backup og meta

ကိုယ့်ကလေးကို COVID-19 ရန်ကနေ ဘယ်လို ကာကွယ်မလဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေးကို COVID-19 ရန်ကနေ ဘယ်လို ကာကွယ်မလဲ။

    COVID-19 ကို ကပ်ရောဂါအဖြစ်  ကြေညာပြီးတဲ့ နောက်မှာ လူတိုင်းက ငါ့ကိုများ ကူးမလားဆိုပြီး စိုးရိမ်နေကြပါပြီ။ လက်ရှိအချိန်ထိ (၁၁.၅.၂၀၂၀) တစ်ကမ္ဘာလုံးမှာ နိုင်ငံပေါင်း ၁၆၀ကျော်ကို ရောဂါက ရောက်ရှိသွားပြီး လူပေါင်း ၁၈၀,၀၀၀ကျော် ကူးစက်ခံရကာ ၇၀၀၀ကျော် သေဆုံးသွားပါပြီ၊။ ကံကောင်းတာက လူပေါင်း ၈၀၀၀၀နီးပါးလောက်က ပြန်ကောင်းလာပါပြီ။ ဆိုလိုတာက တစ်ဝက်နည်းပါးလောက်က ပြန်ကောင်းလာပါတယ်။ သေဆုံးသူအများစုက နဂိုရောဂါအခံရှိတဲ့ သူတွေ၊ အသက်ကြီးတဲ့ သူတွေ များပါတယ်။ ကလေးတွေ မှာတော့ COVID-19 တွေ့ရတာက လူကြီးတွေနဲ့ ယှဉ်ရင်တော်တော်နည်းပါတယ်။

    ၂၉ရက် ဖေဖော်ဝါရီ ဒေတာတွေအရ ၉နှစ်အောက် ကလေးတွေမှာ သေဆုံးသူ မတွေ့သေးပါဘူး။ ၁၀နှစ်နဲ့ ၁၉နှစ်ကြားမျာဆို ၀.၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။

    ဘာလို့ ဒီလိုနည်းရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သေသေချာချာ မပြောနိုင်သေးပါဘူး။ ဖြစ်နိုင်တာကတော့

    • ကလေးတွေနဲ့ ဗိုင်းရပ်စ် အထိအတွေ့နည်းတာ
    • ကူးစက်ခံရမှုနည်းတာ
    • ကူးခံရရင်တောင်မှ လက္ခဏာ သေချာမပြလို့ မသိလိုက်တာ များလားလို့ ယူဆကြပါတယ်။

    ကလေးတွေဟာလည်း နုနယ်သူတွေ ဖြစ်တဲ့အတွက် တကယ်တမ်း ရောဂါဖြစ်လာရင် ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ ကလေးတွေ ကိုယ်ခံအားကောင်းနေဖို့ လိုပါတယ်။ ကိုယ်ခံအားကောင်းအောင်၊ ရောဂါမကူးစက်ခံရအောင် ဘယ်လိုနေကြမလဲဆိုတာ ပြောပြပေးသွားပါမယ်။

    (၁) အာဟာရပြည့်နေပါစေ။

    ကလေးတွေ ကို အာဟာရပြည့်အောင် ကျွေးတာကလည်း ကိုယ်ခံအားကို တက်စေပါတယ်။ ရောဂါကာကွယ်စေတဲ့ အစားအစာတွေကို အဓိကထားပြီး ကျွေးရမှာပါ။ ဒါတွေကတော့

    ဗီတာမင် ဘီအုပ်စုတွေကို အစိမ်းရောင်အရွက်၊ အဝါရောင်အသီးတွေက ရနိုင်ပါတယ်။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် နေ့တိုင်းပါအောင် ကျွေးသင့်ပါတယ်။

    ဗီတာမင် စီက ကိုယ်ခံအားကို တက်စေတဲ့ အပြင် အနာကျက်လည်း မြန်စေပါတယ်။ လိမ္မော်သီး၊ စတော်ဘယ်ရီသီးတို့လို ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကို ကျွေးဖို့ မမေ့ပါနဲ့။

  • အကျိုးပြု ဘက်တီးရီးယားအစာ Prebiotics
  • ဒီအကျိုးပြု ဘက်တီးရီးယားတွေက အစာအိမ်နဲ့ အူလမ်းကြောင်းက ဝင်လာမယ့် ရောဂါပိုးတွေကို တားဆီးပေးပါတယ်။ ကလေးတွေကို ကျွေးလို့ရတဲ့  Probiotics ကြွယ်ဝတဲ့ အစားအစာကတော့ အချိုလျှော့ထားတဲ့ ဒိန်ချဉ်ပဲ ဖြစ်ပါတယ်။

    ကိုယ်ထဲမှာ နဂိုရှိပြီးသား probioticsတွေကို ကောင်းကောင်းပွားစေဖို့အတွက်ဆိုရင် prebiotics လိုပါတယ်။ Prebioticsကို ငှက်ပျောသီး၊ ပန်းသီး၊ ကညွတ်စတဲ့ အစားအစာတွေက ရနိုင်သလို lcFos ဖြည့်စွက်ထားတဲ့ အာဟာရနို့မှုန့်တွေကနေလည်း ရရှိနိုင်ပါတယ်။

    (၂) အိပ်ရေးဝပါစေ

    အိပ်ရေးဝဝအိပ်တာက ခုခံအား တင်ပြီးသား ဖြစ်စေပါတယ်။ ဒါကြောင့် ကလေးတွေမှာ တစ်နေ့ကို အိပ်ချိန် ၉နာရီနဲ့ ၁၀နာရီကြား ရှိပါစေ။

    (၃) လက်ဆေးနည်း သင်ပေးပါ။

    WHOက ထုတ်ပြန်ထားတဲ့ ကာကွယ်နည်းတွေထဲမှာ လက်ဆေးတာက ထိပ်ဆုံးက ပါပါတယ်။ ရေနဲ့ ဆပ်ပြာ သုံးပြီးပဲ ဖြစ်ဖြစ်၊ လက်သန့်ဆေးရည်သုံးပြီးပဲ ဖြစ်ဖြစ် စနစ်တကျ လက်ဆေးတတ်အောင် သင်ပေးပါ။

    (၄) နေမကောင်း ဖြစ်နေတဲ့ သူနား မကပ်ခိုင်းပါနဲ့။

    ကျောင်းမှာပဲ ဖြစ်ဖြစ်၊ အပြင်သွားရင်ပဲ ဖြစ်ဖြစ် နေမကောင်းတဲ့ လူနဲ့ ဝေးဝေးနေခိုင်းပါ။

    (၅)  ကလေး နေမကောင်းရင် ကျောင်းမပို့ပါနဲ့။

    ပြင်းပြင်းထန်ထန် နေမကောင်းမှ မဟုတ်ပါဘူး။ သာမန် နှာစေးချောင်းဆိုးဆိုရင်လည်း ကလေးကို ကျောင်းလွှတ်ဖို့ မသင့်ပါဘူး။

    (၆) ချောင်းဆိုး နှာချေနည်း သင်ပေးပါ။

    ချောင်းဆိုး နှာချေတဲ့အခါ တစ်ရှူးနဲ့ အုပ်ဆိုးသင့်ကြောင်း၊ ပြီးရင် တစ်ခါတည်း တစ်ရှူးကို စနစ်တကျ စွန့်ပစ်သင့်ကြောင်း၊ တစ်ရှူးမရှိတဲ့အခါ တံတောင်ကွေးထဲ ချေသင့်၊ ဆိုးသင့်ကြောင်း သင်ထားပေးပါ။

    (၇) လူစုလူဝေးထဲ ခေါ်မသွားပါနဲ့။

    ဒီလိုအချိန်မှာ ကလေးကို လူစုလူဝေးထဲ ခေါ်မသွားတာ အကောင်းဆုံးပါ။ လက်ရှိမှာ တချို့သော မူကြိုကျာင်းတွေ၊ သင်တန်းကျောင်းတွေ ပိတ်လိုက်ပြီလို့ သိထားပါတယ်။ ကိုယ့်အနေနဲ့လည်း ကလေးကို လူများတဲ့ ကစားကွင်းတွေ၊ ပန်းခြံတွေ၊ ကုန်တိုက်တွေကို ခေါ်မသွားပါနဲ့။

    ကလေးတွေမှာ ရောဂါမဖြစ်အောင် ကာကွယ်ဖို့ ခုခံအားကောင်းနေဖို့ လိုပါတယ်။ ခုခံအားကောင်းနေဖို့ အာဟာရပြည့်အောင် စားတာ၊ ကလေးတွေအတွက် ကိုယ်ခံအားကောင်းမွန်စေရန် ကူညီထောက်ပံ့ပေးသော ဗီတာမင် အေ နှင့် ဗီတာမင် စီ စတာတွေ ပါဝင်တဲ့ အာဟာရနို့မှုန့်တွေ တိုက်ကျွေးတာ၊ အိပ်ရေးဝဝ အိပ်တာ အရေးကြီးပါတယ်။ ဒါ့ပြင် လက်ဆေးတာ၊ လူစုလူဝေးကို ရှောင်တာ စတဲ့နည်းတွေနဲ့လည်း ကာကွယ်ရမှာပါ။ ဒီနည်းလမ်းတွေက ၁ဝဝရာခိုင်နှုန်း မဟုတ်ရင်တောင် ကလေးတွေကို ရောဂါဒဏ်ကနေ အတန်အသင့် ကာကွယ်နိုင်မှာပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement