးထိုးမှုနဲ့ပတ်သက်လို့ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်၊ ပြဿနာတွေရှိနေတယ်ဆိုပြီး ပြောဆိုမှုတွေ ရေးသားမှုတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒီအတွက် မိဘတွေရင်ထဲမှာ သို့လောသို့လော သံသယတွေနဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်လာရပါတယ်။ ဒီလိုစိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်းနဲ့ ကာကွယ်ဆေးအကြောင်းကို ပြီးပြည့်စုံအောင် Helloဆရာဝန်က တင်ဆက်ပေးလိုက်ပါတယ်။ ပထမဆုံးသိသင့်တာက ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာဘာလဲဆိုတဲ့မေးခွန်းပါ။ ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ ကြောက်စရာကောင်းတဲ့ ပြင်းထန်ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါလိုပဲ ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါအတွက် ကုသဆေးမရှိဘဲ သေဆုံးမှုနှုန်း ၃၀ ရာခိုင်နှုန်းနဲ့ မသန်မစွမ်းဖြစ်နိုင်မှုနှုန်း ၅၀ ရာခိုင်နှုန်းရှိပါတယ်။ ၁၈၇၁ ခုနှစ်က ဂျပန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တာကြောင့် ဂျပန်ဦးနှောက်ရောင်လို့ ခေါ်ခဲ့ကြပါတယ်။   ကူးစက်မှုအခြေအနေ WHO ရဲ့ ထုတ်ပြန်ချက်အရ အခုဆိုရင် အရှေ့တောင်အာရှ နှင့် အနောက်ပစိဖိတ်အတွင်းရှိ နိုင်ငံ ၂၄ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးများအတွက် ပိုလီယိုရောဂါ ကာကွယ်ဆေး

ပိုလီယိုအကြောပျော့ရောဂါက ကုရာနတ္ထိဆေးမရှိတာကြောင့် ကာကွယ်ဆေးထိုးထားတာက အကောင်းဆုံးနည်းလမ်းပါပဲ။ ပိုလီယိုရောဂါ ကာကွယ်ဆေး မှာ အစက်ချဆေး (သောက်ဆေး)နဲ့ ထိုးဆေးဆိုပြီး ၂မျိုးရှိပြီး မြန်မာနိုင်ငံရဲ့ ကာကွယ်ဆေးထိုးအချိန်ဇယားမှာတော့ ၂မျိုးလုံးကို ထည့်သွင်းထားပါတယ်။ ပိုလီယိုရောဂါဆိုတာ ပိုလီယိုရောဂါက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဖြစ်ပြီး ၅နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ ဝမ်းနဲ့ နှာချေချောင်းဆိုးလို့ ထွက်တဲ့ အမှုန်အမွှားတွေမှာ ပါတတ်ပါတယ်။ ဥပမာ လူတစ်ယောက်က နှာချေပြီး၊ အိမ်သာဝင်ပြီး လက်မဆေးဘူးဆိုရင် ဗိုင်းရပ်စ်က ပြန့်နှံ့နိုင်ပါတယ်။  ဒါ့ပြင် ဝမ်းထဲမှာ ဗိုင်းရပ်စ်ပါပြီး ဒီဝမ်းပါတဲ့ရေကို သောက်ရေအဖြစ် အသုံးပြုမယ်ဆိုရင်လည်း ကူးတတ်ပါတယ်။ အရင်တုန်းက နယ်တွေမှာ အိမ်သာမရှိတဲ့အတွက် မြစ်၊ချောင်းတွေထဲကို စွန့်ပစ်ကြပြီး မြစ်၊ ချောင်းက ရေတွေကိုပဲ သောက်ရေအဖြစ် အသုံးပြုကြတဲ့အခါ ကူးစက်တတ်ပါတယ်။ ပိုလီယိုဗိုင်းရပ်စ်က ကူးစက်တဲ့အခါ များသောအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ အနည်းစုကတော့ တုပ်ကွေးဆန်ဆန် လက္ခဏာတွေ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးများအတွက် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး

ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး ကို MMRလို့လည်း ခေါ်ကြပြီး အသက် တစ်နှစ်က ခြောက်နှစ်အတွင်း ကလေးတွေ အဆိုပါ ရောဂါတွေကို ကာကွယ်ဖို့ ထိုးနှံပေးနိုင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းအားဖြင့် ဗိုင်းရပ်စ်ပိုးပမာဏအနည်းငယ် ဒါမှမဟုတ် ဗိုင်းရပ်စ်ပရိုတင်း ပမာဏအနည်းငယ်ကို ခန္ဓာကိုယ်နဲ့ ထိတွေ့စေတာဖြစ်တဲ့အတွက် အဆိုပါရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ ခုခံအားစနစ်ကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဝက်သက်၊ ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး ကို ဘယ်လိုထိုးပေးသင့်သလဲ အရေပြားအောက်ထိုးဆေးအဖြစ် ထိုးနှံပေးရမှာဖြစ်ပြီး ဆေးခန်း သို့မဟုတ် ဆေးရုံမှာ ထိုးရမှာ ဖြစ်ပါတယ်။ ကလေးအသက် ၁၂လကနေ ၁၅လအတွင်းမှာ ပထမအကြိမ် ထိုးရမှာဖြစ်ပြီး ဒုတိယအကြိမ်ကို အသက် ၄နှစ်နဲ့ ၆နှစ်ကြားမှာ ထပ်ထိုးရမှာ ဖြစ်ပါတယ်။ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး မထိုးခင် ဘာတွေသိသင့်သလဲ ကာကွယ်ဆေးအကြိမ်ရေမပြည့်ဖူးဆိုရင် အာနိသင်ထိရောက်မှုရှိမှာ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့

သင့်ကလေး အသက်တစ်နှစ်လောက်ရှိတဲ့ အချိန်မှာပဲ ကာကွယ်ဆေး အနည်းဆုံး ၁၆မျိုးလောက် ထိုးရမှာပါ။ ဆေးတခါတခါထိုးရင် အကြာကြီးမနာဖူးဆိုပေမယ့် ကိုယ့်ကလေးကြောက်လို့ ငိုနေတာကိုတော့ ဘယ်သူမှ အေးအေးဆေးဆေး ကြည့်မနေချင်ပါဘူး။ ဒီတစ်ခေါက်တော့ ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့ ထောက်ကူပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့ သင့်ကလေးကို ဆေးထိုးတဲ့အခါ အတတ်နိုင်ဆုံး သက်သောင့်သက်သာ ရှိစေဖို့အတွက် အသုံးပြုသင့်တဲ့ နည်းစနစ်လေးတွေကို အောက်မှာဖော်ပြထားပါတယ်။ အာရုံလွှဲပါ။ ပါးစပ်က အသံပေါင်းစုံ လုပ်ပြတာ၊ ကလေးကို ချီပြီး ဟိုသည်လွှဲတာ၊ အနှီးနဲ့ ထုပ်ထားတာ ဒါမှမဟုတ် နို့စို့ခိုင်းတာတွေဟာ ဂျီတိုက်နေတဲ့ ကလေးကို အာရုံပြောင်းနိုင်ပါတယ်။ အင်မတန် အသုံးကျပြီး ကာကွယ်ဆေး ထိုးရာမှာလည်း အာရုံလွှဲဖို့အတွက် ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ ကလေးကို ကိုယ်နဲ့ မျက်နှာချင်း ဆိုင်ထားပြီး ချီထားပါ။ ကလေးဆရာဝန် ဒါမှမဟုတ် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း