ကလေးအရေပြားပြဿနာများ

အရေပြားပြဿနာတွေက လူကြီးတွေမှာတင် မဟုတ်ဘဲ ကလေးတွေမှာလည်း ခံစားရနိုင်ပါတယ်။ သားသားမီးမီးတို့ ခံစားရနိုင်တဲ့ အရေပြားပြဿနာတွေနဲ့ ဖြေရှင်းနည်းတွေကို ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးအရေပြားပြဿနာများ

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေးအတွက် အစစအရာရာ စိတ်ပူတတ်ကြတာ သဘာဝပါပဲ။ သေးသေးမွှားမွှားလေးဆိုရင်တောင် ကိုယ့်ကလေးများ တစ်ခုခု ဖြစ်သွားမလားဆိုပြီး စိုးရိမ်မကင်း ဖြစ်ရတာ ကလေး မမွေးခင်ကနေ ကြီးသွားတဲ့အထိတိုင်အောင်ပါပဲ။ ခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာဆိုရင် ကလေးတွေ မကြာခဏ အဖြစ်များတာကတော့ အသားအရေခြောက်သွေ့တာပါပဲ။ ကျန်းမာရေးအရ ပြဿနာ ကြီးကြီးမားမား မရှိဘူးဆိုပေမယ့် သားသမီးအရေးဆို သေးသေးလေးကအစ စိုးရိမ်စရာဖြစ်နေတဲ့ မိဘတွေအတွက်တော့ ရင်အေးစရာ ကိစ္စတော့ မဟုတ်ဘူးပေါ့။ ဒီဆောင်းပါးလေးမှာတော့ ကလေးတွေမှာ အဖြစ်များတဲ့ အသားအရေခြောက်တာကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဆင်ပြေလွေယ်ကူတဲ့ နည်းလမ်း ၅ချက်ကို ပြောပြပေးမှာ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ဒီနည်းလမ်းတွေကို သေချာလိုက်နာပေးမယ်ဆိုရင် ကိုယ့်ရဲ့ ကလေး ကျန်းကျန်းမာမာနဲ့ နွေရာသီရဲ့ အပူဒဏ်ကို အကောင်းဆုံး ကျော်ဖြတ်သွားနိုင်မှာပါ။ ၁။ ရေဓာတ် […]

ကလေးအရေပြားပြဿနာများ ကို ရှာဖွေမည်။

ကလေးအရေပြားပြဿနာများ

နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ

ရာသီဥတုက ပူလာပြီဆိုတော့ လူကြီးတွေတောင် အပူဒဏ်ကို အံတုဖို့ အမျိုးမျိုးကြိုးစားရတာ ကလေးလေးတွေဆို ပိုဆိုးပြီပေါ့။ Hello ဆရာဝန်မှာ ခုတလောအမေးများလာတာက ဘေဘီလေးတွေ မိတ်ထွက်တာ ဘယ်လိုလုပ်ပေးရမလဲဆိုတာပါပဲ။နွေမှာ မိတ်ထွက်တာ သဘာဝပဲဆိုပေမယ့် နုနယ်တဲ့ကလေးလေးမှာတော့ မေမေတို့စိုးရိမ်ကြမှာ သေချာတာပေါ့။ ဒါပေမယ့် မပူပါနဲ့။ ကလေးအရေပြားမှာ အဖုလေးတွေ အစုလိုက်ထွက်လာတာ အသည်းယားစရာ၊ မထိရက်စရာဖြစ်နေပေမယ့် ကလေးတွေမှာ အဖြစ်များတဲ့ နွေရာသီ အရေပြားပြဿနာတစ်ခုပါပဲ။ တစ်ခါတလေ အရည်ကြည်ဖုသေးသေးလေးတွေ၊ အနီဖုလေးတွေတောင် ထွက်တတ်ပါတယ်။ နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ မိတ်ဖုထွက်ခြင်းက အသက်အရွယ်မရွေးမှာဖြစ်တတ်တဲ့ အရာဖြစ်ပြီး ခန္ဓာကိုယ်မှာ အပူဒဏ်ခံနေရတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်းကြား၊ တံတောင်ဆစ်ကြားတို့လို ကလေးရဲ့ အရေပြားအတွန့်အခေါက်လေးတွေကြားမှာရော၊ ရင်ဘတ်၊ ဗိုက်၊ တင်ပါး တို့အပြင် ဦးရေပြားမှာပါ မိတ်ပေါက်တတ်ပါတယ်။ ဒီတော့ ဘေဘီလေးတွေ နွေပူပူမှာ […]


ကလေးအရေပြားပြဿနာများ

ကလေးမှာဖြစ်နေတဲ့ အရေပြားပြဿနာတွေပိုဆိုးမသွားအောင် ဘာအစားအစာတွေရှောင်ရမလဲ ။ ။

ကိုယ်ခန္ဓါမှာ ဓါတ်မတည့်တာတစ်ခုခုဖြစ်တာနဲ့ အထင်ရှားဆုံးနဲ့ အရင်ဆုံး သိနိုင်တာက အရေပြားပဲဖြစ်ပါတယ်။ အရင်တည်းက အရေပြားပြဿနာရှိတဲ့ ကလေးတွေ အစားအသောက်တစ်ခုခုမှားလိုက်တာနဲ့တင် ဖြစ်နေတဲ့ အရေပြားပြဿနာတွေ ပိုဆိုးသွားတတ်တာကြောင့် အစားအသောက်တွေကို သေချာပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ကလေးတွေမှာ ဓါတ်မတည့်တာကိုဖြစ်စေတဲ့ အစားအသောက်တွေကဘာတွေလဲဆိုတာ မေမေတို့သိဖို့ အရေးကြီးပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲ ။ ။ ညှင်းခူ ( eczema) အသားနဲ့ ထိတွေ့တဲ့ ပစ္စည်းတွေနဲ့ ဓါတ်မတည့်တဲ့ပြဿနာ ( Allergic contact dermatitis ) အင်ပြင်ထွက်ခြင်း ( Hives) ဖုန်၊ဝတ်မှုန်၊ တိရိစ္ဆာန်အမွှေးတွေနဲ့ တစ်ချို့ အစားအစာတွေကြောင့် ဓါတ်မတည့်မှုတွေဖြစ်ပြီး အရေပြားမှာ အနီကွက်ထတာမျိုး တွေဖြစ်တတ်ပါတယ်။ ကလေးတွေမှာ ဓါတ်မတည့်တာဖြစ်ရင် ဘာလက္ခဏာတွေဖြစ်တတ်လဲ ။ ။ အရေပြားမှာ အနီဖုလေးတွေပေါက်နေမယ် […]


ကလေးကျန်းမာရေး

ကလေးအစာခြေစနစ်အတွက်အရေးပါတဲ့ အာဟာရ

lcFOS ဆိုတာဘာလဲ လူ့ခန္ဓါကိုယ်ရဲ့အစာခြေစနစ် အတွင်းမှာ အဏုဇီဝပိုးမွှားလေးတွေ ထရီလျံနဲ့ချီပြီး ရှိနေပါတယ်။ အဲဒီထဲမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့မှိုပိုးတွေ ပါဝင်ပါတယ်။ ဘက်တီးရီးယားဆိုတာနဲ့ မကောင်းတာမဟုတ်ပါဘူး။ တချို့ဘက်တီးရီးယားတွေက အစာကိုချေဖျက်ပြီး အာဟာရဓါတ်စုပ်ယူဖို့ အထောက်အကူပေးတာကြောင့် ခန္ဓါကိုယ်အတွက်ကောင်းကျိုးပြုပါတယ်။ ဒီလိုအကျိုးပြုဘက်တီးရီးယားတွေကိုProbiotics လို့ခေါ်ပါတယ်။Probioticsတွေက အူလမ်းကြောင်းမှာ လုံလောက်တဲ့အရေအတွက်ရှိနေမှ အစာခြေစနစ်ကောင်းမွန်ပြီး ကျန်းမာစေမှာဖြစ်ပါတယ်။ Probioticsတွေအတွက်က lcFOS လို Prebioticsတွေလိုအပ်ပါတယ်။Prebiotics ဆိုတာ အူထဲမှာချေဖျက်စုပ်ယူလို့မရပေမယ့် အစာခြေလမ်းကြောင်းထဲမှာကျန်ရှိနေပြီး အူတွင်းဘက်တီးရီးယားတွေအတွက် အာဟာရအဖြစ်ထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ သို့မဟုတ် အမျှင်ဓါတ်တွေဖြစ်ပါတယ်။ lcFOS ဆိုတာprebiotic တစ်မျိုးဖြစ်တဲ့long chain fructo-oligosaccharides ရဲ့ အတိုကောက်ဖြစ်ပါတယ်။ မိခင်နို့ နဲ့ နို့မှုန့်တချို့မှာ ပါရှိတဲ့ lcFOS က ကလေးရဲ့အူမကြီးအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတွေမှာ ဝမ်းမှန်စေပြီးမွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။   Prebioticsတွေက အစာချေဖျက်နိုင်စွမ်းနဲ့ […]


ကလေးအရေပြားပြဿနာများ

ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း

ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း ကလေးငယ်များတွင် အပူဖုများ ထွက်ခြင်း ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ အပူဖုဆိုတာ ဘာလဲ။ အပူဖုကို ချွေးဖု၊ မိတ်ဖု၊ miliaria သို့မဟုတ် နွေရာသီတွင် ထွက်သော အဖုဟုလည်း ခေါ်သည်။ အရေပြားပေါ်တွင် ဖြစ်ပေါ်သော သေးငယ်သော အနီစက်များ၊ အဖုများ ဖြစ်သည်။ အပူဖုများသည် ကလေးများ အလွန်ပူသောအခါ ပေါ်လာတတ်သည်။ အပူဖုကို ဘာတွေက ဖြစ်စေသလဲ။ ကလေးများ ချွေးအလွန်ထွက်သောအခါ ချွေးပေါက် ပိတ်ဆို့ပြီး ချွေးများအပြင်သို့ မထွက်နိုင်တော့ပါ။ ထိုအခါ အပူဖုများ ဖြစ်လာသည်။ နို့စို့ကလေးငယ်များနှင့် ငယ်ရွယ်သော ကလေးများသည် အပူဖု ပိုဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ချွေးဂလန်းများသည် မဖွံဖြိုး သေးသောကြောင့် ဖြစ်သည်။ အပူဖုများသည် ပူပြင်းသော […]


ကလေးအရေပြားပြဿနာများ

ကလေးအသားအရေကို ဂရုစိုက်ပေးနိုင်မည့် နည်းလမ်းများ

သင့်ကလေးငယ်၏အသားအရေသည် အလွန်နူးညံ့ ချောမွတ်နေလျှင် မနမ်းပဲနေနိုင်မည်မဟုတ်ပါ။ သို့သော် ထိုအတိုင်းထိန်းထားဖို့ကတော့ ခက်ပါ၏။ တခြားအင်္ဂါများနှင့်မတူ အရေပြား၏ ဖွံဖြိုးရန်လိုသည့်ချိန်သည် မိခင်ဝမ်းထဲ၌ ၉ လလုံးလုံး ဖြစ်သည်။ ကလေးအများစုတွင် အမေဖြစ်သူ၏ ဟော်မုန်းများကြောင့် မွေးကင်းစဝက်ခြံလေးများ ပေါက်တတ်သည်။ ငယ်ရွယ်ပြီးအထိမခံသည့် ကလေးအသားရေကို ထိန်းသိမ်းပေးဖို့ရာ အချိန်နှင့် လူအားတော့ လိုပါလိမ့်မည်။ မွေးကင်းစဝက်ခြံများကို ဘယ်လိုစီမံရမလဲ။ မွေးကင်းစဝက်ခြံများကို ဘာမှလုပ်ပေးရန်မလိုပါ။ သင်အကောင်းဆုံးလုပ်ပေးနိုင်သည်မှာ သန့်သန့်ရှင်းရှင်း ခြောက်ခြောက်သွေ့သွေ့ထားပေးပါ။ ညှစ်ပစ်ချင်စိတ်ကို ထိန်းပါ။ မဟုတ်လျှင် ကလေးကြီးလာသည်အထိ အမာရွတ် ထင်သွားနိုင်ပါသည်။ ဝက်ခြံဖုများက သူ့အလိုလိုပျောက်သွားပါလိမ့်မည်။ သို့သော် ပျောက်မသွားပဲ ယားယံခြင်း မသက်မသာဖြစ်ခြင်းတို့နှင့်အတူ ပိုဆိုးလာပါက ဆရာဝန်ဆီ အကြံဉာဏ်တောင်းပါ။ ညှင်းခူလို တခြားအရေပြားရောဂါလည်းူ ဖြစ်နေနိုင်ပါသည်။ ကလေးများအတွက် ထုတ်ထားသည့်ပစ္စည်းများက တကယ်စိတ်ချရရဲ့လား။ စိတ်ချရသည်တော့မဟုတ်ပါ။ ကလေးများအတွက် အသားအရေနှင့် ဆံသားထိန်းသိမ်းပစ္စည်းများတွင်လည်း ထိခိုက်စေသည့်ပစ္စည်းများ ပါဝင်ပါသည်။ […]


ကလေးအရေပြားပြဿနာများ

ကလေးငယ်များ နေလောင်ခြင်း ကာကွယ်စေရန် မိဘများ အတွက် လမ်းညွှန်ချက် အပိုင်း၂

ကလေးငယ်များသည် နေလောင်ခြင်း နှင့် အပူလျှပ်ခြင်း လျင်မြန်စွာ ဖြစ်နိုင်သည်။ ထို့ကြောင့် ကလေးငယ်များကို နေ အပူတွင် ကာကွယ်ပေးရန် အရေးပါသည်။ နေလောင်ခြင်း သည် နာကျင်ခြင်း၊ အဖျားတက်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း ကို ဖြစ်စေနိုင်သည်။ ကလေးဘဝတွင် နေလောင်ခြင်းသည် melanoma ( သေစေနိုင်သော အရေပြားကင်ဆာ) ဖြစ်နိုင်ခြေ ကို မြင့်စေသည်။ အသက်ကြီးလာပါက အရေပြားတွန့်ခြင်း ပိုဖြစ်နိုင်သည်။ ကလေးငယ်များ နေလောင်ခြင်း ကာကွယ်စေရန် မိဘများ အတွက် လမ်းညွှန်ချက် အပိုင်း၂ ကလေးငယ်များ နေလောင်ခြင်း ကာကွယ်စေရန် မိဘများ အနေနဲ့ နေလောင်ခံလိမ်းဆေး ထူထူလိမ်းပါ။ နေဒဏ်ကာကွယ်မှုပစ္စည်း (SPF) အနည်းဆုံး ၁၅ ပါဝင် သော နေလောင်ခံလိမ်းဆေးကို အသုံးပြုပါ။ တံဆိပ်တွင် broad spectrum ဟူသော စာလုံးကိုရှာပါ။ Broad […]


ကလေးအရေပြားပြဿနာများ

မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ

မွေးကင်းစကလေးလေးတွေဟာ စစချင်း မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ အပြင်ကို ထွက်လာတဲ့တာကြောင့် သူတို့ရဲ့ အရေပြားလေးတွေဟာ အပြင်ဘက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေဆဲ ဖြစ်တဲ့အတွက် အရေပြား ပြဿနာတွေ အများကြီးဖြစ်နိုင်ပါတယ်။ မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ ကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။ မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ ကတော့ 1. Milia ဒီ milia တွေကတော့ အရေပြားရှိ ဂလင်းတွေကထုတ်တဲ့ အရည်တွေကြောင့်ဖြစ်တတ်ပါတယ်။ milia လို့ခေါ်တဲ့ ကလေးလေးရဲ့ မျက်နှာပေါ်မှာ ဖြစ်လာတဲ့ သေးငယ်တဲ့ အဖြူရောင် (သို့) အဝါရောင် အလုံးလေးတွေဟာ တကယ်တော့ keratin နဲ့ အဆီ တွေပြည့်နေတဲ့ အရည်အိတ်တွေပဲဖြစ်ပါတယ်။ milia တွေက သွားဖုံးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဒီလို အလုံးလေးတွေဟာ ကုသမှုခံယူစရာမလိုပဲ […]


ကလေးအရေပြားပြဿနာများ

ကလေးငယ်လေးတွေမှာ ကြီးထွားမှုနဲ့အတူ ဖြစ်လာတဲ့အရေပြားပြောင်းလဲမှုတွေအကြောင်း

အရေပြားက လူတိုင်းရဲ့ရှင်သန်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းပါ။မြင်သာအောင်ပြောပြရမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ အပေါ်ယံအရေပြားက ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို ကာကွယ်မှုပေးထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး၊ အရေပြားကပြင်ပက ဓါတ်မတည့်တဲ့အရာတွေကို ထိတွေ့မိတဲ့အခါမျိုးမှာ အချက်ပြပေးတဲ့ အရာတစ်ခုအနေနဲ့ တာဝန်ယူထားသလိုပြင်ပက ရာသီဥတုအခြေအနေတွေကိုလည်း ခံစားအချက်ပြပေးပါသေးတယ်။ ဒီလိုမျိုးအရေးပါတဲ့ အရေပြားက ခန္ဓါကိုယ်ကြီးထွားလာတာနဲ့ အမျှပြောင်းလဲလာပါတယ်။ အသက်အရွယ်အလိုက်အရေပြားပြောင်းလဲလာတဲ့အခါ ကိုက်ညီမယ့်အရေပြားစောင့်ရှောက်မှုကိုလုပ်ဆောင်ဖို့ကလည်းမေ့ထားလို့မရပါဘူး။ လူကြီးတွေက ကိုယ်တိုင်အရေပြားထိန်းသိမ်းစောင့်ရှောက်နိုင်တာကြောင့် အရေးမကြီးပေမယ့်လို့ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်လေးတွေကိုတော့ လူကြီးမိဘတွေကသေချာဂရုစိုက်ပေးဖို့လိုပါမယ်။ အရေပြားကို ဘယ်လိုဖွဲ့စည်းထားတာလဲ အရေပြားကို အလွှာ ၃ ခုနဲ့ဖွဲ့စည်းထားတာပါ။ epidermis အရေပြားရဲ့ အပေါ်ဆုံးအလွှာပါ။ ခန္ဓါကိုယ်ရဲ့ရေဓါတ်မဆုံးရှုံးအောင်ကာကွယ်ပေးသလို skin toneတွေကိုလည်းဖန်တီးပေးပါတယ်။ dermis အရေပြားရဲ့ အပေါ်ဆုံးလွှာ epidermis ရဲ့အောက်ဘက်မှာရှိတဲ့ အလွှာပါ။ ဒီအရေပြားအလွှာမှာ တွယ်ဆက်တစ်ရှုးတွေ၊မွှေးညှင်းအိတ်လေးတွေနဲ့ချွေးဂလင်းတွေပါဝင်ပါတယ်။ hypodermis အရေပြားအတွင်းဆုံးအလွှာပါ။ အရေပြားရဲ့ အနက်ရှိုင်းဆုံး တစ်ရှုးအလွှာတစ်ခုလည်းဖြစ်ပါတယ်။ အဆီတွေ၊ တွယ်ဆက်တစ်ရှုးတွေနဲ့ ဖွဲ့စည်းထားတဲ့ အလွှာတစ်ခုပါ။ အရေပြားကဘယ်လိုတွေပြောင်းလဲလာတာလဲ အရေပြားက […]


ကလေးအရေပြားပြဿနာများ

ညစ်ပေတဲ့အရာတွေနဲ့ ကစားမိရာကနေ ကလေးမှာဖြစ်လာတဲ့ အရေပြားပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ

ကလေးဆိုတာမျိုးကတော့ အမြဲလိုလိုဆော့ကြမှာပါပဲ။ ဒါပေမယ့်ဆော့တဲ့နေရာမှာ မသန့်ရှင်းတဲ့အရာတွေနဲ့ဆော့မိတဲ့အခါ ကလေးရဲ့အရေပြားမှာပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကလေးကိုဆော့တဲ့အခါ ဘာတွေနဲ့တော့ဆော့လို့ရတယ်။ ဘာတွေနဲ့ဆော့လို့မရဘူးလို့တော့ပြောပြဖို့က မလွယ်သလို ကလေးကစားနေတာကို တစ်ချိန်လုံးလိုက်ကြည့်နေဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးငယ်တွေ ညစ်ပေတဲ့အရာတွေနဲ့ဆော့လို့ဖြစ်လာတဲ့ အရေပြားပြဿနာတွေကို ဘယ်လိုပျောက်ကင်းအောင်စောင့်ရှောက်မှုပေးရမလဲဆိုတာကို သိထားဖို့လိုအပ်မယ်ထင်ပါတယ်။ ကလေးတွေမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို ဘယ်လိုကုသစောင့်ရှောက်မှုပေးရမလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။ ညစ်ပေတဲ့အရာတွေနဲ့ဆော့တဲ့အခါ အခုလိုအရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ် နှင်းခူ ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပါ။ မျိုးရိုးရှိတဲ့ကလေးငယ်တွေမှာ ပိုဖြစ်နိုင်ပါတယ်။ ညစ်ပေတဲ့အရာတွေနဲ့ထိတွေ့တာ၊ အသားအရေကိုသေချာမထိန်းသိမ်းတာကြောင့် အသားအရေခြောက်သွေ့တာကနေတဆင့် အရေပြားမှာ နှင်းခူဖြစ်နိုင်ပါတယ်။ နှင်းခူဖြစ်တဲ့အခါ အရေပြားက နီမြန်းယားယံပြီး အရေခွံလန်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ကလေးအရေပြားမှာ နှင်းခူမဖြစ်စေချင်ဘူးဆိုရင်တော့ ကလေးအရေပြားကို အစိုဓါတ်ထိန်းပေးရပါမယ်။ Baby Oil ဒါမှမဟုတ် Baby Lotion တစ်ခုခု လူးပေးရပါမယ်။ ကလေးထိတွေ့မယ့်အရာတွေကို သန့်ရှင်းအောင်ထားပေးရပါမယ်။ ပွေး ပွေးက ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ပြဿနာတစ်ခုပါ။ပွေးက အရေပြားမှာ မှိုပိုးဝင်တာကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့ ပတ်ဝန်းကျင်အနေအထားတွေနဲ့ […]


ကလေးအရေပြားပြဿနာများ

မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ

အရေပြားပြဿနာက အရွယ်သုံးပါးလုံး ရှောင်လွဲလို့ မရတဲ့ ပြဿနာပါ။ ဒါပေမယ့် အချို့ အရေပြားပြဿနာတွေက လူကြီးတွေထက် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အခုတစ်ခေါက်ကတော့ မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြား ပြဿနာလေးတွေအကြောင်း ပြောပြပေးချင်ပါ။ ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ပြတ်ရှဒဏ်ရာ ကုတ်ခြစ်ဒဏ်ရာ အနာစိမ်း ပိုးကောင်ကိုက်တာ နို့ပွေး ဝဲ နှင်းခူ ရေကျောက် အင်ပျဉ် ကြွက်နို့ အသားအရေခြောက်သွေ့ခြင်း အရေပြားပြဿနာတွေကို အဖြေရှာကြမယ် အရေပြားပြဿနာ ဖြစ်တဲ့အခါ ဘာဖြစ်တာလဲ ဆိုတာကိုသေချာသိမှ ကုသမှုလုပ်ဖို့လည်း ပိုမိုလွယ်ကူမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအရေပြားမှာဖြစ်တဲ့လက္ခဏာလေးတွေက ဘယ်အရေပြားပြဿနာလည်းဆိုတာ သေသေချာချာ သိနိုင်ဖို့  ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ က ဘာတွေလဲ ဆိုတာကို ဆက်ကြည့်လိုက်ကြမယ်နော်။ ပွေး ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေကြောင့် ဖြစ်တာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း