ကလေးတွေဟာ ပုရွက်ဆိတ်၊ခြင်၊ကြမ်းပိုး၊နကျယ်၊ ပျား၊ကင်း၊နဲ့ ပင့်ကူတို့လို အင်းဆက်အမျိုးမျိုးအကိုက်ခံရတတ်ပါတယ်။ ပျားတုပ်တာ၊ပိုးမွှားကိုက်တာတွေက ခံရခက်ပြီး နာကျင်ရပေမယ့် အန္တရာယ်ဖြစ်ခဲပါတယ်။ နာကျင်မှုကနောက်တစ်နေ့မှာလျော့ပါးသွားတတ်ပြီး လုံးဝပျောက်သွားတာလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကလေးကို ပါးစပ်၊ သို့မဟုတ် လည်ပင်းကို ပျားတုပ်ခံရရင် ဒါမှမဟုတ် အကိုက်ခံရလို့ပြင်းထန်တဲ့ဓါတ်မတည့်မှုဖြစ်လာရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။
ကလေးတွေဟာ အင်းဆက်၊ပိုးမွှားတွေရဲ့၊ အထူးသဖြင့်ခြင်တွေရဲ့ ပစ်မှတ်ထားခံရတာများပါတယ်။ အကောင်ကိုက်မခံရအောင် ဘယ်လိုကာကွယ်မလဲ၊ကလေးကိုအမြဲသတိထားစောင့်ကြည့်နေမှာလား။ ဒါတောင်မှခြင်ဆိုတာ အနားမှာအမြဲရှိနေတတ်ပါတယ်။ အကောင်ကိုက်ခံရရင်ဘယ်လိုလုပ်ရမလဲ၊ ဘာတွေသတိထားသင့်သလဲဆိုတာသေချာသိထားရင်တော့ အတတ်နိုင်ဆုံးကြိုတင်ကာကွယ်နိုင်မှာပါ။
ခြင်ကိုက်ခံရရင်
ခြင်ကိုက်ခံရတဲ့အခါခြင်ဖုတွေက နီရဲပြီးယားလာပါတယ်။ခြင်တွေက ငှက်ဖျား၊သွေးလွန်တုပ်ကွေး၊ဦးနှောက်ရောင်ရောဂါ၊yellow feverရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ (meningitis )၊တို့လိုပြင်းထန်တဲ့ရောဂါတွေလည်းဖြစ်စေနိုင်ပါတယ်။
သန်းကိုက်ခံရရင်
ကြောင်သန်း၊ခွေးသန်းတွေကိုက်ခံရရင် ယားယံတဲ့အဖုလေးတွေ။ တခါတရံနာကျင်တဲ့အဖုတွေဖြစ်လာစေပါတယ်။ ဒီအဖုတွေက စုပြီးအပိန့်လိုထွက်လေ့ရှိပြီး နာရီအနည်းငယ်ကနေ တစ်ရက်လောက်အထိ မပျောက်ဘဲရှိနိုင်ပါတယ်။
ကြမ်းပိုးကိုက်ခံရရင်
ကြမ်းပိုးကိုက်ခံရတဲ့လက္ခဏာကခြင်ကိုက်ခံရတဲ့ဝေဒနာနဲ့ဆင်တူပါတယ်။ ကလေးမှာ နီရဲပြီးဖောင်းလာတဲ့ ယားယံတဲ့အဖုလေးတွေဖြစ်လာတတ်ပြီး အများစုက ဖုတွေကစီတန်းဖြစ်ပေါ်နေ ဒါမှမဟုတ် အစုလိုက်ဖြစ်ပေါ်လေ့ရှိတတ်ပါတယ်။
ပျားတုပ်ခံရရင်
ပျား၊ နကျယ်ကောင်နဲ့ အဆိပ်ပြင်းတဲ့fire ants ပုရွက်ဆိတ်တွေကိုက်ခံရရင် အကိုက်ခံရတဲ့နေရာမှာ နာကျင်၊ရောင်ရမ်းပြီး နီရဲလာပါတယ်။ ဒီလက္ခဏာတွေက နာရီအနည်းငယ်ကနေ တစ်ရက်အထိပဲကြာနိုင်ပါတယ်။ အဆိပ်ဆူးက အနာမှာရှိနေတုန်းပဲဆိုရင်တော့ လက်သည်းနဲ့ သို့မဟုတ် ဇာဂနာနဲ့အသာလေးဆွဲထုတ်ပါ။
ပျားတုပ်ခံရတဲ့နေရာများရင် ကလေးကဓါတ်မတည့်မှုမဖြစ်တတ်ရင်တောင်မှ အန္တရာယ်ရှိနိုင်ပါတယ်။ ဒဏ်ရာတွေဆီက ပျားဆိပ်ကြောင့် အော့အန်ခြင်း၊ဝမ်းလျှောခြင်း၊ခေါင်းကိုက်ခြင်း၊အဖျားတက်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ကလေးကိုပျားတုပ်ခံရတာများတယ်ဆိုရင် ဆရာဝန် ချက်ချင်းပြပါ။
ပျားတုပ်ခံရတာတစ်ချက်ပဲဖြစ်ပြီးပြင်းထန်တဲ့လက္ခဏာမတွေ့ရရင်တောင်မှ ကလေးကို မျက်ခြေမပြတ်စောင့်ကြည့်ပါ။နောက်နှစ်ရက်ကြာတဲ့အထိ အနာက ဆက်ရောင်ရမ်းနေသေးတယ်ဆိုရင် ဒါမှမဟုတ် ပျားတုပ်ခံရတဲ့နေရာတွေကနေ တခြားအစိတ်အပိုင်းတွေအထိ ဆက်လက်ရောင်ရမ်းလာတယ်ဆိုရင် ဆရာဝန်ပြပါ။
မွှားကိုက်ခံရရင်
မွှားက အရေပြားပေါ်မှာရှိမနေတော့ဘူးဆိုရင် မွှားကိုက်ခံရတာမှန်းသိဖို့ခဲယဉ်းပါတယ်။ မွှားကိုက်ခံရတဲ့လက္ခဏာကတော့ အနီစက်၊အနီကွက်တွေဖြစ်လာတတ်ပါတယ်။
ပင့်ကူကိုက်ခံရရင်
ပင့်ကူကိုက်ခံရတဲ့အခါ လူ့အရေပြားကိုမပေါက်တာများပါတယ်။ ဒါ့ကြောင့် သိပ်မပြင်းထန်တဲ့လက္ခဏာတွေပဲဖြစ်တတ်ပါတယ်။ ဒါပေမယ့်black widow နဲ့ brown recluse အမျိုးအစား ပင့်ကူတွေကတော့ အဆိပ်ပြင်းတာကြောင့် လက္ခဏာပြင်းထန်ပြီး ချက်ချင်းဂရုစိုက် ကုသမှုခံယူဖို့လိုအပ်ပါတယ်။
ကလေးမှာ အကောင်ကိုက်ခံရတဲ့လက္ခဏာတွေဘယ်လိုသိနိုင်မလဲ
အင်းဆက်အကိုက်ခံရတဲ့ လက္ခဏာတွေဟာ သင့်ကလေးက အဲဒီအင်းဆက်နဲ့ဘယ်လောက်အတိုင်းအတာအထိဓါတ်မတည့်မှုရှိသလဲ ဆိုတဲ့အပေါ်မူတည်ပြီး ကွဲပြားမှုရှိပါတယ်။
ဘယ်လိုကုသစောင့်ရှောက်ပေးနိုင်မလဲ
ကလေးက
ကြိုတင်ကာကွယ်ဖို့ ဘာတွေလုပ်နိုင်သလဲ
ကလေးတစ်ယောက်ကို ဘာကောင်မှမကိုက်အောင် လုံးဝတားဆီးဖို့တော့မဖြစ်နိုင်သလောက်ရှိပါတယ်။ ဒါပေမယ့် သင့်ကလေး ပျားတုပ်ခံရ၊ အကောင်ကိုက်ခံရနိုင်ခြေလျော့နည်းအောင်တော့အောက်ပါအချက်တွေကို လိုက်နာလုပ်ဆောင်နိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။